Thursday 7 March 2013

အင်တာနက်ပေါ် ဘယ်လို Upload တင်မလဲ

အင်တာနက်ပေါ်ကို ဘယ်လို Upload လုပ်ပြီး မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖိုင်တွေ ဝေမျှသုံးစွဲရမလဲ
မိုဘိုင်းဖုန်းဆော့ဝဲတွေကို ကိုယ်တိုင် အင်တာနက်ပေါ်တင်ပြီး သူများကို ဘယ်လိုပေးရမလဲ စတာတွေကို မသိသေးတဲ့ ညီငယ်ညီမငယ်များအတွက် ဒါလေးတင်ပေးလိုက်ပါတယ်ဗျာ။ တစ်ကယ်တော့ မခက်ပါဘူး ခက်တာက အင်တာနက်ပေါ်တင်တာ Upload Speed ကောင်းမှ တင်နိုင်တာလေ ဖိုင်ရှယ်ရာပေးဖို့အတွက်
ဖိုင်တွေ အတင်ခံတဲ့ဆိုက်တွေကတော့ အများကြီးဘဲ ဒါကတော့ လူတိုင်းနီးပါ သိပြီးသားတွေပါ။ ခုဟာက
တော့ Mediafire အကောင့်တစ်ခုလျောက်ပြီး တင်နည်းလေးပါ။ နေမင်းမောင်ရေးထားတာပါ။ ကျုပ်အနေနဲ့
ကတော့ မရေးပေးချင်လို့ မဟုတ်ပါဘူး ။ မခက်ပါဘူး တစ်ခုသိရင် အားလုံးသိသလိုပါဘဲဗျာ။ သူရေးထားတဲ့
စာအုပ်လေးကို နားလည်သဘောပေါက်အောင် ဖတ်မယ်ဆိုရင် ကျန်တာတွေကိုလည်း ဒီနည်းအတိုင်းလိုဘဲ
နည်းတူပါဘဲဗျာ။ box.com ကတော့ 5GB ရပါတယ်။ Mediafire.com ကတော့ 50 GB ရပါတယ် ဒါပေမယ့် သူကတော့ တစ်လဘဲ အာမခံတယ်။ ziddu.com ကလည်း 50 GB ရပါတယ် အကောင့်လျောက်ပြီး တင်ရမှာ
ပေါ့ဗျာ။ နောက်ပြီး solidfiles.com မှာလည်း တင်နိုင်တယ် zippyshare.com မှာလည်း တင်နိုင်တယ် ကျန်တဲ့
ဆိုက်တွေလည်း အများကြီးပါဘဲ အကောင့်လေးလျောက်ပြီး Upload တင် Link လေးကို ကော်ပီကူးပြီး
လင့်ဆိုတာ လိပ်စာဘဲဗျ အဲဒီလိပ်စာလေးကိုပေးတာပါ ကျုပ်တင်ထားတာတွေလည်း ဒီလိုပါဘဲ လင့်လေးကို
ဒီမှာဒေါင်းလော့ချဆိုပြီး တင်ပေးလိုက်တာ ချိတ်ပေးလိုက်တာဘဲ မသိသေးရင်ဖတ်လိုက်။ ခက်ပါဘူး ။လွယ်
ပါတယ်နော်

  DOWNLOAD DROPBOX.COM  
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

အိုစမာဘင်လာဒင်ရဲ့ သမက်ကိုဖမ်းမိပြီ *****

အိုစမာဘင်လာဒင်ရဲ့ သမက်ကိုဖမ်းမိပြီ
**********
Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ 
အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူ Sulaiman Abu Ghaithကို 
ဂျော်ဒန်နိုင်ငံမှာဖမ်းဆီးရမိခဲ့ တယ်လို့  အမေရိကန်ပြည်ထဲရေးဌာနက ဒီကနေ့ အတညိပြုလိုက်ပါတယ်။

သူ့ကို အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်ဖို့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို ခေါ်လာတယ်လို့ 
သိရပါတယ်။

သူ့ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ၊ အက်ဖ်ဘီအိုင် နဲ့ 
ဂျော်ဒန်ထောက်လှမ်းရေးတွေက ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
H
ကိုးကား NBC ရုပ်သံသတင်းများ
http://worldnews.nbcnews.com/_news/2013/03/07/17224861-al-qaida-spokesman-and-bin-laden-son-in-law-captured-in-jordan-in-us-custody?lite
 ဓာတ်ပုံ သားမက်ဖြစ်သူနဲ့ အတူတွေ့ ရတဲ့ အိုစမာဘင်လာဒင်

Al-Qaida အယ်လကိုင်ဒါး အကြမ်းဖက်အဖွဲ့ ရဲ့ ပြောခွင့်ရ
အိုစမာဘင်လာဒင်ရဲ့ သမက်ဖြစ်သူ Sulaiman Abu Ghaithကို
ဂျော်ဒန်နိုင်ငံမှာဖမ်းဆီးရမိခဲ့ တယ်လို့  အမေရိကန်ပြည်ထဲရေးဌာနက ဒီကနေ့ အတညိပြုလိုက်ပါတယ်။

သူ့ကို အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်ဖို့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကို ခေါ်လာတယ်လို့ 
သိရပါတယ်။

သူ့ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေ၊ အက်ဖ်ဘီအိုင် နဲ့ 
ဂျော်ဒန်ထောက်လှမ်းရေးတွေက ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်
H
ကိုးကား NBC ရုပ်သံသတင်းများ
http://worldnews.nbcnews.com/_news/2013/03/07/17224861-al-qaida-spokesman-and-bin-laden-son-in-law-captured-in-jordan-in-us-custody?lite
ဓာတ်ပုံ သားမက်ဖြစ်သူနဲ့ အတူတွေ့ ရတဲ့ အိုစမာဘင်လာဒင်
ဆက်ဖတ်ရန်

