Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, 1 April 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။
ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို
အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်
ကလည်း တော်တော်ပြင်းပါတယ်။

သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။

အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်း
လို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။
ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။

အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့
က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်
လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ
ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထား
ပါတယ်။

မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်
လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း
ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်
ထားပါတယ်။

ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
ဆက်ဖတ်ရန်

Monday, 25 March 2013

iPhone 5 နဲ့ Samsung Galaxy S4 ကိုလှပစွာနှိုင်းယှဉ်ထားခြင်း (Photo Gallery)

Samsung Galaxy S4 နဲ့ iPhone 5 ။ နှစ်ခုစလုံးကတော့ Latest ဖုန်း ၊ နာမည်အကြီးဆုံး Smart ဖုန်းများပဲဖြစ်ပါတယ်။ ဒီဇိုင်းလှပတဲ့ နည်းပညာမြင့် ဟန်းဆက်များကိုကိုင်လိုသူတွေကလည်း Samsung Galaxy S4 နဲ့ iPhone 5 ဘယ်ဟာရွေးချယ်ရမလဲဝေခွဲမရဖြစ်နေကြပါပြီ ။ ဒီအတွက် Designer တစ်ယောက်ဖြစ်တဲ့ Martin Hajek က ဖုန်းနှစ်လုံးရဲ့ဒီဇိုင်းလှပပုံတွေကို အရည်အသွေးမြင့်ပုံရိပ်တွေနဲ့ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ဒီပုံရိပ်များကိုကြည့်ပြီး မိမိတို့လိုချင်တဲ့ ဒီဇိုင်းကိုသေချာရွေးချယ်နိုင်မှာပါ။ ဒီဇိုင်နာ Martin Hajek ရဲ့ ဖုန်းနှစ်လုံးနှိုင်းယှဉ်ချက်အရည်အသွေးမြင့်ပုံရိပ်များကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။

ဆက်ဖတ်ရန်

Thursday, 7 March 2013

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာ့လူငယ်များ ဖတ်ရန်)

ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်ဆို မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။  ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့   အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။  ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ရန်ကုန်ကို ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။  ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။  အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့  အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင်  ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့  အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ ဈေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့ လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့  အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Wesbiste Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖတ်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်မခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖို့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ  လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့ က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင်ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖို့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။
--
http://www.innewsmyanmar.com/2013/01/blog-post_13.html
ဆက်ဖတ်ရန်

Monday, 18 February 2013

ပတ္တမြား ငမောက်

ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

ရရှိပုံ

ရရှိပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူသည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။

ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း
လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ၀မ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။

တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌
တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦး
လက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။

ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။
ဘုရင်မင်းမြတ်လည်း ၀မ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။

မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။ တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်းပတ္တမြားမျက်ရှင်မှာ
တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။

ထူးခြားချက်

ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်းသိရပါသည်။ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။

ပျောက်ဆုံးပုံ

" သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင်ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်
သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။

မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။

သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။

ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။

၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန် သည်။

ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန့်ု ကြဲလျက် ရှိပါသည်..........။

ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘုရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။

ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။

ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်း ချက် များဖြစ်သည်။
ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်းစဉ်ပတ္တမြားများ

၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား

၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား

၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား

၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား

၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။

ကျမ်းကိုး

1. ↑ ရာဇ၀င်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း
2. ↑ တော်ဘုရားကလေး(အောင်ဇေ)၏ ပတ္တမြားငမောက် လန်ဒန်ရောက်
3. ↑ မူရင်း Deposed King Thibaw of Burma in India, 1885-1916 by W.S Desai ကို ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ အခန်းဆက်
ဆောင်းပါး များမှ

မှတ်ချက် ။ ။ ရှာဖွေဖတ်ရှု့ရင်း Myanmar Online Encyclopedia ကတွေ့လို့ဗဟုသုတအဖြစ်တင်ပေးလိုက်တာပါ ။
အကြင်နာမြို့တော် မှမှုရင်အတိုင်းကူယူတင်ပြပါသည် ။
ပတ္တမြား ငမောက်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ
်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၄င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက် ရှိသည်။

