မူလစာမျက်နှာ
နည်းပညာ
Software
ကွန်ပျူတာအတွက်
Androidအတွက်
Gtalk Gmail
Facebook
ကဗျာ
ပြည်တွင်းသတင်
ပြည်ပသတင်း
ဆောင်းပါး
Blog
ထူးဆန်းအကြောင်းရာများ
ဗဟုသုတ
သမိုင်းစာပေ
ဆက်သွယ်ရန်
Tuesday, 11 December 2012
ဦးသန့်အရေးလှုပ်ရှားမှု၃၈နှစ်ပြည့် အခမ်းအနား ကျင်းပ
ကုလသမဂ္ဂ အထွေထွေ အတွင်းမှူးချုပ်ဟောင်းဦးသန့် အရေးလှုပ်ရှားမှု (၃၈)နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် (ယနေ့)နံနက် ၉ နာရီခွဲက မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံအနီး ပေါက်စေတီ ကျောင်းတိုက်အတွင်း ခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ အခမ်းအနားတွင် ဦးသန့်အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ရဟန်းတော်နှစ်ပါးက စတင်ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဦးသန့်အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ဦးလှမြင့်(ဆေး-၂)၊ နေခြည်ဗဆွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ၆၂ တကသခေါင်းဆောင် ဦးလှရွှေတို့က စာတမ်းများ၊ နိုင်ငံရေး အစီရင်ခံစာများကို ဖတ်ကြားတင်ပြ ပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ ကျောင်းသားခေါင်းဆောင်များ၊ ၆၂၊ ၇၄ ၊ ၈၈ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသူများနှင့် မီဒီယာများမှ အယ်ဒီတာများ၊ သတင်းထောက်များ ပရိသတ် ၁၀၀၀ ကျော် တက်ရောက်လျက် ရှိကြောင်း ၊ မကြာမီ အချိန်အတွင်း ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက် ကျင်းပတော့မည်ဖြစ်ကြောင်း အခမ်းအနား တက်ရောက်နေသူ ဆရာလေးကိုတင်၏ သတင်းပေးပို့ချက်အရ သိရသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment