Sunday, 18 November 2012

poem

လေပြေ တစ်ချက်အဝှေ့မှာ
လွင့်ပါသွားခဲ့တဲ့ ငါ့နှလုံးသား
ဆောက်တည်ရာမရ လေထုထဲမှာ
မျောလွင့်နေဆဲ လေပြေရယ်...
မေ့ရဲ့ လစ်လျှူရှု မှုကြောင့် 
သေဆုံးခဲ့တဲ့ မောင့် ရင်ခုန်သံ
အကြင်နာမဲ့ မေ့နှလုံးသားကို
မျှော်လင့်မိဆဲ မေရယ်....
ကံကြမ္မာရဲ့ ရက်စက်မှုလို့သာ
ဖြစ်သမျှအကြောင်းကို အကောင်းတွေး
အပြစ်မတင်ရက်တဲ့ မောင်က
မေ့ကို တမ်းတမိခဲ့တယ်...
အချစ်တွေများလွန်းနေတဲ့ မေ့အတွက်
သံသရ တွေကို အိပ်နဲ့ ထုတ်
အမှုက်ပုံးထဲ ပစ်ထည့်ပြီးတော့
မျှော်လင့်ချက်ကြီးစွာနဲ့ 
စောင့်နေပါရစေမေရယ်.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top