Wednesday, 6 February 2013

ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ

မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယော အတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။ အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင် မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာ ဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများစွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ့  မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။ အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင် မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများ စွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။ အဲဒီဘာသာပြန်စာအုပ်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) မဟာပထ၀ီမြေကြီး၏ အခြင်းအရာကို ပြဆိုသော ဂျီအော်လော်ဂီ (Geology)စာအုပ်၊ (၂) ရွှေကျောက်၊ ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစပြီး ခပ်သိမ်းသော ကျောက်မျိုးကို ပြဆိုရာဖြစ်သော မင်နရော်လော်ဂီ(Mineralogy)စာအုပ်၊ (၃) အရပ်ရပ် တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သည့် သစ်ပင်မျိုးကို ပြဆိုသည့် ဘိုတနီ(Botany)စာအုပ်၊ (၄) ကုန်းနေရေနေ သားငါးတိရစ္ဆာန်မျိုးကို ပြဆိုသည့် ဇူးအော်လော်ဂီ (Zoology)စာအုပ်၊ (၅) ကိုယ်ခန္ဓာ၌ ၃၂ကောဋ္ဌာသအစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အင်နာတမီ(Anatomy)စာအုပ်၊ (၆) အသက်ရှိသည့် လူသတ္တ၀ါ တိရစ္ဆာန် သစ်ပင်တို့၌ မည်သည့်ဓာတ် ပြုပြင်ပြောင်းလဲသည်ကို ပြဆိုရာဖြစ်သော ဖီးဇီယော်လော်ဂီ(Physiology) စာအုပ်၊ (၇) ဘိန္ဓောဆေးမျိုး ဖော်နည်းစပ်နည်း၊ ကြွေမျိုး မြေမျိုး ဖန်မျိုး မှန်မျိုး အသုံးအဆောင်၊ ရွှေရောင် ငွေရောင် အနီ အ၀ါ အစိမ်း အပြာ စသော အရောင်မျိုး၊ ကန့်ပြန် ယမ်းပြန် အရက်ပြန်မှစပြီး ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်းသောက်ဖွယ်၊ ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက်ကြေးနန်း၊ ဓာတ်ပုံကူးနည်း၊ မိုးချိန် လေချိန် ရေချိန် အခိုးချိန် မီးချိန် စသော ပြဒါး ဖန်ချောင် အမျိုးမျိုး၊ ကျောက်မီးသွေးတူးဖော်နှပ် လုပ်နည်း၊ ၄င်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသော လုပ်နည်းများကို ပြဆိုသည့် ဟင်မစ္စရီ(Chemistry)စာအုပ်၊ (၈) ရောဂါမျိုး ကုသနည်း အခြင်းအရာကို ပြဆိုသော ဖီးစစ်ကက် (Physics)စာအုပ်၊ (၉) ဟစ္စထရီ(History)ကျမ်း အ၀င်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက်ဟစ္စရီ(Natural History)စာအုပ်၊ (၁၀) မင်းတို့အစဉ် အဖြစ်အပျက်ကို ပြဆိုသော မောရက်ဟစ္စရီ(Moral History)စာအုပ်၊ (၁၁) တိုင်းပြည်နိုင်ငံ ကျွန်းကြီးကျွန်းငယ် တောတောင် မြစ် ပင်လယ် သမုဒ္ဒရာများကို ပြဆိုရာဖြစ်သော ဂျော်ဂရဘီ(Geography)စာအုပ်၊ (၁၂) မက်သင်မက်တိတ်(Mathematics)ကျမ်းအ၀င်ဖြစ်သော ရွှေတွက်၊ ငွေတွက်၊ အစိပ်ဂဏန်း၊ ဆယ်လီစိပ်ဂဏန်း၊ သုံးချက်ဂဏန်း၊ ၀င်မူလ၊ ဃနမူလမှ စပြီး အရပ်ရပ် တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်း တွက်နည်းအရိသမတိတ်(Arithmetic)စာအုပ်၊ (၁၃) မျဉ်းတွန့်၊ မျဉ်းဖြောင့်၊ မျဉ်းကောက်၊ စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ ၅ထောင့် ၅နားမှ စပြီး မျက်နှာပြင်၌ ဖြစ်သည့် အရပ်ရပ် ပုံမျိုးကို အနားချင်း၊ ထောင့်အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းရှည်ပြီး ရေတွက်နည်းများနှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရဖြစ်ကြောင်း အရင်းမူလကို ပြဆိုသည့် ပလေ ဂျော်မက်ထရီ(Plane Geometry)စာအုပ်၊ (၁၄) ထုလုံး၊ ၃ထောင့် ၄ထောင့် ၅ထောင့်မှ စပြီး တစ်ခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စောလစ် ဂျော်မက်ထရီ(Solid Geometry)စာအုပ်၊ (၁၅) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နားမှ စပြီး ကောင်းကင်ကဲ့သို့ ခုံးသော အမြင့်ရှိသော အရာဌာနတို့၌ ဖြစ်သည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စဖက်ရစ်ကတ် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်၊ (၁၆) ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ် တွက်နည်းတွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထားပြီး တွက်သည်များကို ပြဆိုသည့် အာဂျီဘရ(Algebra)စာအုပ်၊ (၁၇) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ အလုံးပုံ၊ အခုံးပုံ၊ အုပ်ဆောင်းပုံ၊ ပြောင်းပုံ၊ စည်ပုံ။ ဇယားပုံ၊ ၃မြှောင့် ၄မြှောင့် ၅မြှောင့်ပုံ စသော အရပ်ရပ်ပုံမျိုးတွင် အလျား အနံ အစောက် တိုင်းပြီး လက်သစ် စတုရမ်း၊ မိုက် စတုရမ်း၊ ထောင် စတုရမ်း၊ တာ စတုရမ်း၊ မျက်နှာပြင် ဖလကွက်၊ တခဲနက် ထုကွက် တွက်နည်းများကို ပြဆိုသည့် မင်စရေရှန်း (Mensuration)စာအုပ်၊ (၁၈) တိုက်အိမ်၊ သင်္ဘော၊ လှေ၊ သမ္ဗာန်၊ ဥမင်၊ တံတားမှ စပြီး သံ သစ် ပျဉ် အုတ် ကျောက် တို့ဖြင့် လုပ်ဆောင်သည့် အဆောက်အဦးများကို ပြဆိုသည့် အာရကက်စ်တက္ကချား(Architecture)ခေါ် ဗိသုကာပညာစာအုပ်၊ (၁၉) တိုက်အိမ်၊ အဆောက်အဦး၊ သစ်ပင်တောတောင်၊ မြေမျက်နှာ၊ ပင်လယ်သမုဒ္ဒရာ စသည့်တို့၌ အလျား အနံ အကျဉ်း အကျယ် အနိမ့် အမြင့် အကွာ အဝေးများကို မှန်ကန်သိသာအောင် တိုင်း ချိန် တွက်နည်း အရင်းမူလကို ပြဆိုသည့် ပလေး ထရစ်ဂနော်မက်ထရီ(Plane Trigonometry)စာအုပ်၊ (၂၀) ကောင်းကင်ကဲ့သို့ ခုံးသော မြင့်သော အရာဌာနတို့၌ ဖြစ်သော ပုံမျိုးတို့တွင် အလျား အနံ ထောင့် အင်္သာ၊ အကွာ အဝေး အချင်း အနိမ့် အမြင့် လုံးပတ် စသည်များကို တွက်စစ်ပြဆိုသည့် စဖစ်ရစ်ကက် ထရစ်ဂနော်မက်ထရီ(Spherical Trigonometry)စာအုပ်၊ (၂၁) နေ လ ဂြိုလ် နက္ခတ်တာရာ ကြယ်တံခွန် မှစပြီး ကောင်းကင်၌ တည်သည့်အရာများကို တွက်စစ်ပြဆိုသည့် အစထရော်နော်မီး (Astronomy) ခေါ် ဗေဒင်လက်ရိုးစာအုပ်၊ (၂၂) ကုန်း လမ်းမထင်သည့် ပင်လယ်သမုဒ္ဒရာ၌ နေ လ ဂြိုလ် နက္ခတ် တာရာကို တိုင်း ချိန် တွက် စစ်ပြီး လိုရာ မြို့ ရွာ ဆိပ်ကမ်းသို့ ရောက်အောင် သင်္ဘောသွားနည်းကို ပြဆိုသည့် နာဘစ်ဂေးရှန်း(Navigation)စာအုပ်၊ (၂၃) ဗုံး အမြောက် သေနတ် မီးကျည် စသော လက်နက်မျိုးကို ပစ်လွှတ်နည်း၊ ခံမြို့ တည်ဆောက်နည်း စသော စစ်ရေး စစ်မှုနှင့် စပ်ဆိုင်သော ဗျူဟာအမျိုးမျိုးကို ပြဆိုသည့် မစ်လစ်ထရီ(Military Science)စာအုပ်၊ (၂၄) နာရီ ကြီး ငယ် စက်၊ ထည်မျိုး အုပ်မျိုး အသုံးအဆောင် ရက်လုပ် သည့်စက်၊ မီးသင်္ဘောစက်၊ မီးရထားစက် မှစပြီး အရပ်ရပ် ကုန်းစက် ရေစက်များကို ပြဆိုသည့် မစ်ရှင်နရီ(Machinery)စာအုပ်......... စသောအားဖြင့် ပညာရပ်စာအုပ်များစွာ ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က ဘာသာပြန်ခဲ့တဲ့ အနောက်တိုင်းသိပ္ပံပညာစာအုပ် စာရင်းတဲ့။ များလိုက်တဲ့ပညာရပ်တွေ၊ ဘာသာပြန်နိုင်ပြီဆိုမှတော့ တတ်မြောက်နေကြပြီလို့ ယူဆလို့ ရနေပြီပဲ။ အဲဒီခေတ်အခါက အနောက်တိုင်းမှ ပညာဗဟုသုတ အလင်းရောင်ကိုရအောင် ရှေးဦးစွာ ကြိုးပမ်းခဲ့ကြတဲ့ ရှေးမြန်မာတွေ ဘယ်လိုအဆင့်အတန်းထိ ရောက် ခဲ့တယ်ဆိုတာ ထင်းထင်းကြီးပေါ်လွင်စေခဲ့ပြီပဲ။ ပန်းတဉ်းဝန်ထောက်၊ ဖန်ချက်ဝန်ထောက်၊ သံချက်ဝန်တို့ကတော့ ပညာလမ်းကို ရှေးဦးစွာ ညွှန်ပြခဲ့တဲ့ အဲဒီခေတ်အခါက ထင်ရှားတဲ့ ပညာတတ်လူငယ်တွေဖြစ်ကြ ပါတယ်။ ကနောင်မင်းသားကြီးနဲ့ပူးပေါင်းကြိုးပမ်းခဲ့ကြတဲ့ ထိုထိုသောပုဂ္ဂိုလ်ကြီးများရဲ့ ဥာဏ်အမြော်အမြင်၊ ကြိုးပမ်းအားထုတ်မှုတွေကတော့ အာရှမှာ ဘယ်နိုင်ငံ သမိုင်းနှင့် ယှဉ်ယှဉ် နိမ့်ကျမယ် မထင်ပါဘူး။ သူ့ခေတ်သူ့အခါ အသီးသီးက နိုင်ငံအတွက် ကြိုးစားအားထုတ်ခဲ့ကြတဲ့သူတိုင်းကို ကျွန်တော်တို့ နှောင်းလူတွေအနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူလေးစားကြရပေလိမ့်မယ်။ (ဆရာမောင်ထင်ရေးသားတဲ့ ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းမှ အချက်အလက်များကို ထုတ်နှုတ်ရေးသားပါတယ်။) **မင်းအရိပ်**
မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယော
အတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ့ မြန်မာလူငယ်အချို့ကို
ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံ
များဖြစ်ကြတဲ့အင်္ဂလန်၊ အီတလီ၊
ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါတယ်။

အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်
မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို မြန်မာ
ဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများစွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က သိပ္ပံပညာဘာသာပြန်စာအုပ်များ မင်းတုန်းမင်းနန်းတက်ပြီး မကြာခင်မှာပဲ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်တို့ဟာထူးချွန်ထက်မြက်တဲ
့ မြန်မာလူငယ်အချို့ကို ရွေးချယ်ပြီး အဲဒီခေတ်က ခေတ်မီနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် စတဲ့နိုင်ငံတွေကို ပညာတော်သင်များအဖြစ်
စေလွှတ်ခဲ့ပါတယ်။

အဲဒီပညာတော်သင်တွေဟာ နိုင်ငံအသီးသီးမှာ ခေတ်မီပညာရပ်များ သင်ကြားပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ ကနောင်
မင်းသားကြီးက ၄င်းတို့ တတ်မြောက်ခဲ့တဲ့ ပညာရပ်အသီးသီးကို
မြန်မာဘာသာပြန်ဆိုရေးသားဖို့ အမိန့်ရှိတာကြောင့် ပညာရပ်ပေါင်းများ
စွာကို အသီးသီးဘာသာပြန်ဆိုရေးသားခဲ့ကြပါတယ်။

အဲဒီဘာသာပြန်စာအုပ်စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မဟာပထ၀ီမြေကြီး၏ အခြင်းအရာကို ပြဆိုသော ဂျီအော်လော်ဂီ
(Geology)စာအုပ်၊
(၂) ရွှေကျောက်၊ ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစပြီး ခပ်သိမ်းသော
ကျောက်မျိုးကို ပြဆိုရာဖြစ်သော မင်နရော်လော်ဂီ(Mineralogy)စာအုပ်၊
(၃) အရပ်ရပ် တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သည့် သစ်ပင်မျိုးကို ပြဆိုသည့် ဘိုတနီ(Botany)စာအုပ်၊
(၄) ကုန်းနေရေနေ သားငါးတိရစ္ဆာန်မျိုးကို ပြဆိုသည့် ဇူးအော်လော်ဂီ
(Zoology)စာအုပ်၊
(၅) ကိုယ်ခန္ဓာ၌ ၃၂ကောဋ္ဌာသအစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အင်နာတမီ(Anatomy)စာအုပ်၊
(၆) အသက်ရှိသည့် လူသတ္တ၀ါ တိရစ္ဆာန် သစ်ပင်တို့၌ မည်သည့်ဓာတ်
ပြုပြင်ပြောင်းလဲသည်ကို ပြဆိုရာဖြစ်သော ဖီးဇီယော်လော်ဂီ(Physiology)
စာအုပ်၊
(၇) ဘိန္ဓောဆေးမျိုး ဖော်နည်းစပ်နည်း၊ ကြွေမျိုး မြေမျိုး ဖန်မျိုး မှန်မျိုး အသုံးအဆောင်၊ ရွှေရောင် ငွေရောင် အနီ အ၀ါ အစိမ်း အပြာ စသော အရောင်မျိုး၊ ကန့်ပြန် ယမ်းပြန် အရက်ပြန်မှစပြီး ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်းသောက်ဖွယ်၊ ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက်ကြေးနန်း၊ ဓာတ်ပုံကူးနည်း၊ မိုးချိန် လေချိန် ရေချိန် အခိုးချိန် မီးချိန် စသော ပြဒါး ဖန်ချောင် အမျိုးမျိုး၊ ကျောက်မီးသွေးတူးဖော်နှပ်
