Saturday, 24 November 2012

မိမိကွန်ပြူတာအမြန်နုံးမြင့်ချင်သူအတွက်ပါ

၁။ ပထမဆုံး run box ကိုဖွင့်လိုက်ပါ။ -start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။ -run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။ -ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။ -Administrative Templates ကိုရွေးပါ။ -Windows Components ကိုရွေးပါ။ -Terminal services ကိုရွေးပါ။ -Temporary folders ကိုဆက်ရွေးပါ။ -Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။ -ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။ -ပြီးရင် apply ၊ ok လိုက်ပါ။ ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။ ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။ ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။ တချို့ဖိုင်တွေအလုပ်လုပ်နေသေးလို့ဖျက်လို့မဘူးလို့ပြောပါလိမ့်မယ်။ ၂။ နောက်တစ်မျိုး run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီးဖျက်ပြစ်လိုက်ပါ။ ၃။ Hard disk ကိုရှင်းရအောင် Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။ Start All Program Accessories System tools Disk cleanup ထိသွားလိုက်ပါ။ ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံးကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ ၄။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင် Start Run run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။ Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင် uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ပြီးရင် restart ပြန်ချလိုက်ပါ။ ၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင် screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။ process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။ ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ.....အားလုံးအဆင်ပြေကြပါစေ... လေးစားစွာဖြင့်.. mgminzaw

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top