Monday 10 December 2012

ချယ်လ်ဆီးသမိုင်းတစ်လျှောက် ပထမဆုံးထွက်ခဲ့  ရသည့်  ချန်ပီယံလိဂ်

၂ဝ၁၂-၂ဝ၁၃ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင် ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို ပြီးခဲ့သည့် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ယှဉ်ပြိုင်ကစားသွားပြီးဖြစ်ရာ အုပ်စုအဆင့်ပွဲစဉ်များအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်၍ (၁၆)သင်းရှုံးထွက်အဆင့်သို့ အုပ်စုပထမနေရာနှင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့ကြသည့် အသင်းများတက် ရောက်သွားခဲ့ပြီဖြစ်သည်။ အဆိုပါ (၁၆)သင်းရှုံးထွက်အဆင့်သို့ ယမန် နှစ်က ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့သည့် ချန်ပီယံလိဂ် ချန်ပီယံချယ်လ်ဆီးအသင်းမှာ ယခုနှစ်တွင် တက် ရောက်နိုင်ခဲ့ခြင်းမရှိဘဲ အုပ်စုအဆင့်မှာပင် လှည့်ပြန် ခဲ့ရသည်။ ပြီးခဲ့သည့်နှစ်တွင် ချန်ပီယံလိဂ်ဆုဖလားကို နည်းပြဒီမက်တီယိုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပြီး ချန်ပီယံလိဂ်အုပ်စုမှာပင် ဒီမက်တီယိုထုတ်ပယ် ခြင်းခံခဲ့ရပြီးနောက် ယာယီနည်းပြအဖြစ် ဘင်နီ တက်ဇ်ကိုင်တွယ်နေသည့် ချယ်လ်ဆီးအသင်းမှာ ချန် ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် နော့ဂျေးလန် အသင်းကို စတမ်းဖို့ဘရစ်ခ်ျတွင် လက်ခံယှဉ်ပြိုင် ကစားခဲ့ပြီး ခြောက်ဂိုး-တစ်ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ တစ်ဖက်မှ ဂျူဗင်တပ်အသင်းနှင့် ရှက်တာဒိုးနက်တို့၏ ပွဲရလဒ်ကို အခွင့်ကောင်းယူနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ဂျူဗင်တပ်အနိုင်ရခဲ့သော ကြောင့် ရှက်တာဒိုးနက်အသင်းနှင့် အမှတ်တူ ဂိုးကွာ ခြားချက်အရ တတိယနေရာ၌သာ ရပ်တည်ခဲ့ရပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းကို နည်းပြဘင်နီတက်ဇ် ရောက်ရှိခဲ့ပြီးနောက် ပရီမီယာလိဂ်တွင် နိုင်ပွဲတစ်ပွဲမှ မရယူနိုင်သေးသဖြင့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အကောင်းဆုံးပုံစံဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ နော့ဂျေးလန်အသင်းကိုအနိုင်ရရှိခဲ့ခြင်းမှာ ဘင်နီ တက်ဇ်၏ ချယ်လ်ဆီးအသင်းရောက် ပထမဆုံး နိုင်ပွဲ ဖြစ်သလို ချယ်လ်ဆီးအသင်း၏ ပထမဆုံး ချန်ပီယံ လိဂ်မှ ထွက်ခဲ့ရသည့်နှစ်ဖြစ်ခဲ့သည်။ ယခုနှစ်တွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ စောစီးစွာထွက်ခဲ့ရခြင်းမှာ ချယ်လ်ဆီးအသင်း၏သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည့် ချန်ပီယံအသင်းဖြစ်စေခဲ့ပြီး အဆိုးရွားဆုံးရာသီဟု ဆိုရမည်ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top