နှစ်လုံး သုံးလုံး ၀ါသနာအိုးတွေအတွက် ဖုန်းဆော့ဝဲ

ချဲတို့ နှစ်လုံးတို့
ဝါသနာအိုးတွေအတွက် သူများကို ၀ါသနာအိုးတဲ့ ကျုပ်ကိုယ်တိုင်ကလည်း သုံးလုံးလို့ခေါ်တဲ့ ချဲကိုတော့
ဝါသနာကပါသေးတာ အဲဒါကြောင့် ကိုယ့်လိုဘဲ ၀ါသနာတူတဲ့သူတွေအတွက် တင်ပေးရသေးတာကွယ်..။
ပုံလေးနဲ့တော့မပြတော့ဘူးဗျာ...မနေ့ကမှ ပြန်ရောက်တာဆိုတော့ ဆော့ဝဲတွေက မစုံသေးဘူးလေ အဲဒါ
ကြောင့်ပါ။ ကဲ သုံးလုံးကို စိတ်ဝင်စားရင်ဘဲဖြစ်ဖြစ် နှစ်လုံးကို စိတ်ဝင်စားရင်ဘဲဖြစ်ဖြစ် အင်တာနက်လေး
ဖွင့်ဖုန်းလေးဖွင့်ပြီးတော့ ကြည့်နိုင်ပါပြီနော် သုံးလုံးနဲ့ ပါတ်သက်လို့ ဒီအပါတ် ဘာဂဏန်းရကြသလဲဗျာ။
ကျုပ်တော့ 514 နဲ့ 624 ရယ် ထိုးမလို့ ကျုပ်ဦးလေးတော့ 125 လို့ပြောတာဘဲ မပြန်ခင်တော့ ထိုးထားခဲ့
ရဦးမယ် ပေါက်ရင်တော့ ၀ယ်ချင်တာလေး ၀ယ်ရအောင်ပေါ့ဗျာ...။ အတော်များများကတော့ စိတ်ဝင်စား
ပါတယ် ကျုပ်တို့လို ဘ၀သမားတွေပေါ့ ငွေပေါတဲ့သူတွေတော့ သိပ်စိတ်မ၀င်စားပါဘူး..။ သို့သော်လည်း
စိတ်ဝင်စားတဲ့ သူတွေအတွက်ပေါ့ဗျာ...ကြိုက်ရင်ဒေါင်းပြီး သုံးစမ်းကြည့် ဒါလက်ဆောင်ဘဲ သူများတွေလို
ဘာမှ မပေးနိုင်ဘူး...ဒါကြောင့် ဒါလေးပေးလိုက်တာ ဘိုင်းဘိုင် ဘော်ဒါအပေါင်းတို့ရေ.........

နှစ်လုံးဆော့ဝဲဒေါင်းရန်
သုံးလုံးဆော့ဝဲ ဒေါင်းရန်
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

ဂျီမေးကို အချိန်သတ်မှတ်ပြီးပို့မယ် For Chrome and Firefox

ဒီလုပ်ဆောင်ချက်တော့ အလုပ်များတဲ့သူအတွက် အဆင်ပြေပါတယ် 
ကိုယ်ပို့မယ့် မေးတစ်စောင်ကို နေရက် အချိန်သတ်မှတ်ပြီးတော့ ပို့လို့ရပါတယ် 
ဥပမာ---မွေးနေ့ဆုတောင်း ပို့မယ်ဆိုရင် သူ့မွေးကျရင် ကိုယ်ကလည်းအလုပ်ရှိနေတယ် 
အဲလိုအဖြစ်မျိုးကြုံရင် အခု Add-onsလေးကဖြေရှင်းပေးပါမယ် 
မွေးနေ့မရောက်ခင် သူမွေးနေ့ကို ရွှေးထားပြီး 
ပို့ထားလို့ရပါတယ် မွေးနေ့ရောက်တဲ့အခါမှ ဂျီမေးကအော်တိုပို့ပေးမှာဖြစ်ပါတယ်
အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

exDialer (For Android )

 ဒီ apk လေးကတော့ ဖုန်းမှာပါတဲ့ Dialer ကို ပုံစံအမျိုးမျိုးပြောင်းလည်းအသုံးပြုကြည့်ချင်တဲ့သူငယ်ချင်းများအတွက်ပါ။ ကျွန်တော့သူငယ်ချင်း အကိုပြည့်ဖြိုးအတွက် ဆိုလည်းမမှားဘူးခင်ဗျာ။ သူက Huawei ဖုန်းမှာ ပါတဲ့ Dialer ကို ကြည့်မရတဲ့သူလေ နည်းနည်းအမျိုးမျိုးနဲ့ ဖြုတ်နေတာလေ ဖုန်းခေါ်မရ တာ ခဏခဏဖြစ်လို့ Firmware ပြန်ပြန်နေရတာလည်း အကြိမ်ကြိမ်ပဲလေ သူ့ကိုသနားလို့တင်ပေးလိုက်တာပါ။ သုံးစေချင်တဲ့ စေတနာလေးလညးပါတာပေါ့ခင်ဗျာ။ သူငယ်ချင်းများလည်း ဒေါင်းပြီး စမ်းသုံးစေချင်ပါတယ်ခင်ဗျာ။ သူတစ်ယောက်ထဲတော့ ဘယ်ပေးမလဲ ဟုတ်တယ်မလားနော်...P
>> Download <<
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာ့လူငယ်များ ဖတ်ရန်)



ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်ဆို မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။  ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့   အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။  ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ရန်ကုန်ကို ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။  ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။  အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့  အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင်  ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့  အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ ဈေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့ လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့  အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Wesbiste Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖတ်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်မခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖို့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ  လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့ က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင်ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖို့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။
--
http://www.innewsmyanmar.com/2013/01/blog-post_13.html
ဆက်ဖတ်ရန်