လုပ်နည်း၊ ၄င်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသော လုပ်နည်းများကို ပြဆိုသည့် ဟင်မစ္စရီ(Chemistry)စာအုပ်၊
(၈) ရောဂါမျိုး ကုသနည်း အခြင်းအရာကို ပြဆိုသော ဖီးစစ်ကက်
(Physics)စာအုပ်၊
(၉) ဟစ္စထရီ(History)ကျမ်း အ၀င်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက်ဟစ္စရီ(Natural History)စာအုပ်၊
(၁၀) မင်းတို့အစဉ် အဖြစ်အပျက်ကို ပြဆိုသော မောရက်ဟစ္စရီ(Moral History)စာအုပ်၊
(၁၁) တိုင်းပြည်နိုင်ငံ ကျွန်းကြီးကျွန်းငယ် တောတောင် မြစ် ပင်လယ် သမုဒ္ဒရာများကို ပြဆိုရာဖြစ်သော ဂျော်ဂရဘီ(Geography)စာအုပ်၊
(၁၂) မက်သင်မက်တိတ်(Mathematics)ကျမ်းအ၀င်ဖြစ်သော
ရွှေတွက်၊ ငွေတွက်၊ အစိပ်ဂဏန်း၊ ဆယ်လီစိပ်ဂဏန်း၊ သုံးချက်ဂဏန်း၊ ၀င်မူလ၊ ဃနမူလမှ စပြီး အရပ်ရပ် တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်း
တွက်နည်းအရိသမတိတ်(Arithmetic)စာအုပ်၊
(၁၃) မျဉ်းတွန့်၊ မျဉ်းဖြောင့်၊ မျဉ်းကောက်၊ စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ ၅ထောင့် ၅နားမှ စပြီး မျက်နှာပြင်၌ ဖြစ်သည့် အရပ်ရပ်
ပုံမျိုးကို အနားချင်း၊ ထောင့်အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းရှည်ပြီး
ရေတွက်နည်းများနှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရဖြစ်ကြောင်း အရင်းမူလကို ပြဆိုသည့် ပလေ ဂျော်မက်ထရီ(Plane Geometry)စာအုပ်၊
(၁၄) ထုလုံး၊ ၃ထောင့် ၄ထောင့် ၅ထောင့်မှ စပြီး တစ်ခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို ပြဆိုသော စောလစ်
ဂျော်မက်ထရီ(Solid Geometry)စာအုပ်၊ (၁၅) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နားမှ စပြီး ကောင်းကင်ကဲ့သို့ ခုံးသော အမြင့်ရှိသော အရာဌာနတို့၌ ဖြစ်သည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်းမူလကို
ပြဆိုသော စဖက်ရစ်ကတ် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်၊
(၁၆) ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ် တွက်နည်းတွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထားပြီး တွက်သည်များကို ပြဆိုသည့် အာဂျီဘရ(Algebra)စာအုပ်၊
(၁၇) စက်ဝန်း၊ ၃ထောင့် ၃နား၊ ၄ထောင့် ၄နား၊ အလုံးပုံ၊ အခုံးပုံ၊ အုပ်ဆောင်းပုံ၊ ပြောင်းပုံ၊ စည်ပုံ။ ဇယားပုံ၊ ၃မြှောင့် ၄မြှောင့် ၅မြှောင့်ပုံ စသော အရပ်ရပ်ပုံမျိုးတွင် အလျား အနံ အစောက် တိုင်းပြီး လက်သစ် စတုရမ်း၊ မိုက် စတုရမ်း၊ ထောင် စတုရမ်း၊ တာ စတုရမ်း၊ မျက်နှာပြင် ဖလကွက်၊ တခဲနက် ထုကွက် တွက်နည်းများကို ပြဆိုသည့် မင်စရေရှန်း
