Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, 26 March 2013

နင်မသိပါဘူးချစ်သူ

 

နင်မသိပါဘူးချစ်သူ
တခါတလေ နင်ဖုံးမကိုင်တဲ့အခါ
ငါ့ရင်ထဲမှာဘယ်လောက်ဝမ်းနည်း နေတတ်သလဲဆိုတာကို

နင်မသိပါဘူး ချစ်သူ
နင်ဖုံးမကိုင်တဲ့အခါတိုင်း နံရံကနာရီကို မော့ကြည့်ပြီး 'ဒီ အချိန်အလုပ်ရှုပ်နေလို့ 'ပါဆိုတဲ့ကိုယ့်ကိုကိုယ် နှစ်သိမ့်တဲ့အတွေးတွေးပြီး ကျလုဆဲမျက်ရည်ကို အံကြိတ်ပြန်ရှိုက်လိုက်တာကို

နင်မသိပါဘူးချစ်သူ
နှစ်ကြိမ်လောက်ဖုံးခေါ်ပြီး မကိုင်တဲ့အခါ
ရင်ထဲမှာ နာကျင်လွန်းပြီး
နောက်တစ်ကြိမ်ပြန်ခေါ်သင့် မခေါ်သင့် ဒွိဟဖြစ်ရတဲ့အတွေးကို

နင်မသိပါဘူးချစ်သူ
နင်ဖုံးပိတ်ထားပြီး နေတဲ့အခါ
နင်ဘာဖြစ်နေလဲ ဘာများပြသာနာတက်နေလဲ ဆိုတဲ့အတွေးက ငါ့နှလုံးသားကို ဆွဲဆုတ်နေတာထက် ပိုမွန်းကျပ်တယ်ဆိုတာကို

နင်မသိပါဘူးချစ်သူ
မအားသေးလို့နောက်မှ ဆိုပြီး ပြောသွား
နင်ဖုံးချပစ်လိုက်တဲ့အခါ
ငါဘယ်လောက်အသက်ရှူရခက်လဲဆိုတာ

နငိမသိပါဘူးချစ်သူ
နင့်ဖုံးမအားတဲ့အခါ ဘယ်သူနဲ့များလဲဆိုတဲ့အတွေးက ငါ့ရင်ကိုဘယ်လောက်ပူလောင်စေလဲဆိုတာကို

နင်ဒါတွေတစ်ခုမှမသိပါဘူး
နင်သိတာ ဖုံးပြန်ဆက်မိရင် နင်အရစ်ခံရမယ်ဆိုတာလေ

ဟုတ်ပါတယ်
ငါရစ်မိ ဒေါသထွက်မိပါတယ်
ဒါတွေကလဲ ငါစိုးရိမ်ခဲ့တာတွေ ဖြစ်မလာဘူး
နင်ငါ့ဆီပြန်လာတယ်
ဆိုတဲ့အသိနဲ့ စိတ်တွေလျော့ချပစ်ပြီး
အသိစိတ်နဲငါ့ကိုယ့်ခဏလွတ်သွားလို့ပါ

နင်သိမှာပါ ရန်ဖြစ်ပြီးတိုင်း စိတ်ကောက်ပြီးတိုင်း
နင့်ကိုလွတ်ထွက်သွားမတတ်ဖက်ထား ပြီးငိုမိတာ နင့်ကိုငါအဆုံးရှုံးမခံနိုင်ဘူး ဆိုတာ သေချာသွားလို့ပေါ့
 
ဆက်ဖတ်ရန်

Thursday, 28 February 2013

♥♫ online ပေါ်ကချစ်သူ ♥♫

ကောင်မလေး
နင့်ကိုမေးပါရစေ
ကောင်မလေး…။

နင်...ငါ့ကိုမြင်ဖူးခဲ့သလား
နင်...ငါ့ကို ခင်ဖူးခဲ့သလား
နင်...ငါ့နဲ့ ဆုံဖူးခဲ့သလား
ကောင်မလေး ။........။

နင်သိအောင်ပြောပြမယ်
ငါ နင့်ကိုအရမ်းခင်သွားပြီ
ငါ တင့်ကိုတွေ့ဖူးခဲ့ရပြီ
ငါ နင့်နဲ့ ဆုံနေဖြစ်ခဲ့ပြီ
ကောင်မလေး။..........။
နင်သိလား
ငါ နင့်ကို ချစ်နေမိတာ

ငါ နင်နဲ့နေ့တိုင်းတွေ့နေခြင်ခဲ့တာ

ငါ နင်နဲ့စကားတွေပြောနေခြင်ခဲ့တာ

ငါ နင့်ဆီအပြေးလာခြင်ခဲ့တာ
ကောင်မလေး။............။
ဘာတွေတွေးနေလဲ....