FEB 21 က ထွက်တဲ့ နောက်ဆုံးထွက် Viber {Android}


UPDATED: February 21, 2013
CURRENT VERSION: 2.3.5.329
REQUIRES ANDROID: 2.0 and up
CATEGORY: Communication
INSTALLS: 50,000,000 – 100,000,000
SIZE: 8.9M
PRICE: Free

အထူးပြောစရာပင်မလိုတော့ပါဘူး နောက်ဆုံးထွက်လေးကို တွေ့လို့တင်ပေးလိုက်ပါတယ်
ဆက်ဖတ်ရန်

Super MP3 Download 4.8.9.2

MP3 တွေကိုမြန်ဆန်ဆန်နဲ့ အသံအရည်အသွေးကောင်းကောင်း ဒေါင်းချင်သူများအတွက် Super MP3 Download 4.8.9.2 ကို တင်ပေးလိုက်ပါတယ်.. Full Version Install ဖိုင်တွေအပြင် သွားလေရာ ယူသွားနိုင်မယ့် Portable ကိုပါတင်ပေးလိုက်ပါတယ်..
Super MP3 Download is an easy to use software that allows you to download over 100 million MP3 from the largest network of download and unlimitedly listen to music online before downloading.
You can try the searched results to decide which one to download. Super MP3 Download always gives you the songs more popular in the world. Radio recommends Hot 100 U.S. each week and lists the songs most popular of 14 categories, from electrical to religious, indie, hip-hop to classical, etc..
In addition, you can search Advanced by artist, title, album, and edition. You can even choose specific edition cover, live , piano, guitar looking.
Here are some key features of "Super MP3 Download ":
More than 100 million MP3 songs:
· Super MP3 Download is free to use. You can search and download over 100 million MP3 from the largest network of download faster.
It brings the songs most popular:
· Super MP3 Download always gives you the songs more popular in the world. Recommends the Billboard Hot 100 every week and lists the songs more popular each category.
Listen to unlimited music online :
· You can unlimited listen to over 100 million songs online .
· You can try the search results to decide which one to download.
Search Advanced :
· Super MP3 Download can search songs by title, artist, album, and edition. You can even search cover editions of your favorite songs.

အဆင်ပြေပါစေ..

Setup Download Links:  6.22 MB

Patch Download Links:

Portable Download Links:

ဆက်ဖတ်ရန်

Apple (ပန်သီး) User တွေအတွက် crack apps တွေဒေါင်းလို့ရသော links များ




  1. http://ipad-os.net/
  2. http://iphone-apps-ipa.com
  3. http://www.inulled.net/
  4. http://www.kulapps.com/
  5. http://igui.mobi/
  6. http://www.appleguider.org/apps
  7. http://www.iphoneleaks.net/
  8. http://www.freeapplestore.net/
  9. http://www.mobile-warez.org/
  10. http://www.ipaapps.com
  11. http://www.megadownloadz.com/category/iphone-games/
  12. http://idownloads.ru/
  13. http://iapplications.name/
  14. http://iphoneate.com
  15. http://www.hackstor.biz/
  16. http://www.justmobilephone.com/category/iphone-ios/
  17. http://iphoneappsipa.com/
  18. http://apps.su
  19. http://appstrackr.org
  20. http://www.idwaneo.org/appsnew
  21. http://www.store.heaveniphone.com
  22. http://www.downloadipaapp.com/
  23. http://www.iphonecake.com/appcake/en/
  24. http://apping.me/
  25. http://www.icrackerz.com
  26. http://ipafever.com
  27. http://download.pandaapp.com
  28. http://appd.in
  29. http://approb.com/
  30. http://ipadzona.ru/
  31. http://www.appdb.ru
  32. http://iphoneipaapps.com/
  33. http://www.appsmay.com/
  34. http://www.ipacrack.com/
  35. http://igamesblog.com/
  36. http://www.appsmania.org/
  37. http://www.themobiforest.com/p/iphone.html
  38. http://getipa.info/
  39. http://www.soupingguo.com/        (Chinese site - Open with chrome to tranlate it)
  40. http://www.cell11.com/iphone.html
နောက်ထပ်လင့်တစ်ခုက www.applefix.org လေးပါ ဒါပေမယ့် ဟိုတုန်းက ၀င်လို့ရသေးတယ် အခုတော့ဝင်လို့ရမရတော့မသိဘူး ........ကျွန်တော်လေ့လာမိသလောက်လင့်လေးတွေကို NotPad ထဲမှာရေးထားတာလေးကိုတင်ပေးထားတယ်နော် နောက်ထပ်တွေ့ထားလင့်တွေရှိရင်လဲ ပြန်ပြီး edit လုပ်ပေးသွားပါမယ် Apple User များအတွက် Crack apps လေးတွေပါ အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် ........

                ဆော့ဝဲလ်မြို့တော်မှ                    
ဆက်ဖတ်ရန်

Youtube က ဗွီဒီယိုတွေကို ဒေါင်းပေးမဲ့ MultiClip - Video downloader For Android

Youtube က ဗွီဒီယို တွေကို အလွယ်တစ်ကူဒေါင်းနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ကျွန်တော်တော့ Youtube နဲ့ ပဲ စမ်းရသေးလို့ ပါ။တစ်ခြားဆိုဒ်တွေက ဗွီဒီယိုတွေပါ ဒေါင်းလော့ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အသုံးပြုနိုင်တဲ့ Android ဖုန်းအမျိုးအစားကတော့ Version 2.2 နှင့် အထက်ပါ။ကျွန်တော်စမ်းသပ်ကြည့်တဲ့ ဖုန်း Version ကတော့ Version 2.3.6 ပါ။
လိုအပ်ခဲ့လျှင်