(Mensuration)စာအုပ်၊
(၁၈) တိုက်အိမ်၊ သင်္ဘော၊ လှေ၊ သမ္ဗာန်၊ ဥမင်၊ တံတားမှ စပြီး သံ သစ် ပျဉ် အုတ် ကျောက် တို့ဖြင့် လုပ်ဆောင်သည့် အဆောက်အဦးများကို ပြဆိုသည့် အာရကက်စ်တက္ကချား(Architecture)ခေါ် ဗိသုကာပညာစာအုပ်၊
(၁၉) တိုက်အိမ်၊ အဆောက်အဦး၊ သစ်ပင်တောတောင်၊ မြေမျက်နှာ၊ ပင်လယ်သမုဒ္ဒရာ စသည့်တို့၌ အလျား အနံ အကျဉ်း အကျယ် အနိမ့် အမြင့် အကွာ အဝေးများကို မှန်ကန်သိသာအောင် တိုင်း ချိန် တွက်နည်း အရင်းမူလကို ပြဆိုသည့် ပလေး ထရစ်ဂနော်မက်ထရီ(Plane Trigonometry)စာအုပ်၊
(၂၀) ကောင်းကင်ကဲ့သို့ ခုံးသော မြင့်သော အရာဌာနတို့၌ ဖြစ်သော ပုံမျိုးတို့တွင် အလျား အနံ ထောင့် အင်္သာ၊ အကွာ အဝေး အချင်း အနိမ့် အမြင့် လုံးပတ် စသည်များကို တွက်စစ်ပြဆိုသည့် စဖစ်ရစ်ကက် ထရစ်ဂနော်မက်ထရီ(Spherical Trigonometry)စာအုပ်၊
(၂၁) နေ လ ဂြိုလ် နက္ခတ်တာရာ ကြယ်တံခွန် မှစပြီး ကောင်းကင်၌ တည်သည့်အရာများကို တွက်စစ်ပြဆိုသည့် အစထရော်နော်မီး
(Astronomy) ခေါ် ဗေဒင်လက်ရိုးစာအုပ်၊
(၂၂) ကုန်း လမ်းမထင်သည့် ပင်လယ်သမုဒ္ဒရာ၌ နေ လ ဂြိုလ် နက္ခတ်
တာရာကို တိုင်း ချိန် တွက် စစ်ပြီး လိုရာ မြို့ ရွာ ဆိပ်ကမ်းသို့ ရောက်အောင် သင်္ဘောသွားနည်းကို ပြဆိုသည့် နာဘစ်ဂေးရှန်း(Navigation)စာအုပ်၊
(၂၃) ဗုံး အမြောက် သေနတ် မီးကျည် စသော လက်နက်မျိုးကို ပစ်လွှတ်နည်း၊ ခံမြို့ တည်ဆောက်နည်း စသော စစ်ရေး စစ်မှုနှင့် စပ်ဆိုင်သော ဗျူဟာအမျိုးမျိုးကို ပြဆိုသည့် မစ်လစ်ထရီ(Military Science)စာအုပ်၊
(၂၄) နာရီ ကြီး ငယ် စက်၊ ထည်မျိုး အုပ်မျိုး အသုံးအဆောင် ရက်လုပ်
သည့်စက်၊ မီးသင်္ဘောစက်၊ မီးရထားစက် မှစပြီး အရပ်ရပ် ကုန်းစက်
ရေစက်များကို ပြဆိုသည့် မစ်ရှင်နရီ(Machinery)စာအုပ်.........
စသောအားဖြင့် ပညာရပ်စာအုပ်များစွာ ဘာသာပြန်ဆိုခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်က ဘာသာပြန်ခဲ့တဲ့ အနောက်တိုင်းသိပ္ပံပညာစာအုပ်
စာရင်းတဲ့။ များလိုက်တဲ့ပညာရပ်တွေ၊ ဘာသာပြန်နိုင်ပြီဆိုမှတော့ တတ်မြောက်နေကြပြီလို့ ယူဆလို့ ရနေပြီပဲ။ အဲဒီခေတ်အခါက အနောက်တိုင်းမှ ပညာဗဟုသုတ အလင်းရောင်ကိုရအောင် ရှေးဦးစွာ
ကြိုးပမ်းခဲ့ကြတဲ့ ရှေးမြန်မာတွေ ဘယ်လိုအဆင့်အတန်းထိ ရောက်
ခဲ့တယ်ဆိုတာ ထင်းထင်းကြီးပေါ်လွင်စေခဲ့ပြီပဲ။ ပန်းတဉ်းဝန်ထောက်၊ ဖန်ချက်ဝန်ထောက်၊ သံချက်ဝန်တို့ကတော့ ပညာလမ်းကို ရှေးဦးစွာ ညွှန်ပြခဲ့တဲ့ အဲဒီခေတ်အခါက ထင်ရှားတဲ့ ပညာတတ်လူငယ်တွေဖြစ်ကြ
ပါတယ်။

