Saturday 29 December 2012

မိန်းကလေး

ငါတို့ဝေးခဲ့ရပြီနော်
ငါကြေကွဲနေလဲနင်မှမသိနိုင်တာဟာ
ငါနင့်ကိုချစ်နေတုန်းပါပဲ
မိန်းကလေးရယ်
ငါတို့ချစ်ခဲ့ကြတယ်နော်
ငါငိုကြွေးနေလဲနင်မှမသိနိုင်တာ
နင်မသိချင်ယောင်ဆောင်နေတာလား
မိန်းကလေးရယ်
ငါနင့်ကိုအရမ်းချစ်ခဲ့ပါတယ်
နင့်အတွက်အများကြီးပေးဆပ်ဖူးပါတယ်
ဒါပေမယ့်နင်မြင်အောင်မကြည့်နိုင်ခဲ့ဘူးနော်
ငါ့အတွက်နင့်နှလုံးသားထဲမှာ
တစ်နေရာစာလေးတောင်မရှိဘူးလား
မိန်းကလေးရယ်
နင့်ကိုမုန်းဖို့ကြိုးစားပေမယ့်
မေ့လို့မရတာခက်တယ်
နင့်အကြောင်းတွေစဉ်းစားမိတိုင်း
အလိုလိုကျလာတဲ့ငါ့မျက်ရည်တွေကို
မုန်းနေရုံကလွဲပြီး
ငါဘာတတ်နိုင်ဦးမှာလဲ
မိန်းကလေးရယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top