◘◘အသုံးပြုပုံ◘◘
ဒေါင်းထားတဲ့ ဆော့ဝဲလ်ကို အင်စတောလုပ်ပြီး ဖွင့်လိုက်ပါ။အောက်ကပုံလို ပေါ်လာပါလိမ့်မည်။ဂူဂဲလ် Search Box ထဲမှာ မိမိဒေါင်းချင်သည့်သီချင်းနာမည်ကိုရိုက်ထည့်ပါ။
ပြီးရင်မိမိဒေါင်းလိုသည့်သီချင်းပေါ်လာပါက ထိုပုံပေါ်သို့  ကလစ်ပါ(သို့ ) အပြာရောင် အောက်ခံပေါ်က မြားဖြူပုံလေးကို ကလစ်ပါ။ ပြီးရင် အပေါ်ညာဖက်ထောင့်မှာရှိတဲ့ DL သင်္ကေတ ကိုကလစ်ပါ။
ပြီးရင်နောက်ထပ် Box တစ်ခုကျလာပါလိမ့်မည်။ကျလာတဲ့ Box ထဲက Select All ကို ဆက်ကလစ်ပြီး အပေါ်ညာဖက်ထောင့်ရှိ DL သင်္ကေတ ကို နောက်တစ်ခါ ထပ်နှိပ်ပေးပါ။

ပြီးရင် Download စတင် လုပ်နေပါလိမ့်မည်။
 အောက်ကပုံကတော့ ဒေါင်းလော့လုပ်ပြီးသွားပုံပါ။

ကျွန်တော့်ဖုန်းက အပေါစားလေးမို့  Screen Capture လုပ်လို့  မရလို့  ဂူဂဲလ်က ပုံရှာပြီး နမူနာ ဒေါင်းလော့ယူပုံကို ရှင်းပြပေးတာပါ။ ပုံစံအတူတူပါပဲ။

နိုင်ငံခြားကသူငယ်ချင်းတွေကတော့ ဖုန်းနှင့် အင်တာနက်အသုံးပြုတယ်ဆိုလျှင် ဒီလင့်က သွားပြီး ဂူဂဲလ်ပလေး က ဖုန်းထဲသို့  တိုက်ရိုက် အင်စတောလုပ် အသုံးပြုနိုင်ပါတယ်။
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Wednesday 6 March 2013

LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4







TMW Enterpriseမှ LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4ကို

မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသပြီး ဖြန့်ဖြူးရောင်းချမည်

ရန်ကုန်မြို့ မတ်လ (၁)ရက်နေ့တွင် LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် Smart Phone ဖြစ်သည့် Nexus 4ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော Jelly Bean Plus (Version 4.2) အသုံးပြုသည့် တစ်ခုတည်းသော ဖုန်းအမျိုးအစား အဖြစ် တရားဝင် တင်သွင်းမည် ဖြစ်ပြီး ၂၀၁၃ခုနှစ်၊ မတ်လ (၉)ရက်နေ့မှ စတင်ပြီး ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း LGအမှတ်တံဆိပ် Productများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limitedမှ ၂၀၁၃ခုနှစ်၊ မတ်လ (၁)ရက်နေ့ Traders Hotelတွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကြေညာထားကြောင်း သိရသည်။
Nexus 4ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Version 4.2 (Jelly Bean Plus) အသုံးပြုထားတဲ့ Smat Phone အဖြစ် ဒီနိုင်ငံမှာ ရှိတဲ့ Smart Phone Userများနဲ့ LG Customerများ လက်ထဲကို ပို့ဆောင်ပေးချင်လို့ တင်သွင်းထားကြောင်းသိရသည်။ Google Playတွင် Online Salesဖြင့် စတင်ရောင်းချချိန်မှ စပြီး အနောက်နိုင်ငံများတွင် ဝယ်လိုအား အဆမတန် များပြားလာပြီး UK, America, Spainနဲ့ Australia အပါအဝင် နိုင်ငံအတော်များများမှာ ရောင်းချပြီး နာရီပိုင်းအတွင်း ပစ္စည်းရောင်းကုန်သွားပါသဖြင့် ပစ္စည်းပြတ်လပ်မှုများ ရှိနေသည့်ကြားမှပင် TMW Enterprise Limitedမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ Nexus 4တွင် သင့်ပတ်ဝန်းကျင် ကမ္ဘာရှိအလှအပများကို အသေးစိတ် ပုံဖော်မှတ်တမ်းတင်ပေးနိုင်မည့် နည်းပညာမြင့် 8 Megapixel Cameraပါဝင်ပြီး၊ 320PPi ရှိ ၄.၇လက်မ True HD IPS Plus Displayကလည်း စာလုံး (Text)များကို ပြတ်သားစေလို Still Pictureများ၊ ဗီဒီယိုများနဲ့ ဂိမ်းများမှ ရုပ်ပုံများကိုပါ ကြည်လင်ပြတ်သားပြီး သဘာဝကျကျ စိုပြည်တောက်ပအောင် ဖော်ပြပေးနိုင်ပြီး အားလုံးကို သက်ဝင်လှုပ်ရှားနေသလို မြင်တွေ့ခံစားနိုင်စေရန် ဖန်တီးပေးထားပါသည်။

အစင်းအခြစ်ရာများ မထင်နိုင်အောင်လည်း Corning Gorilla Glass 2ကို အသုံးပြုထားပြီး သုံးစွဲရာတွင် လျင်မြန်မှုနှင့် စွမ်းဆောင်မှုအပိုင်းတွင် ကောင်းမွန်စေရန်အတွက် Qualcomm Snapdragon S4 Processor ပါဝင်သည်။ 2GB ပမာဏရှိသော RAMဖြင့် ပေါင်းစပ်အားဖြည့်ထားသဖြင့်လည်းလိုတာထက်ပိုသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ Nexus 4များကို TMW Enterprise Limitedမှ အာမခံ (၁)နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုပါက ၄၃၉,၀၀၀ကျပ်ဖြင့် ဖေဖော်ဝါရီ (၂၃)ရက်မှ မတ်လ (၈)ရက်နေ့အထိ LG၏ Official facebook page ဖြစ်သောwww.facebook.com/LGmobilemyanmarတွင် ကြိုတင်မှာယူ (Pre-Order) ပြုလုပ်နိုင်ပြီး မတ်လ (၉)ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroomများ၊ Wai Yan Electronics Showroomများအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limitedမှ ဖြန့်ဖြူးသော ပစ္စည်းအစစ်အမှန်များကို မေးမြန်းဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။