ကနောင်မင်းသားကြီးနဲ့ပူးပေါင်းကြိုးပမ်းခဲ့ကြတဲ့ ထိုထိုသောပုဂ္ဂိုလ်ကြီးများရဲ့ ဥာဏ်အမြော်အမြင်၊ ကြိုးပမ်းအားထုတ်မှုတွေကတော့ အာရှမှာ ဘယ်နိုင်ငံ
သမိုင်းနှင့် ယှဉ်ယှဉ် နိမ့်ကျမယ် မထင်ပါဘူး။ သူ့ခေတ်သူ့အခါ အသီးသီးက
နိုင်ငံအတွက် ကြိုးစားအားထုတ်ခဲ့ကြတဲ့သူတိုင်းကို ကျွန်တော်တို့
နှောင်းလူတွေအနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူလေးစားကြရပေလိမ့်မယ်။ (ဆရာမောင်ထင်ရေးသားတဲ့ ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်းမှ အချက်အလက်များကို ထုတ်နှုတ်ရေးသားပါတယ်။)
ဆက်ဖတ်ရန်

Sunday, 3 February 2013

ကမ္ဘာ့ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုးသမီး

ပိုလန်နိုင်ငံမှာ ဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒ ပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီးဟာ ကမ္ဘာ့ပထမဆုံး နိုဘယ်လ်ဆုရှင် အမျိုးသမီး ဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

Radioactivity သီအိုရီ ကို စတင်ထုတ်ဖော်နိုင်သူ၊ radioactive isotopes ခွဲထုတ်ခြင်း နည်းပညာကို ဖန်တီးသူ၊ ပိုလိုနီယမ်၊ ရေဒီယမ် အစရှိ သဖြင့် ဒြပ်စင် နှစ်ခု ရှာဖွေတွေ့ရှိသူ အဖြစ် အောင်မြင်ကျော်ကြားပြီး အခြားသော သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုပေါင်း များစွာ ရရှိထား သူ ဖြစ်ပါတယ်။

၁၈၆၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က မွေးဖွားပြီး ၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

အမျိုးသမီး တစ်ဦးအနေနဲ့ သူမရဲ့  တီထွင်မှု၊ ရှာဖွေဖော်ထုတ်နိုင်မှုဟာ အခြားသော အောင်မြင်တဲ့ အမျိုးသား သိပ္ပံပညာရှင်များနဲ့ တန်းတူ ယှဉ်နိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘာ့ပထမဆုံး အမျိုးသမီး နိုဘယ်ဆုရှင်၊ ကမ္ဘာ့ အထူးချွန်ဆုံး အမျိုးသမီး ရူပ၊ဓာတု ဗေဒ ပညာရှင်အဖြစ် အသိမှတ်ပြုခံထား ရကြောင်း သိရပါတယ်။ 
Fb မှာ like ပေးခဲ့စေချင်ပါတယ်
ဆက်ဖတ်ရန်

Monday, 21 January 2013

0.80 မီလီမီတာ သာအထူရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီပါ

0.80 မီလီမီတာ သာအထူရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီ ပါ

Credit To: Internet Journal

0.80 မီလီမီတာရှိပြီး credit card တစ်ခုထက် ပိုမိုပါးလွှာသည့် ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို CES 2013 ပြပွဲတွင် ပွဲထုတ်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်းအပါးလွှာဆုံး လက်ပတ်နာရီကို CST-01 ဟု အမည်ပေးထားပြီး Central Standard Timing နှင့် E-ink တို့မှ အကျိုးတူ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မူပိုင်ခွင့်ပြုလုပ်ထားသည့် အဆိုပါ CST-01 ကို ပါးလွှာပြီး ပြုပြင်ပြောင်းလဲနိုင်သည့် အရာဝတ္ထု များကို သံမဏိကိုယ်ထည်အဖြစ် စုစည်းပြုလုပ်ထားပြီး external dock ဖြင့် ၁၀ မိနစ်အားသွင်းရုံဖြင့် ၁၅ နှစ် အသုံးပြုနိုင်မည်ဟု သိရသည်။ အဆိုပါ CST-01 ကို လက်ပတ်နာရီကို အမေရိကန်ဒေါ်လာ ၁၂၉ ဖြင့် Kickstarter ၀က်ဘ်ဆိုက်တွင် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ်တွင် စတင်ဈေးကွက်တင်ပို့မည်ဖြစ်သည်။

ရေးသားသူ -ဟေမာ
Ref: CNET

internet journal မှ
ဆက်ဖတ်ရန်

Saturday, 5 January 2013

“သိသင့်သောယဉ်ကျေးမှု့အချက်(၃၂)ချက်”

၁။ မိမိနှင့် သင့်လျော်သောနေရာတွင်နေရာ၏။

၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရာ။

၃။ ရွှင်ပျသောမျက်နှာထားအမူအရာရှိရာ၏။

၎။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်းမရှိစေရ။

၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။

၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။

၇။ အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာနေလှန်းရာ၏။
အိပ်ရာမှထလျှင် ခြင်ထောင်ကိုတင်၍ စောင်၊ ခေါင်းအုံးတို့ကို
နေရာတကျရှိစေရာ၏။