ဒါဟာအိမ်မက်မဟုတ်တဲ့
တကယ့်ဖြစ်ရပ်အမှန်တွေပါနော်
ဆန်းကြယ်စွာတီထွင်ထားတဲ့
နည်းပညာရှင်တွေရဲ့ ကျေးဇူးကြောင့်ပေါ့
ကောင်မလေး။.........။
ရင်ထဲကအရှိကိုပြောမယ်
နင့်ကို သိပ်ချစ်မိခဲ့တယ်
ကောင်မလေး…။

နင်ဟာငါ့ရဲ့...

online ပေါ်က ချစ်ခဲ့ရသူပါ...။


မြင်းခြံသားလေး
ဆက်ဖတ်ရန်

Tuesday, 19 February 2013

ကြွေပန်းတစ်ပွင့်ရဲ့  ဒိုင်ယာရီ



မဝေကတည်းက
စောစီးစွာကြွေနေရှာတယ်
မမမွေးခင်ကတည်းက
ရနံပြယ်နေတဲ့  ဒီပန်း
ဒီလမ်းလေးမှာပဲ ခက်နွမ်းနွမ်းရှိနေတယ်

ပညာမစုံသေးပါဘူး
ကြင်ရာစုံချင်နေတယ်ထင်ပါရဲ့ 
အချိန်မတန်သေးတဲ့  ဒီအရွယ်
အိမ်ပြန်ချိန်တွေ နောက်ကျတတ်နေပြီ

အလှဂုဏ်တွေမက်လို့ 
ငွေရဲ့ ကျေးကျွန်အဖြစ်နဲ့ 
တဏှာရမ္မက်တွေကြား စီးမျောရင်း
ဘာသာပျောက်နေတဲ့  မြန်မာမရေးရယ်
ဘဝကိုဈေးကစားတဲ့  မင်းလေးကို အရမ်းနှမျောတယ်

ပန်းကောင်းအညွှန်ချိုးခံရတာမဟုတ်ပဲ
ကိုယ်အညွှန်ကိုချိုးနေသလို
ပန်းတိုင်းမှာ ရနံမရှိပေမယ့်
ပန်းတစ်ပွင့်တိုင်းမှာ ဒိုင်ယာရီဆိုတာရှိတယ်
အစမကောင်းတဲ့ ခဲ့ တဲ့ ဒီပန်း
နောက်ဆုံးကြွေချိန်မှာ နှင်းခြေခြင်းရဲ့ 
ပန်းရိုင်းတစ်ပွင့် မဖြစ်ပါစေနဲ့ လို့ 
ဆုတောင်းနေမိတယ် ပန်းရိုင်းတစ်ပွင့်နဲ့ တူတဲ့ 
ဒိုင်ယာရီထဲက ကောင်မလေးရယ် ။
ဆက်ဖတ်ရန်

Saturday, 9 February 2013

ရိုးဖြူသန့်  ရှင်းသော ချစ်ခွန်းစကား



အမြင်သာဆုံးပြောရရင်....
ညင်သာနူးညံ့တဲ့ လေပြေညှင်းလေးဟာ
ပူအိုက်မောပန်းလို့  မလန်းဆန်းနိုင်သူတစ်ယောက်တွက်ေ
တာ့
အားအင်တစ်ခုပဲဆိုဆို လေ ...လန်းဆန်းအေးမြစေလောက်ပါရဲ့.....
..
လေးပြင်းကြီးမဟုတ်ခဲ့ရင်ပေါ့။

အမြင်သာဆုံးပြောရရင်.....
ရေတစ်ခွက်၊ ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲဟာ
ဆာလောင်လို့  မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက် အတွက်တော့
အသက်ရှည်အားဆေး တစ်ခုဖြစ်လောက်ပါရဲ့.......
အဆိပ်ခတ်ထားတဲ့အရာတွေ မဖြစ်ခဲ့ရင်ပေါ့။

အမြင်သာဆုံးပြောရရင်......
လိုချင်စရာအကောင်းဆုံး ရောင်းဈေးနှုန်းနဲ့ 
ချစ်စရာဒီဇိုင်းလှလှ ခပ်ကြွကြွ smarten ကျကျ
hand phone လေးကို လူလားမြောက်တဲ့
(17) နှစ်လောက် လူငယ်တစ်ယောက်
လက်ခံရလိုက်မယ်ဆိုရင် ၀မ်းသားပီတိဖြစ်နေမိလောက်ပါရဲ့.
.....
made in china (တရုပ်နိုင်ငံလုပ်) ဖုန်းစုတ်မဟုတ်ခဲ့ရင်ပေါ့။

ရိုးဖြူသန့် ရှင်း အပွင့်လင်းဆုံးပြောရရင်....
ပူလောင်မောပန်း နွမ်းလို့ မလန်းဆန်းသူက
ငါဆိုပါစို့ .............................
.........................
လေပြေလိုအေးမြ လန်းဆန်းလို့ တက်ကြွစေမဲ့
တိုက်ခတ်တိုးဝှေ့ ခြင်းမျိုးနဲ့  ငါ့ဘ၀ထဲကိုဝင်လာခဲ့ဖို့ ............