Credit To Myanmar ICT
ဆက်ဖတ်ရန်

2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး




ကျွန်တော်တို့ရဲ့Computer , Network , Personal Information တွေကို နှောက်ယှက်ဖျက်စီးနေတဲ့ virus တွေက တနေ့ တနေ့ကို မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ တစ်ချို့ကလဲ Target တစ်ခုအတွက် ရည်ရွယ်ရေးသားကြသလို ၊ တချို့ကလဲ မိမိရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ အပြုသဘောမျိုး ရေးသားကြတယ် ။ တစ်ချို့ကလဲ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင် တိုက်ခိုက်ကြပေါ့။ အဲဒီလိုနဲ့ Internet World မှာ cyber crime တွေဖြစ်ကြ၊ Cyber War တွေ ဖြစ်ကြနဲ့ ကြားထဲကPC User တွေမှာ မြေဇာပင်သဘောမျိုး ဖြစ်ကြရတယ်။ အင်တာနက် သုံးရင်း အဖျက်အမှောက်၊ အနှောက်အယှက်တွေက မိမိတို့ရဲ့ computer ထဲကို မိမိ သတိမထားမိလိုက်တဲ့ အချိန်မျိုးတွေမှာပဲ ၀င်ရောက်လာကြတယ်။ ပုန်းအောင်နေကြတယ်။ သတိမမူ ဂူမမြင် ဆိုသလိုပဲ နောက်ဆုံး ကိုယ့်ရဲ့ အရေးကြီးInformation တွေ ပျောက်ဆုံး ပျက်စီးကုန်တော့မှပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ့ ဖြစ်ကုန်ကြရော။

ဒီ post ကို ရေးသားလိုက်တဲ့ အကြောင်းအရင်းက အဲဒါပါပဲ။ computer တစ်လုံးမှာAntivirus Software ကောင်းကောင်း တစ်ခုတော့ ရှိနေသင့်ပါတယ်။ Virus ရေးသားသူတွေ ရှိနေကြသလို တနေ့ တနေ့ မရေမတွက်နိုင်အောင် များပြားနေတဲ့ Virus တွေကို စောင့်ကြည့်ကာကွယ်ပေးနေကြတဲ့(ICSA Lab, NSS Lab … etc ) အဖွဲ့အစည်းတွေလဲ အများကြီး ရှိနေပါတယ်။ Personal Computer တစ်လုံးမှာ Antivirus Software ဆိုတာက မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့software တစ်ခုဖြစ်တာကြောင့် ဒီနေ့ 2013 ခုနှစ်အတွက် အင်တာနက်ပေါ်မှာ ရေပန်းစား နာမည်ကြီးနေတဲ့Antivirus Software (၁၀) မျိုးကို ကျွန်တော့် မိတ်ဆွေများအတွက် ကျွန်တော် ပြန်လည် မျှဝေပေးလိုက်ပါတယ်။


အခု ကျွန်တော် Share ပေးလိုက်တဲ့ software တွေက Full Version တော့ မဟုတ်ပါဘူး။ Free Version တွေပါ။ ကျန်တဲ့ အပိုင်းကတော့ မိမိတို့ရဲ့ လိုအပ်ချက်အရ Licence Version ၀ယ်သုံးရင်သုံး ဒါမှ မဟုတ် ထုံးစံအတိုင်း အွန်လိုင်းက Crack Version လေးတွေ ရှာသုံးကြပေါ့နော် …:P ။ အဆင်ပြေရင်လဲ ကျွန်တော် ရှာပြီး တင်ပေးပါ့မယ်။ တခြားနည်းပညာ site တွေမှာလဲ တင်ထားပေးတာ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ connection အခက်အခဲကြောင့် http://download.cnet.com နဲ့ http://www.scanwith.com/ တို့ကနေ ရှာပြီး တင်ပေးလိုက်ရပါတယ်။

(1) Bitdefender Antivirus 2013


(2) Kaspersky Antivirus 2013


(3) Norton Antivirus 2013


(4) F-Secure Antivirus 2013


(5) BullGuard Antivirus 2013


(6) AVG Antivirus 2013


(7) VIPRE Antivirus 2013


(8) G DATA Antivirus 2013


(9) Webroot Antivirus 2013


(10) Avast! Pro Antivirus 7


အားလုံးပဲ အဆင်ပြေကြပါစေ .. လေးစားစွာဖြင့် ... စဦးသူ မှ
ဆက်ဖတ်ရန်

Android Phone ထဲရှိ Icon တွေကို နှစ်သက်ရာပုံနဲ့ မြန်မာလို ပြောင်းနည်း



သုံးနေကျ လူတွေအတွက်တော့ မကိုက်ဘူး ။ အပြောင်းလဲလေးနဲ့  ကလိချင်သူများ

သက်ကြီးရွယ်အိုတွေနဲ့  အခုမှစကိုင်ခါစ လူတွေအတွက် ၊ ကလေးတွေအတွက်ဆို

သင့်တော်ရာ ပုံနဲ့  မြန်မာလို ပြောင်းပေးထားချင်ရင် ဆော့ဝဲလေးယူထည့်လိုက်ပါ


ဒီလင့်မှာ Download ယူ- http:/.zippyshare.com/ Icon Changer

ဒီလင့်မှာ Download ယူ - www.mediafire.com/ Icon Changer






မောင်စွယ်စုံကျမ်း မှ
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Dota ခုတ်သူများအတွက် ပစ္စည်းဆက်နည်းဆော့ဝဲ(for android)


