Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Saturday, 23 March 2013

Google Play မြန်မာနိုင်ငံတွင် သုံး၍ရပြီ


မန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့်စားနေသော Google Play ကို ယနေ့ နံက်မှစတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည်။ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။













ယင်းသတင်း ပတ်သက်ပြီး အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေး
ရှင်းအသုံးပြုသူတစ်ဦးက " အရမ်းမိုက်ပါတယ်ဗျ၊ အရင်က ကျနော်တို့ အယ်ပလီကေးရှင်း တစ်ခုအသုံးပြုချင်ဆို Google Play က ကျွန်တော် နိုင်ငံအနေနှင့် သုံးမရတော့ သိပ်အဆင်မပြေပါဘူး၊ ဒီမနက်မှာတော့ ကျွန် တော်စမ်းသုံးကြည့်တော့ သုံးလို့ရတာတွေ့ရပါတယ် " ဟု ၎င်းကပြောသည်။



Source: Popular Myanmar News Journal


Updated: အသုံးပြုလို့တော့ရသွားပါပြီ ဒါပေမယ့် Download လုပ်တဲ့အခါမှာ အခက်အခဲ နည်းနည်းတွေ့ပါလိမ့်မယ်။
Blogger A.K.M
အဆင်ပြေကြပါစေ
ဆက်ဖတ်ရန်

Thursday, 14 March 2013

Samsung Galaxy S IV တဲ့ဗျာ (သွားရည်ကျလိုက်ကြရအောင်)


This device a is engineering prototype of S IV
GT-9502 of China Unicom which supports WCDMA and GSM of dual standby.
4.99" display screen
13MP camera, and front-facing and rear camera can work together.
it's a crack actually
 Rxynos 5 Octa 1.8GHz eight-core CPU, PowerVR SGX 544 GPU
2GB RAM, 16GB ROM, 1080P display, Android 4.2.1
Stainless steel border
140mm*71.8mm*7.7mm, 138g in weight
2600mAH battery
Suspension review
smart scrolling, eyes and action sense
ဆက်ဖတ်ရန်

Wednesday, 6 March 2013

LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4







TMW Enterpriseမှ LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4ကို

မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသပြီး ဖြန့်ဖြူးရောင်းချမည်

ရန်ကုန်မြို့ မတ်လ (၁)ရက်နေ့တွင် LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် Smart Phone ဖြစ်သည့် Nexus 4ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော Jelly Bean Plus (Version 4.2) အသုံးပြုသည့် တစ်ခုတည်းသော ဖုန်းအမျိုးအစား အဖြစ် တရားဝင် တင်သွင်းမည် ဖြစ်ပြီး ၂၀၁၃ခုနှစ်၊ မတ်လ (၉)ရက်နေ့မှ စတင်ပြီး ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း LGအမှတ်တံဆိပ် Productများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limitedမှ ၂၀၁၃ခုနှစ်၊ မတ်လ (၁)ရက်နေ့ Traders Hotelတွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကြေညာထားကြောင်း သိရသည်။
Nexus 4ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Version 4.2 (Jelly Bean Plus) အသုံးပြုထားတဲ့ Smat Phone အဖြစ် ဒီနိုင်ငံမှာ ရှိတဲ့ Smart Phone Userများနဲ့ LG Customerများ လက်ထဲကို ပို့ဆောင်ပေးချင်လို့ တင်သွင်းထားကြောင်းသိရသည်။ Google Playတွင် Online Salesဖြင့် စတင်ရောင်းချချိန်မှ စပြီး အနောက်နိုင်ငံများတွင် ဝယ်လိုအား အဆမတန် များပြားလာပြီး UK, America, Spainနဲ့ Australia အပါအဝင် နိုင်ငံအတော်များများမှာ ရောင်းချပြီး နာရီပိုင်းအတွင်း ပစ္စည်းရောင်းကုန်သွားပါသဖြင့် ပစ္စည်းပြတ်လပ်မှုများ ရှိနေသည့်ကြားမှပင် TMW Enterprise Limitedမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ Nexus 4တွင် သင့်ပတ်ဝန်းကျင် ကမ္ဘာရှိအလှအပများကို အသေးစိတ် ပုံဖော်မှတ်တမ်းတင်ပေးနိုင်မည့် နည်းပညာမြင့် 8 Megapixel Cameraပါဝင်ပြီး၊ 320PPi ရှိ ၄.၇လက်မ True HD IPS Plus Displayကလည်း စာလုံး (Text)များကို ပြတ်သားစေလို Still Pictureများ၊ ဗီဒီယိုများနဲ့ ဂိမ်းများမှ ရုပ်ပုံများကိုပါ ကြည်လင်ပြတ်သားပြီး သဘာဝကျကျ စိုပြည်တောက်ပအောင် ဖော်ပြပေးနိုင်ပြီး အားလုံးကို သက်ဝင်လှုပ်ရှားနေသလို မြင်တွေ့ခံစားနိုင်စေရန် ဖန်တီးပေးထားပါသည်။

အစင်းအခြစ်ရာများ မထင်နိုင်အောင်လည်း Corning Gorilla Glass 2ကို အသုံးပြုထားပြီး သုံးစွဲရာတွင် လျင်မြန်မှုနှင့် စွမ်းဆောင်မှုအပိုင်းတွင် ကောင်းမွန်စေရန်အတွက် Qualcomm Snapdragon S4 Processor ပါဝင်သည်။ 2GB ပမာဏရှိသော RAMဖြင့် ပေါင်းစပ်အားဖြည့်ထားသဖြင့်လည်းလိုတာထက်ပိုသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ Nexus 4များကို TMW Enterprise Limitedမှ အာမခံ (၁)နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုပါက ၄၃၉,၀၀၀ကျပ်ဖြင့် ဖေဖော်ဝါရီ (၂၃)ရက်မှ မတ်လ (၈)ရက်နေ့အထိ LG၏ Official facebook page ဖြစ်သောwww.facebook.com/LGmobilemyanmarတွင် ကြိုတင်မှာယူ (Pre-Order) ပြုလုပ်နိုင်ပြီး မတ်လ (၉)ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroomများ၊ Wai Yan Electronics Showroomများအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limitedမှ ဖြန့်ဖြူးသော ပစ္စည်းအစစ်အမှန်များကို မေးမြန်းဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။


Credit To Myanmar ICT
ဆက်ဖတ်ရန်

Tuesday, 5 March 2013

အသစ်ထွက်လာမယ့် iPhone 6 လေလား….