ဆာလောင်လို့ မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်က
ငါဆိုပါစို့ .............................
..........................
ရေတစ်ခွက်၊ ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲ လေးလောက်ပဲဖြစ်ဖြစ်
အသက်ရှည်ဆေးတစ်ဇွန်းလို
အားအင်ဖြစ်စေမဲ့ စကားလေးတစ်ခွန်းကို
ရင်ဝယ်ပိုက်ပီး ငါ့ဘ၀ထဲကို ၀င်လာခဲ့ဖို့ ..........

ကြိတ်ခဲမရဖြစ်နေတဲ့ စိတ်ထဲကခံစားချက်တွေကို
မြင်ကြားပါစေလို့  ဆုတောင်းရင်းရင်ထဲကသူ့ ကို
ပြောလိုက်တော့မယ်နော်..........
.........................
တအား “ချစ်နေမိပီ” လူမလေးရယ်။
ချစ်တယ်..............မင်းကြား
လား? မြင်းရဲ့လား?


ချစ်ရသူ လူမလေးရယ်........
လေးပြေညှင်းလေးပါပဲနော်......
လေပြင်းကြီးတွေ မဖြစ်လိုပါ။
ချစ်ရသူ လူမလေးရယ်......
အသက်ရှည်အားဆေးတစ်ဇွန်း စကားလေးတစ်ခွန်းပါပဲနော်.....
အဆိပ်ခတ်ထားတဲ့ အရာတွေတော့ မဖြစ်လိုပါ။
ချစ်ရသူလူမလေးရေ........
ဟန်ဆောင် လိမ်ညာမှု့ ကင်းတဲ့ ဖြူစင်ခြင်းတွေပါပဲနော်........
virus ပါပီးသား made in china ဖုန်းတွေ စက်ပစ္စည်တွေလိုဆိုရင်တော့
လက်မခံလိုပါ...................
...။
ရိုးဖြူသန့် ရှင်းပွင့်လင်းခြင်းနဲ့  ရိုးရိုးလေးပဲဖြေလိုက်ပါ
“ချစ်လား.......?????”
ဆက်ဖတ်ရန်

Monday, 28 January 2013

သူသာရှိခဲ့ ရင်...





သူသာရှိခဲ့ ရင်ပေါ့
ကျနော်တို့ ရဲ့  ပညာရေး
ဒီလောက်အောက်တန်းမကျဘူး
သူသာရှိခဲ့ ရင်ပေါ့
သာယာတဲ့ တောတောင်နဲ့ 
ကျွန်းသစ် သယံဇာတတွေ
ပြုန်းတီးမှာ မဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
တောမီးမလောင်ပဲ
တောကြောင်တွေ
 လက်ခမောင်းမခတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
လာဘ်ပေးလာဘ်ယူတွေ
ဒီလိုပေါများမှာမဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
အနာဂါတ်ရဲ့  လူငယ်တွေ
လူညွှန်တုံးမှာ မဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
ငါတို့ တွေမိဝေးဖဝေးနဲ့ 
တကွဲတပြားမကွဲရလောက်ဘူး
သူသာရှိခဲ့ ရင်ပေါ့
တိုင်းရင်းသားတွေ
သွေးမကွဲလောက်ဘူး
သူသာရှိခဲ့ ရင်ပေါ့
ဘယ်လိုဘာသားခြားမှ
ငါတို့ ကို မစော်ရဲဘူး
သူသာရှိခဲ့ ရင်
လယ်ယာမြေတွေ
အကြောင်းမဲ့  အသိမ်းမခံရဘူး
သူသာရှိခဲ့ ရင်ပေါ့
သံဃာတော်တွေနဲ့ 
 ပြည့်သူသွေးမြေမခဘူး
သူသာရှိခဲ့ ရင် ပေါ့
လူဆင်းရဲတွေ ထမင်းမငတ်ဘူး
သူသာရှိခဲ့ ရင် ပေါ့
အရာရာဟာဆိုပြေလှပပြီး
ကောင်းမွန်တိုးတက်တဲ့ 
မြန်မာယာဉ်ကျေးမှုနဲ့ အတူ
ခေတ်မီနဲ့  နိုင်ငံတော် သစ်ဆီ
ကို ရောက်ေနလောက်ပြီ
သူသာရှိခဲ့ ရင်...........
သူသာရှိခဲ့ ရင်...........
သူသာရှိခဲ့ ရင်...............