အခု ကျွန်တော်ပေးချင်တာကတော့ ဒိုတာ ခုတ်တဲ့ သူငယ်ချင်းတွေ အတွက် အရမ်းကို အသုံးဝင်မှာပါ။ဒီapp လေးဟာဆိုရင် ဒိုတာ ထဲမှာပါတဲ့ heroes များကို ဘယ်ဟီးးရိုးဆိုရင် ဘာဆက်ရမယ် ဆက်ရမယ့် ပစ္စည်းကဈေးဘယ်လောက်ရှိတယ် ဘယ်အိမ်တွေမှာ ရနိုင်တယ်။ဘယ်ကုန်ကြမ်းတွေနဲ. ဆက်မှ ဒီပစ္စည်းရမယ် ဆိုတာတွေ နဲ. ဟီးရိုးတွေရဲ. ပထမဆုံး ကစားတဲ့အချိန်မှာ ဘယ် level တွေကို အရင်ယူရမလဲ ဆိုတာကို ပုံတွေနဲ.  ပြပေးပါတယ်။အရမ်းကောင်းပါတယ် ဒီအထဲက အတိုင်း ပစ္စည်းဆက်ရင် မိမိ ဟီးရိုးတွေဟာ အမှန်တကယ် အစွမ်းထက်လာတာကိုတွေ.ရမှာပါ။ ပြန်ဒေါင်းစရာလဲ မလိုပါဘူး သွင်းပီးပီးချင်း run လို.ရပါတယ်။ကော်နက်ရှင် ရှိစရာလဲမလိုပါဘူး။offline application လေးတစ်ခုပါ။သုံးချင်ရင်တော့အောက်မှာဒေါင်းလော့ရယူနိုင်ပါတယ်။

ဒေါင်းလော့ရယူရန်ကလစ်နှိပ်ပါ။


အဆင်ပြေကြပါစေ
ရွှေနဒီနည်းပညာ မှ
ဆက်ဖတ်ရန်

Shwebook pro Dictငonary


Android တွေအတွက် Shwebook pro ဗားရှင်းအသစ်ကလေးပါ သူငယ်ချင်းများအသုံးပြုဘူးပြီးသားပါ။ အသစ်ကလေးမှာတော့ တရုတ်လိုလေးပါ ပါလာပြီ သုံးငယ်ချင်းများ အသုံးပြုလို့ရအောင် ထပ်ပြီးတင်ပေးလိုက်ပါတယ်။


>> Download <<
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Bagan Keyboard ( For Android)


Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာစာလက်ကွက်နှင့် အင်္ဂလိပ်စာ လက်ကွက်စနစ် ပေါင်းထားသော Bagan Keyboard (beta) Application ကိုထုတ်လုပ်လိုက် ပါတယ်။ Bagan Keyboard ကို အသုံးပြုခြင်းအားဖြင့်

-မြန်မာ keyboard နှင့်ဖြစ်စေ အင်္ဂလိပ် keyboard နှင့်ဖြစ်စေ ကြိုက်နှစ်သက်ရာရွေးချယ်အသုံးပြုနိုင်ခြင်း၊

- Root မလုပ်ထားသော ဖုန်းများတွင်လည်း အသုံးပြုနိုင်ပါတယ်။

- မြန်မာ၊အင်္ဂလိပ် စာလုံးတွဲများအတွက် Suggestion System ပါဝင်ခြင်း။


- မိမိစိတ်ကြိုက်အသုံးပြုနိုင်သော User Dictionary ပါဝင်ခြင်း

- Voice Input , Popup , Sample နှင့် Smiley များကိုပါ ထည့်သွင်းပေးထားပါတယ်။

- Android 1.5 (cupcake) မှ 4.2 (jellybean) အထိအသုံးပြုနိုင်ပါတယ်။

-လက်ရှိ Application က Beta Version ဖြစ်ပါတယ်။ နောင်ထွက်မည့် Release Candidate Version

  တွင် လုပ်ဆောင်ချက်အသစ်များ ပါရှိလာမည်ဖြစ်ပါတယ်ခင်ဗျာ။






>> Download <<


မူရင်းဆိုက်ကနေ ပြည်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ မူရင်းဆိုက်မှာ တိုက်ရိုက်လေ့လာချင်တဲ့သူငယ်ချင်းများအတွက် ကတော့ မူရင်းဆိုက်ကလေးကို မှာလေ့လာလို့ရအောင် ထည့်ပေးထားပါတယ်။
 

ဆက်ဖတ်ရန်

Tuesday 5 March 2013

အသစ်ထွက်လာမယ့် iPhone 6 လေလား….

အသစ်ထွက်မယ့် iPhone ရဲ့ ဒီဇိုင်းပုံစံများဟာ iPhone အသစ်မထွက်ခင်မှာ Online ပေါ်တွင် ပုံစံအမျိုးမျိုးနဲ့အရင် ပြန့်နှံ့ရေပန်းစားလေ့ရှိပါတယ်။ Apple ကနေ iPhone ရဲ့ အမှန်တကယ် ထုတ်မယ့်ပုံစံကိုတော့ ၀ှက်ထားတဲ့ဖဲချပ်လိုပဲ တကယ်ပြပွဲ ကျင်းပခဲ့အခါမှသာ သိရှိခွင့်ရပါတယ်။ ဒါပေမယ့် အဲဒီအယူအဆပုံစံဟာ iPhone 5 ထွက်လာတဲ့အခါအနည်းငယ်မှားယွင်းသွားပါတယ်။ iPhone 5 မထွက်ခင်က ကောလဟာလပုံစံဟာ တကယ်ထွက်ရှိလာတဲ့အခါ iPhone 5 မထွက်ခင် အပြင်မှာပျံ့နှံ့နေနှင့်တဲ့ပုံစံအတိုင်းပါပဲ။ အခုလည်း iPhone 6 (သို့) iPhone 5s ဖြစ်လာမယ့် ဖုန်းရဲ့ပုံစံကို အွန်လိုင်းပေါ်မှာတွေ့နေရပါပြီ။ ဒါဆိုရင် ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်ရအောင်။
အောက်ပုံမှာမြင်ရတဲ့အတိုင်းပဲ 4.8 လက်မရှိတဲ့ ကျယ်ပြန့်တဲ့ screen ဒီဇိုင်းနဲ့ iPhone အသစ်ဒီဇိုင်းကိုတွေ့မြင်ရမှာပါ။ ဒီပုံစံသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲမှာ screen ကြီးပါတယ်ဆိုတဲ့ Android ဖုန်းတွေနဲ့ အရွယ်အစားတစ်တန်းတည်းဖြစ်လာမှာပါ။