အသစ်ထွက်မယ့် iPhone ရဲ့ ဒီဇိုင်းပုံစံများဟာ iPhone အသစ်မထွက်ခင်မှာ Online ပေါ်တွင် ပုံစံအမျိုးမျိုးနဲ့အရင် ပြန့်နှံ့ရေပန်းစားလေ့ရှိပါတယ်။ Apple ကနေ iPhone ရဲ့ အမှန်တကယ် ထုတ်မယ့်ပုံစံကိုတော့ ၀ှက်ထားတဲ့ဖဲချပ်လိုပဲ တကယ်ပြပွဲ ကျင်းပခဲ့အခါမှသာ သိရှိခွင့်ရပါတယ်။ ဒါပေမယ့် အဲဒီအယူအဆပုံစံဟာ iPhone 5 ထွက်လာတဲ့အခါအနည်းငယ်မှားယွင်းသွားပါတယ်။ iPhone 5 မထွက်ခင်က ကောလဟာလပုံစံဟာ တကယ်ထွက်ရှိလာတဲ့အခါ iPhone 5 မထွက်ခင် အပြင်မှာပျံ့နှံ့နေနှင့်တဲ့ပုံစံအတိုင်းပါပဲ။ အခုလည်း iPhone 6 (သို့) iPhone 5s ဖြစ်လာမယ့် ဖုန်းရဲ့ပုံစံကို အွန်လိုင်းပေါ်မှာတွေ့နေရပါပြီ။ ဒါဆိုရင် ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်ရအောင်။
အောက်ပုံမှာမြင်ရတဲ့အတိုင်းပဲ 4.8 လက်မရှိတဲ့ ကျယ်ပြန့်တဲ့ screen ဒီဇိုင်းနဲ့ iPhone အသစ်ဒီဇိုင်းကိုတွေ့မြင်ရမှာပါ။ ဒီပုံစံသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲမှာ screen ကြီးပါတယ်ဆိုတဲ့ Android ဖုန်းတွေနဲ့ အရွယ်အစားတစ်တန်းတည်းဖြစ်လာမှာပါ။

ဖုန်းကို iPhone တို့ရဲ့ထုတ်လုပ်နေကြအတိုင်း အဖြူရောင် ၊ အနက်ရောင် ဒီဇိုင်းနှစ်မျိုးနဲ့ပြသထားပါတယ်။

4.8 လက်မ Screen size သာဖြစ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ screen ပုံစံကြောင့် application သုံး ၊ ဂိမ်းဆော့ ၊ ဗီဒီယိုကြည့် ၊ အင်တာနက်သုံး စတာတွေမှာ အခုလက်ရှိ iPhone တွေမှာသုံးနေရတာထက် ပိုပြီး ကောင်းမွန်လာမှာပါ။


အောက်ကပုံမှာတော့ iPhone 5 နဲ့ iPhone 5s (or) 6 ဒီဇိုင်းသစ်ကို ယှဉ်လျက်ပြသထားတာကိုတွေ့ရပါမယ်။


အခု ဒီဇိုင်းပုံစံအတိုင်းသာထွက်လာမယ်ဆိုရင်တော့ iPhone အသစ်ထွက်လာတဲ့အခါ ပြိုင်ဘက်ဖုန်းတွေကို အသာလေးဖြတ်ကျော်သွားနိုင်မှာပါ။

iPhone 5 တုန်းကလည်း ကောလဟာလအရင်ထွက်နှင့်တဲ့ ဒီဇိုင်းပုံစံဟာ တကယ်ဖြစ်နေပါတယ်။ ကဲ… iPhone 5s(or)6 မှာလည်း Apple ကထုတ်မယ့် တကယ့် final ဒီဇိုင်းကိုတော့ အပေါ်ကဒီဇိုင်းအတိုင်းဖြစ်ပါစေလို့ iPhone ချစ်သူများအတူတကွ မျှော်လင့်လိုက်ကြရအောင်။