   ဖိုးခွားလေး(ကော့မှူးမြို့ ) မှ
ဆက်ဖတ်ရန်

Wednesday, 2 January 2013

အသည်းကွဲနှစ်သစ်ကူး

ငါ့စိတ်ကူးထဲ တွေးပျော်ခဲ့တာ နင်နဲ့င့ါရဲ့ နှစ်သစ်ကူး(နယူးရီးယား)လေးက
ပျော်စရာကောင်းမယ်ထင်ခဲ့တာ
နောက်ဆုံး...နင်နဲ့ဖြတ်သန်းမယ်လို့တွေးထားတဲ့ ငါ့ရဲ့(နယူးရီးယား)ဟာ
ခြောက်သွေ့ပူလောင် ယစ်မူးမှုတွေနဲ့ကုန်ခမ်းသွားခဲ့ပြန်တယ်
လရောင်အောက်မှာ ကြယ်တွေကိုငေးကြည့်နေတဲ့ငါ
မျက်ရည်က နှင်းစက်တွေနဲ့အတူ အပြိုင်အဆိုင်
ငါပြန်လိုခဲ့တယ် ဒီလိုညတွေမကုန်စေချင်ဘူး
ပြန်လာခဲ့ပါ နှစ်သစ်ကူးရယ် ချစ်ရသူရယ်လို့ ငါအော်ခေါ်ပေမယ့်
နင့်မှမကြားနိုင်တော့တာ...
ငါမျှော်နေပေမယ့် နင်မှမလာနိုင်တော့တာ...
အရင်နှစ်ကတွဲဆက်ခဲ့တဲ့ချစ်သူ့လက်ကလေးတစ်စုံကို
ငါတွဲလို့ ဆောင်းနှင်းရဲ့အေးချမ်းမှုက ချစ်သူ့ကိုယ်ငွေ့လေးနဲ့နွေးလေရဲ့...
နင်မုန်းရက်ခဲ့တာလဲမဟုတ်ဘူး...
ငါမုန်းရက်ခဲ့တာလဲမဟုတ်ဘူး...
ကံအကြောင်းကြောင့် ငါတို့ပြန်ပေါင်းဖို့မဖြစ်နိုင်တော့တာပဲ
နင်ပေးခဲ့တဲ့နှစ်သစ်ကူးလက်ဆောင် ဂစ်တာလေးလဲ
ငါရင်ခုန်သံရိုက်ခတ်မှုတွေကြောင့် ကြိုးလေးတွေပြတ်တောက်နေပေါ့
ဘ၀ခြားသွားခဲ့တဲ့ချစ်သူရဲ့ဓါက်ပုံလေးကခုချိန်မှာ
ငါရဲ့(နယူးရီးယား)လက်ဆောင်လား
နင့်အစားငါသွားလိုက်ချင်ပါရဲ့ဟာ မရဏမင်းကင့ါဘ၀--ငါ့ရည်မှန်းချက်--င့ါစိတ်ကူးတွေ
ဖျက်စီးလိုက်တဲ့အချိန် ငါဟာ အမြဲတမ်း နှစ်ကူးတိုင်း (အသဲကွဲသမား) သေသောက်ကျူးဖြစ်နေလေရဲ့
ပြန်လာခဲ့ပါချစ်သူရယ်........................................
ဆက်ဖတ်ရန်

Friday, 21 December 2012

အမေစု ကိုယ်တိုင်ရေးတဲ့ကဗျာ လေးပါ

 

အန်တီစုရဲ့ ကိုယ်တိုင်ရေး မြန်မာကဗျာတပုဒ်ကို ပြန်လည်မျှဝေပေးပါတယ်။
အင်တာနက်ပေါ်က ကြမ်းတမ်းယုတ်ညံ့သော စကားများ သုံးစွဲကြကုန်သော မသူတော် အပေါင်းတို့ ၊ စစ်မှန်သော စံပြထိုက်သော စိတ်ဓါတ်ကို အတုယူကြပါကုန်လော့။ မိမိကိုယ်ကိုပင် မလေးစားနိုင်သော အဖြစ်သို့ မရောက်ရှိရန် ကိုယ်တိုင်ကြိုးစားရမည်သာ ဖြစ်ပါ၏။
မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့

... သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့...
 

ဆက်ဖတ်ရန်
Related Posts Plugin for WordPress, Blogger...
back to top