၈။ အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။

၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာမပြုနှင့်၊
အိပ်နေသောသူများမနိုးအောင် သတိပြုရာ၏။

၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှူမမှန်ဖြစ်တတ်သည်။

၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။
မိမိကပေးလျှင်လည်း လက်နှစ်ဘက်ဖြင့် ပေးရာ၏။
၁၂။ တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊ ဝင်သည့်ထွက်သည့် အခါတိုင်း တံခါးကို ပိတ်ရာ၏။ဤသို့ပိတ်သည့်အခါ အသံမမြည်အောင်ဖြည်းညင်းစွာပိတ်ရာ၏။

၁၃။ အိမ်ကိုဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ပစ်ခဲ့ပါ။
ဖိနပ်ကိုချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။

၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။

၁၅။ အစာစားသောအခါ အချိန်မှန်စွာစားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။

၁၆။ အလျင်စလို မစားရာ။

၁၇။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။

၁၈။ ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကိုဟ၍ မထားပါနှင့် ပျတ်ပျတ်မည်အောင် မစားပါနှင့်။

၁၉။ ဟင်းရည်သောက်လျှင်မမြည်စေရ၊ ဇွန်းနှင့် သွားကို မထိစေရ။

၂၀။ ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။

၂၁။ ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။
၂၂။ လက်ကိုဟင်းရည်မပေစေရ၊ ထမင်းလံးမကပ်စေရ၊ ဟင်းခွက်ကို လက်နှင့် မနှိုက်နှင့်။

၂၃။ ထမင်းစားပြီးလျှင် သွားကို မစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။
သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။

၂၄။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။

၂၅။ တည့်တည့်ထိုင်၍ စားရာ၏။

၂၆။ တစ်စုံတစ်ရာကို အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုး တောင်းရာ၏။

၂၇။ သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။

၂၈။ ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။ (ဣနြေ္ဒမရသော အပြုအမူဖြစ်သည်)။

၂၉။ လူကြီးမိဘများဧည့်သည်များသည်၊ ဘာကို အလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင်
အသံမကြားစေရဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။

၃၀။ လက်ဖက်ရည်ကော်ဖီသောက်သောအခါ အောက်ခံပန်းကန်ပြားထဲတွင် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟုယူဆကြ၏။ ၄င်းပန်းကန်ပြားသည် ဖိတ်၍ အကျန်ရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။

၃၁။ ဖဲ့၍စားနိုင်သော အရာကို ဖဲ့၍စားပါ။ ကိုက်၍မစားပါနှင့်။
၃၂။ ထမင်းစားစဉ် စကားများများမပြောရ။ ရွှင်ပျသော မျက်နှာ ထားရာ၏။ နှစ်သက်ဖွယ်သောစကားကိုသာပြောရာ၏။

Credit - Original up-loader ရေးမိရေးရာလေးများ မှတဆင့်ကူးယူဖော်ပြပါသည်။
ဆက်ဖတ်ရန်

Friday, 4 January 2013

သင်ဒါတွေကို သတိထားမိပါသလား

ကျနော်လဲကူးထားတာပါ

(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈.၇ ဧကပဲရှိတယ်။
(၂) Suicide Statistics တွေအရ တင်္နလာနေ့က ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။
(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။
(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။
(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး .. အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့ မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။
(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egypt အလံတွေမှာ ငှက်ပုံတွေပါကြတယ်။
(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲ စားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။
(၈)ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်က James Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။
(၉)နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီး တောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။
(၁၀)အမေရိကန်က Major League Baseball (MLB) ကစားသမားတွေက မဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ် ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။
(၁၁)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။
(၁၂)Olympic အလံက စက်ဝိုင်းအရောင်တွေက အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာက ကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာ အနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။
(၁၃)ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့ square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။
(၁၄)La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့ အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။
(၁၅)အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီး ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့ သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။
(၁၆)ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥ အနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။
(၁၇)လူတွေသေတဲ့ အခါမှာ နောက်ဆုံး အလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။
(၁၈)အမေရိကန်က WAL-MART စတိုးဆိုင်က ၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။
(၁၉)ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာ အမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။
(၂၀)ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။
(၂၁)ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာ အသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။
(၂၂)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt က လူပေါင်း 8513 ယောက်ကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။
(၂၃)Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကို တစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့က နားမကြား ကြလို့ဖြစ်ပါတယ်။
(၂၄)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။
(၂၅)Neil Armstrong လပေါ်ကို ခြေချတုန်းက ဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။
(၂၆)အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကို စားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။
(၂၇)အမေရိကန် ၄ ယောက်တိုင်းမှာ ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။
(၂၈)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်
အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ..........
ဆက်ဖတ်ရန်
Related Posts Plugin for WordPress, Blogger...
back to top