www.myanmarmobileapp.com
မှ
ဆက်ဖတ်ရန်

မိုဘိုင်းဖုန်းများ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန်ရှိ



ယခုနှစ်အတွင်း ပြည်တွင်း မိုဘိုင်းဖုန်းများကို 4G စနစ်ဖြင့် စတင်စမ်းသပ် သုံးစွဲဖွယ်ရှိရာ 4G စနစ် စမ်းသုံးလာပါက အင်တာနက် ပိုမိုသုံးစွဲနိုင်ရန် ရှိလာမည် ဖြစ်သည်ဟု သိရသည်။ ယင်းသို့ 4G စနစ်ဖြင့် အသုံးပြုခြင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Game တွင် စတင်စမ်းသပ် သုံးစွဲသွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ “4G သုံးတာကတော့ သူများနိုင်ငံတွေမှာလည်း သုံးနေပါတယ်။ ဒါပေမယ့် လုံးဝ အဆင်ပြေတယ်လို့တော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံ အနေနဲ့လည်း စမ်းသုံးကြည့်ရမယ့် အနေအထား ဖြစ်မှာပါ” ဟု ပြည်တွင်း မိုဘိုင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်း 4G စနစ် အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအိုင်တီ အသုံးပြုထားသူ တစ်ဦးက “လက်ရှိ သုံးနေတာမှာ 3G က အမြင့်ဆုံးပေါ့။ နိုင်ငံတကာမှာလည်း 3G ကို တော်တော်လေး တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ 4G ကတော့ လက်ရှိအချိန်မှာ သုံးတာ နည်းသေးတယ် ဆိုရမယ်။ 4G သုံးမယ် ဆိုရင်တော့ network speed က ပိုကောင်းမယ် ထင်ပါတယ်။ အင်တာနက် သုံးတာလည်း အများကြီး ပိုကောင်းလာပါမယ်။ အင်တာနက် speed လည်း ပိုမြန်ပါမယ်။ သွားတဲ့ MHz လည်း မြင့်လာတာပေါ့။ သုံးရတာ ပိုမြန်ပြီး ပိုကောင်းတာတော့ အားသာချက် ရှိပါတယ်။ လက်ရှိမှာ ဟန်းဆက်တော့ ရှားနေဦးမယ်။ ဟန်းဆက်ကလည်း မော်ဒယ်မြင့်တွေမှာပဲ သုံးလို့ရပါမယ်။ ကမ္ဘာမှာလည်း 4G စနစ်ကို သုံးနေတာ သိပ်တော့ မများသေးပါဘူး” ဟု သုံးသပ်ပြောကြားသည်။
မိုဘိုင်းဖုန်း 4G အသုံးပြုနိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက “မိုဘိုင်းမှာ 4G အဆင့်ထိ သုံးလို့ရပြီဆိုရင် အင်တာနက်သုံးရတဲ့ speed က ပိုကောင်းလာပြီ။ မိုဘိုင်းဖုန်းနဲ့ ငွေချေလို့ရပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မိုဘိုင်းကို များများတိုးတက် လာစေပါတယ်။ အင်တာနက်ကိုလည်း မိုဘိုင်းပေါ်မှာ သုံးလို့ရနေပါပြီ။ အခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ ဖုန်းပြောရုံပဲ မဟုတ်ပါဘူး။ ဒေတာ (အင်တာနက်) သုံးခွင့်ရမှ ဖြစ်တော့မှာပါ။ 4G က တချို့နိုင်ငံတွေမှာလည်း သုံးပါတယ်။ ဒီမှာ စမ်းသုံးမယ်ဆိုလည်း ကောင်းပါတယ်” ဟု ပြောသည်။
ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများမှာ GSM မိုဘိုင်းဖုန်း၊ WCDMA မိုဘိုင်းဖုန်း၊ CDMA 800 MHz မိုဘိုင်းဖုန်းနှင့် CDMA 450 MHz (ကမ်းရိုးတန်း) ဖုန်းများဖြစ်သည်။ အဆိုပါ မိုဘိုင်းဖုန်းများတွင် GSM, CDMA 800 MHz မိုဘိုင်းဖုန်းများ၊ WCDMA မိုဘိုင်းဖုန်းများကို အင်တာနက် အသုံးပြုခွင့် ပေးထားပြီးဖြစ်သည်။

Ref & Credit to Mobile Guide Journal
ဆက်ဖတ်ရန်

Sunday, 3 March 2013

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။


windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်

 အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။


Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို

အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို ထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ
အလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။

ဆက်ဖတ်ရန်

Friday, 1 March 2013

wi-fi signal မြင့်ပြီးသုံးချင်သူများအတွက်

ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကိုပန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..



အရင်ဆုံး မိမိတို့ သောက်ပြီးသား Coca cola ဗူးခွံကိုပဲဖြစ်ဖြစ် Beer ဗူးခွံကိုပဲဖြစ်ဖြစ် ယူလိုက်ပါ .. ပြီးရင် ရေစင်အောင် ဆေးပေးလိုက်ပါ .. အနံတွေဘာတွေ ပျောက်သွားအောင်လို့ပါ .. 


ပြီးရင်အောက်က ပုံမှာပြထားသလို ဗူးခွံရဲ့ အပေါက်လေးမှာ ရှိတဲ့ အပိတ်လေးတွေ ကျန်ခဲ့တာရှိရင် ဖယ်ထုတ်ပလိုက်ပါ ..

ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဗူးခွံရဲ့ နောက်ပိတ်ပိုင်းကို ဖြတ်ထုတ်ပလိုက်ပါ .. 

အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် အနေနဲ့ ဖြတ်လိုက်တဲ့ နောက်ပိတ်ပိုင်းကနေ ဘေးနှစ်ဘက်ကို ညီအောင်ညှိပြီး အရှည်လိုက် ဗူးခွံအဖုံးစပ် အထိရောက်အောင် ခွဲချလိုက်ပါ ..


ပြီးသွားပြီ ဆိုရင်တော့ စောစောက ဗူးခွံရဲ့ အပေါက်လေးကို ကျွန်တော်တို့ အသုံးပြု နေတဲ့ Wi-Fi Moden ရဲ့ antenna လေးမှာ တင်ဆင်ပေးလိုက် ယုံပါပဲ ..


 
 ဒီလောက် ဆိုရင်တော့ မိမိတို့ Wi-Fi Signal ကိုမြှင့်ပြီး အသုံးပြုချင်သူတွေအတွက် စမ်းသပ်ကြည့်လို့ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ကျေးဇူးတင်ပါတယ်
  အဆင်ပြေကြပါစေ
သိသမျှတွေ့သမျှတက်သမျှကိုပြန်လည်မျှဝေတာပါ
ဆက်ဖတ်ရန်

Friday, 22 February 2013

Andriod ဖုန်းများကို computer မှ လုံးဝ ထိန်းချုပ်နိုင်ရန်




ကိုယ့် Andriod ဖုန်းကို ကိုယ့် Computer PC ပေါ်ကနေ အပြည့်အ၀ ထိန်းချုပ်ပေးနိုင်မယ့် Wondershare MobileGo for Andriod လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..
အရင်ဆုံး အောက်မှာ download အရင် ဆွဲလိုက်ပါ.. password ကတော့ aunghtunoo ပဲဖြစ်ပါတယ်..