ဖုန်းကို iPhone တို့ရဲ့ထုတ်လုပ်နေကြအတိုင်း အဖြူရောင် ၊ အနက်ရောင် ဒီဇိုင်းနှစ်မျိုးနဲ့ပြသထားပါတယ်။

4.8 လက်မ Screen size သာဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ screen ပုံစံကြောင့် application သုံး ၊ ဂိမ်းဆော့ ၊ ဗီဒီယိုကြည့် ၊ အင်တာနက်သုံး စတာတွေမှာ အခုလက်ရှိ iPhone တွေမှာသုံးနေရတာထက် ပိုပြီး ကောင်းမွန်လာမှာပါ။


အောက်ကပုံမှာတော့ iPhone 5 နဲ့ iPhone 5s (or) 6 ဒီဇိုင်းသစ်ကို ယှဉ်လျက်ပြသထားတာကိုတွေ့ရပါမယ်။


အခု ဒီဇိုင်းပုံစံအတိုင်းသာထွက်လာမယ်ဆိုရင်တော့ iPhone အသစ်ထွက်လာတဲ့အခါ ပြိုင်ဘက်ဖုန်းတွေကို အသာလေးဖြတ်ကျော်သွားနိုင်မှာပါ။

iPhone 5 တုန်းကလည်း ကောလဟာလအရင်ထွက်နှင့်တဲ့ ဒီဇိုင်းပုံစံဟာ တကယ်ဖြစ်နေပါတယ်။ ကဲ… iPhone 5s(or)6 မှာလည်း Apple ကထုတ်မယ့် တကယ့် final ဒီဇိုင်းကိုတော့ အပေါ်ကဒီဇိုင်းအတိုင်းဖြစ်ပါစေလို့ iPhone ချစ်သူများအတူတကွ မျှော်လင့်လိုက်ကြရအောင်။

www.myanmarmobileapp.com
မှ
ဆက်ဖတ်ရန်

မိုဘိုင်းဖုန်းများ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန်ရှိ



ယခုနှစ်အတွင်း ပြည်တွင်း မိုဘိုင်းဖုန်းများကို 4G စနစ်ဖြင့် စတင်စမ်းသပ် သုံးစွဲဖွယ်ရှိရာ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန် ရှိလာမည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ 4G စနစ်ဖြင့် အသုံးပြုခြင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game တွင် စတင်စမ်းသပ် သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ “4G သုံးတာကတော့ သူများနိုင်ငံတွေမှာလည်း သုံးနေပါတယ်။ ဒါပေမယ့် လုံးဝ အဆင်ပြေတယ်လို့တော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း စမ်းသုံးကြည့်ရမယ့် အနေအထား ဖြစ်မှာပါ” ဟု ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်း 4G စနစ် အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီ အသုံးပြုထားသူ တစ်ဦးက “လက်ရှိ သုံးနေတာမှာ 3G က အမြင့်ဆုံးပေါ့။ နိုင်ငံတကာမှာလည်း 3G ကို တော်တော်လေး တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ 4G ကတော့ လက်ရှိအချိန်မှာ သုံးတာ နည်းသေးတယ် ဆိုရမယ်။ 4G သုံးမယ် ဆိုရင်တော့ network speed က ပိုကောင်းမယ် ထင်ပါတယ်။ အင်တာနက် သုံးတာလည်း အများကြီး ပိုကောင်းလာပါမယ်။ အင်တာနက် speed လည်း ပိုမြန်ပါမယ်။ သွားတဲ့ MHz လည်း မြင့်လာတာပေါ့။ သုံးရတာ ပိုမြန်ပြီး ပိုကောင်းတာတော့ အားသာချက် ရှိပါတယ်။ လက်ရှိမှာ ဟန်းဆက်တော့ ရှားနေဦးမယ်။ ဟန်းဆက်ကလည်း မော်ဒယ်မြင့်တွေမှာပဲ သုံးလို့ရပါမယ်။ ကမ္ဘာမှာလည်း 4G စနစ်ကို သုံးနေတာ သိပ်တော့ မများသေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။
မိုဘိုင်းဖုန်း 4G အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “မိုဘိုင်းမှာ 4G အဆင့်ထိ သုံးလို့ရပြီဆိုရင် အင်တာနက်သုံးရတဲ့ speed က ပိုကောင်းလာပြီ။ မိုဘိုင်းဖုန်းနဲ့ ငွေချေလို့ရပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မိုဘိုင်းကို များများတိုးတက် လာစေပါတယ်။ အင်တာနက်ကိုလည်း မိုဘိုင်းပေါ်မှာ သုံးလို့ရနေပါပြီ။ အခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ ဖုန်းပြောရုံပဲ မဟုတ်ပါဘူး။ ဒေတာ (အင်တာနက်) သုံးခွင့်ရမှ ဖြစ်တော့မှာပါ။ 4G က တချို့နိုင်ငံတွေမှာလည်း သုံးပါတယ်။ ဒီမှာ စမ်းသုံးမယ်ဆိုလည်း ကောင်းပါတယ်” ဟု ပြောသည်။
ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများမှာ GSM မိုဘိုင်းဖုန်း၊ WCDMA မိုဘိုင်းဖုန်း၊ CDMA 800 MHz မိုဘိုင်းဖုန်းနှင့် CDMA 450 MHz (ကမ်းရိုးတန်း) ဖုန်းများဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းများတွင် GSM, CDMA 800 MHz မိုဘိုင်းဖုန်းများ၊ WCDMA မိုဘိုင်းဖုန်းများကို အင်တာနက် အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။

