Thursday, 22 November 2012

၂၈၀၀ တဲ့လေ

နေပြည်တော်-ရန်ကုန် ကားလမ်းသစ်ကြီးကနေ တတိယအကြိမ်မြောက် ရန်ကုန်သို့ သွားရဖို့ အကြောင်းဖန်လာတော့ သွားခဲ့ပါတယ်။ ဒီတစ်ခါ သွားတာကတော့ လိုင်းကားနဲ့ မဟုတ်ပဲ ကိုယ်ပိုင်ကားလေးနဲ့ပါ။ (ကပ်စီးတာကို ကြွားတာ) နေပြည်တော်ကနေ ညနေ (၆း၃၀)လောက်က စထွက်ဖြစ်ပါတယ်။ ကားမောင်းသူက တစ်နာရီ ကီလို ၉၀ နှုန်း မောင်းခဲ့ပါတယ်။ လမ်းကောင်းနှင့် ကား၏ မြန်နှုန်းတွေ့ပြီး အပန်းဖြေ အနားစခန်းကို ၉း၀၀ လောက် ရောက်ပါတယ်။ အပန်းစခန်းရောက်တော့ မိမိ ယခင်ရောက်ဖူးခဲ့စဉ်က Pioneer ဆိုင်တစ်ဆိုင်နှင့် မြေနီ ကားဝင်းသာ ရှိခဲ့သော်လည်း ယခု အပန်းဖြေစခန်းဝင်းနဲ့ ဆိုင်တော်တော်များများကို တွေ့ရပါတယ်။ လျှပ်စစ်မီးကို လုံလုံလောက်လောက် ပေးထားတော့ မီးရောင်တွေ လင်းနေလေရဲ့။ ဒါနဲ့ ရောက်ရောက်ချင်း မထိုင်ဖူးတဲ့ Feel Express ဆိုင်ကို ၀င်ထိုင် ဖြစ်ပါတယ်။ မိမိတို့ အဖွဲ့က လူငါးဦး ပါပါတယ်။ တစ်ယောက်တစ်မျိုး မှာယူစားသောက်ကြပါတယ်။ ဆိုင်က သင့်တင့်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ သုံးဦးက Nest Coffee ၊ တစ်ဦးက Cappuccino Coffee ၊ မိမိက Ice Coffee မှာသောက်ကြပါတယ်။ ထမင်းလည်း မှာယူစားသောက်ကြပါတယ်။ အားလုံး စားသောက်ပြီး ငွေရှင်းတော့ မျက်လုံးပြူးလောက်ပါတယ်။ တစ်ခြားအရာများကို မဆိုလို။ Nest Coffee (၅၀၀)ကျပ်၊ Cappuccino Coffee (၂၁၀၀)ကျပ်၊ Ice Coffee (၂၈၀၀)ကျပ်။ Ice Coffee ဟာ မိမိသောက်ဖူးတဲ့ ရွှေပုစွန်ဆိုင်မှာပဲ ကျပ်(၁၀၀၀)သာ ပေးရ၏။ အရသာကလဲ ယခုကော်ဖီနှင့် နှိုင်း၍ မရ။ J' Donout မှ ရောင်းသော အရသာလောက်သာ ရှိ၏။ ဒီဆိုင်တော့ သူဌေးဖြစ် နှေးအုံးမည်။ ထူးဆန်းပေစွဟုသာ တွေးမိသည်။ ပိုက်ဆံ မ နှမျှောပေမယ့် သင်ခန်းစာတော့ ရခဲ့၏။ နောက်နောင် ဤဆိုင်ကို ရှောင်ကွင်းရမည်ဟု အတွေးများဖြင့် ရန်ကုန်မြို့သို့ ခရီးဆက်ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top