Download ရယူရန်


ရလာတဲ့ file ကို computer ထဲမှာ install လုပ်ပေးလိုက်ပါ..

ဒီ software လေးအသုံးပြုဖို့အတွက် မိမိဖုန်းရဲ့ Driver ကို Computer ထဲ သွင်းထားဖို့တော့ လိုပါလိမ့်မယ်..

ပြီးရင် မိမိဖုန်းထဲက.. Setting > Application > Development> USB debugging ကို tick လုပ်ထားပေးပါ..


ဒီ Softwares လေးမှာ အပိုင်း ၆ ပိုင်းပါဝင်ပါတယ်… Musics, Videos, Photos, Contacts, SMS နဲ့ App တို့ဖြစ်ပါတယ်…၊ အပိုင်း ၁ ခုချင်းစီမှာ function မျိုးစုံပါဝင်ပြီး အသစ်ထည့်သွင်းတာနဲ့..၊ အဟောင်းတွေကို ပြန်ပြင်တာ..၊ ဖျက်သိမ်းတာတွေကို လုပ်ဆောင်နိုင်ပါတယ်..၊


ထူးခြားတာက ……


Musics, Videos… တွေကို Add လုပ်မယ်ဆိုပါက ၄င်း Wondershar MobileGo software လေးက ကိုယ့်ဖုန်းမှာ Play လို့ရမယ့် System လေးတွေကို auto ပြောင်းပေးသွားမှာဖြစ်ပါတယ်.ဥပမာ Musics ဆိုရင် mp3 format နဲ့ videos ဆိုရင် mp4 format တို့ကို auto ပြောင်းပေးပါလိမ့်ယ်….(ပြောင်းပြီးသား ဆိုရင်တော့ ဒီတိုင်းပဲ add ပေးပါတယ်..)


Contacts နဲ့ SMS တွေကိုလည်း computer ပေါ်မှာ ပြင်ဆင်နိုင်မှာဖြစ်ပြီး…. အထူးခြားဆုံးကတော့… App ဆိုတဲ့ အပိုင်းမှာ application file တွေဖြစ်တဲ့ (.apk) file add လိုက်တာနဲ့  ဖုန်းထဲမှာ တစ်ခါတည်း install လုပ်ပေးမှာ ဖြစ်တာကြောင့် ဖုန်းထဲမှာ သက်သက် ပြန်ပြီး install လုပ်စရာမလိုတော့ဘူးပေါ့…

ဒါဆိုရင် သင့်ဖုန်းနဲ့Computer နဲ့ချိတ်ဆက်ပြီး လုံးဝ control လုပ်လို့ရပါပြီ… ဖုန်းကို backup လုပ်တာ၊ Snapshot ရိုက်တာတို့ကိုလည်း ဆောင်ရွက်နိုင်ပါတယ်… … USB ကြိုးမပါပဲ WiFi နဲ့ ချိတ်ပြီးတော့လည်း ဖုန်းနဲ့ computer ကို ချိတ်ဆက် နည်းတွေကိုလည်း စမ်းသပ်နိုင်ပါတယ်..
                      အဆင်ပြေပါစေ
              Fb မှာ like ပေးစေချင်ပါတယ်
ဆက်ဖတ်ရန်

Tuesday, 12 February 2013

Samsung Galaxy S4 မတ်လ မိတ်ဆက်မည်

Samsung Galaxy S3 ပြီးတော့ နောက်တစ်မျိုး ဖြစ်တဲ့ S4 ကို လာမယ့် မတ်လမှာ မိတ်ဆက်မယ်လို့ သတင်း ထွက်နေပါတယ်။

ပုံမှာ ပြထား သလိုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပါဝင်မယ့် အသေးစိတ် ပစ္စည်းကိုတောင် ခန့်မှန်းထား နေကြပါတယ်။
 - ၅ လက်မ ဝန်းကျင် SuperAMOLED HD မျက်နှာပြင်
 - ကင်မရာ 13 megapixel
- Processor - 1.8GHz eight-core Exynos 5 Octa
- 2GB of RAM, NFC, 4G LTE
- Android 4.2.1 Jeely Bean
အစရှိသဖြင့် Specification များပါဝင်မယ့်လို့ ခန့်မှန်း ကြပါတယ်။
အရွယ်အစားက အဓိက စကားပြောမယ့် ဖုန်း ဖြစ်ပါတယ်။ အမှန်တော့ ၅ လက်မ ဆိုရင် စမတ်ဖုန်း မဟုတ်တော့ ပါဘူး။ Note ဖုန်းတို့ Phablet ဖြစ်သွား ပါတယ်။ ဒါကြောင့် နှစ်သက်သူ ရှိသလို၊ အချို့ ကျတော့လည်း အရွယ်ကြီးလို့ မကောင်းဘူး ဆိုပါတယ်။ Samsung ကိုယ်တိုင်က ဘယ်လို လာမယ်ဆိုတာကို မကြာမီ ကြေညာချက် ထုတ်ပြန်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ဆက်ဖတ်ရန်

Thursday, 31 January 2013

Facebook တွင် Status Update ကို Emoticons ဟုခေါ်သည့် ပုံလေးများပါထည့်သွင်းနိုင် တော့မည်