Ref & Credit to Mobile Guide Journal
ဆက်ဖတ်ရန်

1st Myanmar Balance for Android


Developer- Ko Htin Aung (1st Myanmar)
Android ဖုန်းတွေအတွက် 1st Myanmar Balance (Beta) ကို Android Developer ကိုထင်အောင် မှထုတ်လုပ်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်က Mobile Users တွေအတွက် ကိုယ့်ဖုန်းရဲ့ လက်ကျန်ငွေကို စစ်ချင်ရင် နံပါတ်တွေ ရိုက်နေရမယ့်အစား ဒီ App လေးကို သုံးပြီး အလွယ်တကူ စစ်လို့ ရဖို့ ရည်ရွယ်ပါတယ် ။

ဒီဆော့ဝဲလေးနဲ့ ဘာတွေ လုပ်လို့ ရလဲဆိုတော့ ကိုယ့်ဖုန်းရဲ့ လက်ကျန်ငွေ ဘယ်လောက်ကျန်တယ်ဆိုတာကို အလွယ်တကူ စစ်လို့ ရပါတယ် .. နောက်တခု အနေနဲ့ ပိုက်ဆံထပ်ထည့်တဲ့ အခါမှာလဲ Pin Number (Password) ကိုပဲ ရိုက်ထည့်ပြီး Top up လုပ်လို့ ရပါတယ် ။ မြန်မာပြည်အတွက်ပဲ ထုတ်ထားတာဖြစ်လို့ ဒီ app လေးကိုမြန်မာပြည်က Android ဖုန်းတွေမှာပဲအသုံးပြုနိုင်မှာပါ။ 1st Myanmar Balance v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

>> Download <<

မူရင်း website ဖြစ်တဲ့ 1stmm.net မှာလည်းသွားရောက်ရယူနိုင်ပါတယ်။

ဒီပို့လေးကို www.myanmarmobileapp.com မှ ကူးယူပြီး ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Android အတွက် Live Wallpaper စုစည်းမှု

 
မင်္ဂလာပါခင်ဗျာ... Android အတွက် Live Wallpaper လေးတွေကို စုစည်းတင်ပေးလိုက်ပါတယ်... ပါဝင်တာတွေကတော့ Nexus 4 Dot Live Wallpaper, Galaxy Note 2 Live Wallpaper, Galaxy S3 Dandelion LWP, Galaxy S3 Drop Live Wallpaper, iPhone Drop Live Wallpaper, Galaxy Note 2 Feather Falling Live Wallpaper,  Xperia Z Live Wallpaper တို့ဖြစ်ပါတယ်... အောက်မှာ ပုံနှင့်တကွဖော်ပြထားပြီး အသုံးပြုလိုတဲ့ ကြိုက်နှစ်သက်ရာ တစ်ခုခြင်းကိုရွေးချယ် ဒေါင်းယူနိုင်ပါတယ်....

Galaxy Note 2 Live Wallpaper
>>> Download  <<<
Galaxy S3 Dandelion LWP
>>> Download  <<<
Galaxy S3 Drop Live Wallpaper
>>>  Download <<<
iPhone Drop Live Wallpaper
>>>  Download  <<<
Nexus 4 Dot Live Wallpaper
>>>  Download  <<<
Xperia Z Live Wallpaper
>>>  Download  <<<
Galaxy Note 2 Feather Falling Live Wallpaper
>>> Download  <<<
Galaxy Note 2 Feather Live Wallpaper
>>> Download <<<
ဆက်ဖတ်ရန်

ဖုန်းအမျိုးမျိုးနဲ့ အင်တာနက်ချိတ်ဆက်နည်း အပါအ၀င် မိုဘိုင်းဖုန်းအကြောင်း






ဒီ စာအုပ်လေးကတော့ မြန်မာပြည်မိုဘိုင်းနက်ဝပ်နှင့် ပတ်သက်ပီး အခြေခံကျကျ

ရေးပြရှင်းပြထားတဲ့အပြင် GSM စတင်အသုံးပြုလာပုံ ပေါ်ပေါက်လာပုံအကြောင်း

CDMA ဖုန်းအကြောင်း WCDMA ဖုန်းအကြောင်း အားနည်းချက် အားသာချက်ကို

စနစ်တကျရှင်းပြထားတာမို့  မြန်မာပြည်က  ဖုန်းသုံးစွဲသူတွေ ဖတ်ထားသင့်သော

လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပါ ။ ဖုန်းအမျိုးမျိုးနဲ့  အင်တာနက်ချိတ်

ကွန်ပျုတာနဲ့ သုံးပုံကိုလည်း ပုံနှင်တကွ ရေးပြရှင်းပြထားတာမို့  လက်မလွတ်သင့်

ဆောင်ထားသင့်တဲံ စာအုပ်ကောင်းလေးဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်........။


ဒီလင့်မှာ Downlaod ယူပါ - မြန်မာ့မိုဘိုင်းနက်ဝပ်နှင် အင်တာနက်ချိတ်ဆက်နည်း
       အဆင်ပြေပါစေ 

ဆက်ဖတ်ရန်
Related Posts Plugin for WordPress, Blogger...
back to top