                        Facebook ၏ Update Status text box နေရာတွင် How are you doing, What's going on, How's it going? စသည့် စာကြောင်းများအစား၊ What are you doing? ဟု ပြင်ဆင်ခါ မိမိပြုလုပ်နေသည်များကို ပိုမိုသစ်လွင်သည့် feature များဖြင့် အဆင်သင့် ရွေးချယ် update လုပ်နိုင်ရန် Facebook မှစမ်းသပ်နေပါတယ်။ Feeling, Reading, Eating, Listening စသည်ဖြင့် ခေါင်းစဉ်အလိုက် ရွေးချယ်နိုင်ခါ ခေါင်းစဉ်တစ်ခုချင်းစီအတွက် icon တစ်ခုစီသတ်မှတ်ပေးထားပါတယ်။ ထို့အပြင် smile emotion ရုပ်ကလေးများကိုပါ ရွေးချယ် ထည့်သွင်းခါ status update ပြုလုပ်နိုင်ရန် facebook mobile ဝဘ်ဆိုက်မှာ user အချို့နှင့် စမ်းသပ်နေပါတယ်။





                        icon များ၊ emotion များကို ခေါင်းစဉ်အလိုက် အဆင်သင့် ထည့်သွင်းပေးထားမည်ဖြစ်ရာ အသုံးပြုသူများအနေဖြင့် မိမိပြုလုပ်နေသည် ကို ခေါင်းစဉ်အလိုက်ရွေးချယ်ခါ ထည့်သွင်းနိုင်ပါတယ်။ စာကြောင်းချည်းသက်သက် status update ပြုလုပ်ရသည်နှင့်စာလျှင် ယခုကဲ့သို့ icon များ၊ emotion များဖြင့် update ပြုလုပ်နိုင်ခြင်းမှာ facebook အသုံးပြုသူများအတွက် နှစ်သက်ဖွယ်ရာ Facebook feature တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်

မိုဘိုင်ဆင်းကတ်ဈေး၂၀၀၀၀ကျပ်ဖြစ်မဖြစ်ဆက်သွယ်ရေးအရှုပ်တော်ပုံရှင်းပြီးမှသိမည်

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး
အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်
Wednesday, January 30, 2013

လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းသန်းက
ယခုနှုန်းထားထက်များစွာသက်သာသည့် နှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု
ပြောကြားပြီးနောက်တွင် ဆင်းကတ်ေ ဈး နှစ်သောင်းကျပ် သတ်မှတ်မည်
ဆိုသည့် သတင်းများ ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ”မူလ ထက် အများကြီး ဈေးလျှော့သွားမယ်လို့ ပြောနိုင်တယ်။ ”အခုက အဖြေမထွက်သေး တာ။ အရင် သူတို့ရဲ့ အရှုပ်ထုပ်ကို ရှင်းနေတယ်။ ပြီးမှရမှာပေါ့။ တချို့ ကလည်း သူတို့ဖြစ်ချင်တာကို လျှောက်ပြောနေတယ်။ ဌာနတွေကို လည်း နည်းနည်းစစ်နေတယ်။ အ ရင်ကအမြတ်ကြီးစား
ထားတာတွေကိုပေါ့။ ဖုန်းဈေးကို ဘယ်လောက်နဲ့ လျှော့ပေးနိုင်တယ်
ဆိုတာ ညှိနှိုင်းပြီး ရင် ပြည်သူတွေအတွက် လုပ်ပေး သွားမှာပါ”ဟု ပြောသည်။

ဆင်းကတ်ဈေး နှစ်သောင်း ကျပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အကြီးတန်းအရာရှိတစ် ဦးအား မေးမြန်းခဲ့ရာ ဒုတိယဝန် ကြီး ပြောကြားသည့်
အတိုင်းသာ သိရှိကြောင်းဖြေကြားခဲ့သည်။ဆင်း ကတ်ဈေးနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးသလို ရောင်းချ ပေးမည့် အချိန်ကိုလည်း ”သိပ် မကြာနိုင်ဘူးလို့ ပြောလို့ရတယ်။ ခဏတော့စောင့်ရမယ်။ ဘာကြောင့် လဲဆိုတော့ ဈေးနှုန်းညှိနေတာေ ကြာင့် ပါ”ဟု ဦးစိုးသိန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ သမ္မတက ဖုန်းဈေးနှုန်းကို ကျပ်တစ်သိန်း အောက်
လျှော့ချရန်ညွှန်ကြားခဲ့ခြင်း နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကယခုနှုန်းထားထက် များစွာသက်သာသည့်နှုန်း ဖြစ်မည် ဟုပြောခဲ့ခြင်းကြောင့် နှစ်သောင်း ကျပ်သာရှိမည်ဆိုသည့် သတင်းကို အိပ်မက်ဟုမပြောနိုင်ေ ကြာင်း ဈေး ကွက်ကျွမ်းကျင်သူ တစ်ဦးက သုံး သပ်သည်။ မိုဘိုင်းဖုန်း ဆားဗစ် ကျွမ်းကျင်သူ ကိုစည်သူက ”ကျပ် ငါးသောင်းလောက် အနေအထား ဖြစ်ရင်တောင် ရန်ကုန် မှာရှိတဲ့ 
ဝန် ထမ်းတွေ၊ အခြေခံလူတန်းစား အနည်းအကျဉ်း ဖုန်းကိုင်နိုင်ပါပြီ။ 
ဒီ ထက်ဈေးနှုန်းလျှော့မယ်ဆိုရင်တော့ နိုင်ငံတကာနှုန်းမဖြစ်ရင်တောင် 
လူ တိုင်းနီးပါး ဖုန်းကိုင်နိုင်မှာပါ”ဟု ပြောသည်။

မင်းသုအောင်၊ အောင်ဇော်
Popular Myanmar News Journal


လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်း လင်းပြီးမှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ်အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ယခုနှုန်းထားထက်များစွာသက်သာသည့် နှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟုပြောကြား ပြီးနောက်တွင် ဆင်းကတ်ေ ဈး နှစ်သောင်းကျပ် သတ်မှတ်မည်ဆိုသည့် သတင်းများ ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ”မူလထက်အများကြီး ဈေးလျှော့သွားမယ်လို့ ပြောနိုင် တယ်။ ”အခုက အဖြေမထွက်သေး တာ။ အရင်သူတို့ရဲ့ အရှုပ်ထုပ်ကိုရှင်းနေတယ်။ ပြီးမှရမှာပေါ့။ တချို့ ကလည်း သူတို့ဖြစ်ချင်တာကို လျှောက်ပြောနေတယ်။ ဌာနတွေကိုလည်း နည်းနည်းစစ်နေတယ်။ အရင်က အမြတ် ကြီးစားထားတာတွေကိုပေါ့။ ဖုန်းဈေးကိုဘယ်လောက်နဲ့  လျှော့ပေးနိုင်တယ်ဆိုတာ ညှိနှိုင်း ပြီး ရင် ပြည် သူတွေအတွက် လုပ်ပေးသွားမှာပါ”ဟု ပြောသည်။

ဆင်းကတ်ဈေး နှစ်သောင်းကျပ်နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အကြီးတန်းအရာရှိတစ် ဦး အား မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ပြောကြားသည့်အတိုင်းသာသိရှိကြောင်းဖြေကြားခဲ့သည်။ဆင်း ကတ်ဈေးနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးသလို ရောင်းချ ပေးမည့် အချိန်ကိုလည်း ”သိပ် မ ကြာနို င်ဘူးလို့ ပြောလို့ရတယ်။ ခဏတော့စောင့်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းညှိနေတာေ ကြာင့် ပါ”ဟု ဦးစိုးသိန်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ သမ္မတက ဖုန်းဈေးနှုန်းကို ကျပ်တစ်သိန်း အောက်လျှော့ချရန်ညွှန်ကြားခဲ့ခြင်း နှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကယခုနှုန်းထားထက် များစွာသက်သာသည့်နှုန်း ဖြစ်မည် ဟုပြော ခဲ့ခြင်းကြောင့် နှစ်သောင်း ကျပ်သာရှိမည်ဆိုသည့် သတင်းကို အိပ်မက်ဟုမပြောနိုင်ေ ကြာင်း ဈေး ကွက် ကျွမ်းကျင်သူ တစ်ဦးက သုံး သပ်သည်။ မိုဘိုင်းဖုန်း ဆားဗစ် ကျွမ်းကျင်သူကိုစည်သူက ”ကျပ် ငါးသောင်းလောက် အနေအထား ဖြစ်ရင်တောင် ရန်ကုန်မှာရှိတဲ့ ဝန်ထမ်းတွေ၊ အခြေခံလူတန်းစား အနည်းအကျဉ်း ဖုန်းကိုင်နိုင်ပါပြီ။ ဒီ ထက်ဈေးနှုန်းလျှော့မယ်ဆိုရင်တော့ နိုင်ငံတကာနှုန်းမဖြစ်ရင်တောင်
လူ တိုင်းနီးပါး ဖုန်းကိုင်နိုင်မှာပါ”ဟု ပြောသည်။
ကျနော်ကတော့ဖြစ်စေချင်ပါတယ်ဒါမှသားမြန်မာနိုင်ငံဟာပြည်ပနိုင်ငံတွေအဆင်ကိုမီလာမှာပါ တိုးတက်စပြုပြီလိုလဲပြောလိုရပါတယ်

Popular Myanmar News Journal
ဆက်ဖတ်ရန်

IPHONE ပေါ်က MESSENGER APP ဖြင့်ဖုန်းခေါ်ဆိုမူပြုလုပ်နိုင်ရန် FACEBOOK ပြုလုပ်နေ



iPhone ပေါ်မှ Messenger App ဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန် Facebook စမ်းသပ်နေ

ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး လူမှုရေးကွန်ရက်ကို ပိုင်ဆိုင်သည့် Facebook Inc. သည် အမေရိကန်တွင် Apple iPhone ရှိ Messenger application ပေါ်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန်အတွက် စမ်းသပ်လုပ် ဆောင်နေကြောင်း သိရသည်။
Facebook သည် messenger application မှ ဖုန်းခေါ်မှုကို ယခုလ အစောပိုင်းက ကနေဒါနိုင်ငံတွင် စမ်းသပ် ပြုလုပ်ခဲ့ကြောင်း၊ ဖုန်းခေါ်ဆိုသူများသည် ဖုန်းကုမ္ပဏီများ၏ ဝန်ဆောင်မှုများအစား အဆိုပါ app ကို အသုံးပြုကာ Wi-Fi (သို့မဟုတ်) data ကွန်ရက်များပေါ်မှတစ်ဆင့် သူငယ်ချင်းများထံ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ကြောင်းနှင့် ၎င်းစမ်းသပ်မှုကို အမေရိကန်တွင် တိုးချဲ့ပြုလုပ်လျက်ရှိကြောင်း ကုမ္ပဏီက အီးမေးလ်တွင် ရေးသားဖော်ပြခဲ့သည်။
 
ကယ်လီဖိုးနီးယား အခြေစိုက် Facebook သည် tablet များနှင့် စမတ်ဖုန်းများမှတစ်ဆင့် ၎င်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများအား ပိုမိုဆွဲဆောင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိသည်။ ပြီးခဲ့သည့်နှစ် တတိယ သုံးလပတ်က Facebook အသုံးပြုသူ ၁ ဘီလီယံကျော်အနက် ၆၀ ရာခိုင်နှုန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှ အသုံးပြုခဲ့ကြပြီး ၎င်းပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ထက်ဝက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း Facebook မှ ဖော်ပြခဲ့သည်။

iPhone ပေါ်ရှိ Messenger application ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုသူများသည် “i” ကို နှိပ်ပြီးနောက် သူငယ်ချင်းတစ်ဦး၏ contact info စာမျက်နှာရှိ “free call” ကိုနှိပ်ခြင်းဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ application သည် Facebook အသုံးပြုသူ များအား မိုဘိုင်းထုတ်ကုန်များမှတစ်ဆင့် သူငယ်ချင်းများထံ message များ အလျင်အမြန် ဝေမျှနိုင်စေသည့် application ဖြစ်သည်။

ဆက်ဖတ်ရန်

Wednesday, 30 January 2013

Nokia N9 အကြောင်း

အားသာချက် - ဒီဇိုင်းလှပပြီး လုပ်ဆောင်ချက်လျင်မြန်တဲ့ ကင်မရာတပ်ဆင်ပေးထားကာ user interface ကလည်း ဆန်းသစ်ပါတယ်။ အားနည်းချက် - ပရိုဆက်ဆာရဲ့လုပ်ဆောင်ချက်ဟာ သာမန်မျှသာရှိပြီး application များစွာကို တစ်ပြိုင်နက်အသုံးပြုနိုင်တဲ့ multitasking စွမ်းဆောင်ရည်ကလည်း ဆိုးရွားပါတယ်။ Design ပြီးခဲ့တဲ့ဇွန်လက CommunicAsia 2011 ပွဲမှာမိတ်ဆက်ပြသခဲ့တဲ့ Nokia N9 ဟာ MeeGo operating system အသုံးပြုထားတဲ့ ပထမဦးဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ဒီဇိုင်းဟာ အလွန်လှပပြီး လက်ထဲမှာ ကိုင်ထားတဲ့အခါမှာလည်း သက်သောင့်သက်သာရှိစေပါတယ်။ ဖုန်းရဲ့တည်ဆောက်ထားပုံကလည်း အလွန်ကောင်းမွန်ပြီး ၃.၉ လက်မအရွယ် AMOLED display ဟာ FWVGA (854x480 pixels) resolution ဖြင့်ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးမှာတော့ physical ခလုတ်များဖြစ်တဲ့ ဖုန်းအဖွင့်အပိတ်ခလုတ်နဲ့ volume ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ၃.၅ မီလီမီတာနားကြပ်ပေါက်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တပ်ဆင်ပေးထားပြီး microUSB port နဲ့ micro SIM slot တို့ကိုတော့ တံခါးပေါက်တစ်ခုနဲ့ ဖုံးကွယ်ထားပါတယ်။ Features Nokia N9 မှာ အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေလိုပဲ Bluetooth, Wi-Fi, A-GPS နဲ့ HSDPA စတဲ့ ကြိုးမဲ့စနစ်များပါဝင်လာပြီး Nokia ရဲ့ near field communication (NFC) နည်းပညာကိုလည်း built-in အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဒီနည်းပညာဟာ မိုဘိုင်းငွေပေးချေမှုကို အထောက်အပံ့ပေးနိုင်ပြီး အခြား Nokia Bluetooth device များဖြင့်လည်း sync ပြုလုပ်နိုင်ပါတယ်။ MeeGo operating system ကိုအသုံးပြုထားတဲ့အတွက် ဖုန်းကို တစ်မူထူးခြားစေသလို အသုံးပြုသူတွေအနေနဲ့လည်း အလွယ်တကူအသုံးပြုနိုင်စေပါတယ်။ Mee-Go မှာပါဝင်တဲ့ panel သုံးခုသာပါဝင်ပြီး ပထမ panel ဟာ notification ကိုဖော်ပြပေးနိုင်ကာ ဒုတိယ panel မှာ အသုံးပြုသူရဲ့ app အားလုံးကိုဖော်ပြပေးပြီး wwd, panel ကတော့ multitasking ကိုဖော်ပြပေးနိုင်ပါတယ်။ Application များကိုရယူလိုတဲ့အခါ Nokia Ovi စတိုးမှတစ်ဆင့် ရယူနိုင်ပြီး Angry Birds နဲ့အခြားဂိမ်းတွေကိုတော့ ဟန်းဆက်မှာ ထည့်သွင်းပေးထားပါတယ်။ Carl Zeiss မှန်ဘီလူးပါဝင်တဲ့ 8-megapixel backside-illuminated (BSI) ကင်မရာကို LED flash နှစ်ခုဖြင့် ရိုက်ကူးနိုင်ပြီး အလင်းနည်းတဲ့နေရာတွေမှာ ရိုက်ကူးနိုင်စေမယ့် F2.2 aperture ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ သိုလှောင်မှုအနေနဲ့ 16GB နဲ့ 64GB onboard ဗားရှင်းတို့ဖြင့်ရရှိနိုင်ပြီး microSD slot ကိုတော့ အထောက်အပံ့ပေးထားခြင်းမရှိပါဘူး။ Performance Nokia N9 ကို GSM 850/900/1800/1900 ဖြင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ ကောင်းမွန်ပေမယ့် 1GHz Cortex A8 ပရိုဆက်ဆာရဲ့ စွမ်းဆောင်ရည်ကတော့ apps ဖွင့်ခြင်းနဲ့ multi-tasking အသုံးပြုခြင်းတို့မှာ အလွန်နှေးပါတယ်။ ဖုန်းမှာထည့်သွင်းအသုံးပြုထားတဲ့ 1,450mAh ဘက်ထရီဟာ ဖယ်ရှားအသုံးပြုနိုင်ခြင်းမရှိဘဲ ဖုန်းပြောဆိုမှုအတွက် ၁၁ နာရီအကြာ အသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၁၅ ရက်အကြာ အသုံးပြုနိုင်ပါတယ်။ တန်ဖိုးကတော့ 16GB အတွက် စင်ကာပူဒေါ်လာ ၇၉၉ ဖြစ်ပြီး 64GB အတွက်ကတော့ စင်ကာပူဒေါ်လာ ၈၉၉ ဖြစ်ပါတယ်။
ဆက်ဖတ်ရန်

Tuesday, 29 January 2013

မြန်မာကျပ်ငွေ သိန်း ၂၀ ကျော်တန် အဖြူရောင် Blackberry Porsche အသစ်



အမေရိကန်ဒေါ်လာ ၂၃၀၀ ဝန်းကျင်လောက် ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါ တယ်။

ဈေးက ကြီးတယ်ဆိုတော့ ဘာများထူးခြားသလဲ ဆိုတာကို လေ့ လာကြည့်မိပါတယ်။

အမှန်တော့ ဈေးကြီးရတဲ့ အကြောင်းက ဒီဇိုင်းနဲ့ တံဆိပ်စားလို့ဖြစ်ပါတယ်။

Blackberry ထုတ်ဖုန်း လို့ တပ်အပ်ပြောလို့မရပါဘူး။

Porsche Design Group က Blackberry ဖုန်း နာမည်ကို အခြေခံလို လိုသလို ပုံစံထွင် ထုတ်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။

သူတို့အနေနဲ့မှာတော့ တော်တော်လေးကို လှတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

Feature ကလည်း ယခုခေတ်အခါအတွက် အနေတော်လောက်ပဲ ဖြစ်ပါတယ်။

Blackberry OS 7.1 ကို သုံးပြီး Processor ကတော့ 1.2 GHz ရှိပါတယ်။

internal storage က 8GB ဆိုပေမယ့် 16GB microSD ကဒ်ပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။

32GB အထိ upgrade လုပ်နိုင်တယ်လို့ ဆိုပါတယ်။

့ပြီးတော့ Blackberry ကပေးတဲ့ အခြားသော feature များလည်း ပါဝင်အုံးမှာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဖြူရောင် ဗားရှင်း BlackBerry Porsche Design P’9981 ထွက်ရှိပြီး ဒီတစ်ခါကတော့ အနက်ရောင် ဗားရှင်း ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ကစလို့ စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။ အလုံးရေလည်း အနည်းငယ်သာ ထုတ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အများထက် ထူးတဲ့ ဖုန်းကိုမှ ကိုင်ချင်သပဆိုရင် သိန်း ၂၀ ကျော်တဲ့ Blackberry Porsche ကို ပြည်တွင်း Mobile shop များမှ တစ်ဆင့် အော်ဒါ မှာ ယူ နိုင်ပါတယ်။
ဆက်ဖတ်ရန်

ရွှေသားဖြင့်ပြုလုပ်ထားသော Ammo USB flash device လေးများ



                               စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Strontium Technology မှ Ammo ဟုခေါ်သည့် ၂၄ ကာရတ် ရှိ ရွေသားအကာဖြင့်ပြုလုပ်ထားသော USB Flash Drive များကို ထုပ်လုပ်လိုက်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 16 GB ကနေ 64 GB ထိ ရရှိနိုင်ပြီး၊ ဈေးနှုန်းကတော့ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လခန့်ကျသင့်မည်ဖြစ်ပြီး၊ 64 GB အတွက်တော့ ၄၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အားနဲချက်ကတော့ USB 2.0 system ကို သာ အသုံးပြုထားခြင်းပဲဖြစ်ပြီး၊ Windows PC, notebook PC များနှင့် Apple ၏ iMac နှင့်MacBook များမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။



                               ရွှေရောင် USB Flash drive များအပြင် ငွေရောင်နှင့်ပါရရှိနိုင်ပြီး၊ အာမခံသက်တမ်းကိုတော့ ၅ နှစ်ထိအောင် ပေးထားပါတယ်။ 
ဆက်ဖတ်ရန်

Monday, 28 January 2013

Viber voice code activation လွယ်လွယ်တောင်းမယ်

Viber အတွက် Code တောင်းရ ခက်နေတဲ့ သူတွေ ပြန်မပို့တဲ့သူတွေအတွက်

Website ကနေ တောင်းဖို့

ဒီအောက်က Link လေးမှာ သွားရောက်တောင်းဆိုနိုင်ပါတယ်။


ဆက်ဖတ်ရန်

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon


                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Firefox Browser တွင် Tagu Addon ထည့်သွင်းပုံ

၁။ Firefox browser ကို ဖွင့်ပါ။
၂။ Firefox Browser ၏ Address Bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီးလျှင် Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://addons.mozilla.org/en-US/firefox/addon/tagu/ 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "Add to Firefox" ကိုနှိပ်လိုက်လျှင် Update ပြုလုပ်ထားသည့် အချိန်မကြာသေးသည့်အတွက် Tagu Addon ကို Firefox မှ စမ်းသပ်မှုမပြုလုပ်ရသေးသောကြောင့် သတိနှင့် အသုံးပြုရန် Caution box ကျလာပါမယ်။ အောက်ပါ ပုံအတိုင်း "Add to Firefox" ကိုထပ်နှိပ်ပါ။
မှတ်ချက်- Tagu Addon ကို Firefox မှ စမ်းသပ်မှုပြုလုပ်ပြီးသွားပါက Caution box ထပ်မံကျလာတော့မည့်မဟုတ်ပဲ တိုက်ရိုက် install ပြုလုပ်သွားမှာပါ။


Google Chrome တွင် Tagu Addon ထည့်သွင်းပုံ

၁။ Google Chrome ကိုဖွင့်ပါ။
၂။ Google Chrome browser ၏ Address bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီး Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "ADD TO CHROME" ကိုနှိပ်ပြီးလျှင် "Confirm New Extension" ဝင်းဒိုးကျလာပြီးလျှင် အောက်ပါပုံအတိုင်း "Add" ကိုထပ်နှိပ်ပါ။

                       အထက်ပါအဆင့်များပြီးဆုံးပါက လက်ရှိအသုံးပြုနေသော Browser များတွင် မြန်မာစာ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အဆင်သင့်ဖြစ်ပါပြီ။ ယခု Addon ကို Mobile ဖုန်း Browser များတွင်ပါ အသုံးပြုနိုင်ပြီး၊ Firefox for Android 11 နှင့် အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Tagu Addon ရဲ့ Firefox စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။


ဆက်ဖတ်ရန်
Related Posts Plugin for WordPress, Blogger...
back to top