Saturday 29 December 2012

ချစ်တယ်လို့ မိန်းကလေးများ စ မပြောမိပါစေနဲ့



ဒီပိုစ့်လေးကို မရေးချင်ပေ့မယ့် ရေးလိုက်ပြီဗျာ။  ကျွန်တော်ကောင်းစေချင်လို့ပါ။ မိန်းကလေးတွေကို ပုတ်ခတ်တာလဲ မဟုတ်ပါဘူး။ မိန်းကလေးတွေက စိတ်အရမ်းနုနယ်ကြတယ် ။ အဲဒါ ပြောရမယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ။ ရည်စားစကားဆိုတာ ယောင်္ကျားလေးက စပြောရမှာပါ။ မိန်းကလေးဘက်က စပြီး ဘယ်လောက်ပဲ ချစ်နေပါစေ လုံးဝကိုဖွင့်မပြောသင့်ပါဘူး ။ ပြီးတော့ အွန်လိုင်းက ယောင်္ကျားလေးတွေကို လည်းမယုံပါနဲ့။ ကျွန်တော်ကိုယ်တွေတစ်ခုပြောပြမယ် ။ ကျွန်တော်မှားချင်လည်း မှားမယ်ဗျာ။ မိန်းကလေးတစ်ယောက် နဲ့ အွန်လိုင်းမှာ ခင်တယ်။ သူက အွန်လိုင်းလည်းသိပ်မသုံးတက်သေးဘူး။ သူမသိတာလေးတွေ ပြောပြတာပေါ့။ သူက ရန်ကုန်ကမဟုတ်ဘူး တခြားကနေ ရန်ကုန်ကိုလာတာ။ အဲဒါ ရန်ကုန်မှာဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး ပြောမိပါတယ်။ နေမကောင်းဘူး ဆိုလည်း အွန်လိုင်းမှာ ကျွန်တော့်ကိုလာပြောတယ်။ သူဖြစ်သမျှ အခက်ခဲတွေကိုလည်း ပြောပြတယ်။ ကျွန်တော်ကလည်း သာမန်သူငယ်ချင်းတစ်ယောက်အနေနဲ့ နားထောင်ပေးဖြစ်ပါတယ်။ အကြံလည်း ပေးဖြစ်ပါတယ်။ ဒါကသူငယ်ချင်းတစ်ယောက်အနေနဲ့  ရင်ဖွင့်တာကို နားထောင်တာလေ။ ဘာလို့ တလွဲသွားတွေးကြတာလဲ။ သူကပြောတယ် ကျွန်တော်နဲ့ စကားပြောရတာ ပျော်တယ်တဲ့။  ကျွန်တော်ကို ရင်ဖွင့်လိုက်ရင် သူရင်ထဲမှာရှိတာတွေ ပေါ့သွားတယ်တဲ့။ ကျွန်တော် အဲလိုပြောတာတွေကို သာမန်လို့ထင်ထားခဲ့တာ။ သူနဲ့ အွန်လိုင်းမှာခင်လာတာ ဆယ်လလောက်ရှိမယ်ထင်တယ်။

အဲဒီဆယ်လအတွင်း ဘယ်နေ့လာခဲ့မယ်နော်။ ရက်ချိန်းတွေ ပေးပါတယ်။ ကိုယ့်ဘက်ကတော့ လာလာ မလာလာပေါ့ ။ သူငယ်ချင်းတစ်ယောက်အဖြစ်တော့ လာခဲ့တော့ပြောဖြစ်ပါတယ်။ သူ့ကို တအားကြီးလည်း ဂရုစိုက်ပြတာတော့မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်ကို ဂရုစိုက်သလို သာမန် ဂရုစိုက်မှုလေးပါပဲ။ သူကိုမှ မဟုတ်ပါဘူး တခြား သူငယ်ချင်းတွေကိုလည်း အဲလိုပဲပြောဆိုတာပါ။ ဒါပေ့မယ့် အဲဒီသာမန်ဂရုစိုက်မှုတွေက သူ့အတွက် သာယာမှု တစ်ခုဖြစ်သွားခဲ့တယ်ထင်ပါတယ်။ တစ်ရက်မှာ အချစ်အကြောင်းမပြောဖူးဘဲ သူကပြောလာတယ်။ ကျွန်တော်ထက်တစ်နှစ်ငယ်တယ်။ အစ်ကိုတဲ့ သူမှာ ချစ်ရမယ့်သူတစ်ယောက်ရှိနေပြီတဲ့ ။ ဟုတ်လားပေါ့။ သူက မင်းကို ဖွင့်ပြောပြီးပြီလားလို့မေးတယ်။ သူဘက်က ဒီအတိုင်းပဲတဲ့။ ညီမဘက်က ဖြစ်နေတာပါတဲ့။  ဖွင့်ပြောလိုက်ရင် ကောင်းမလားတဲ့။ ကျွန်တော် အဲဒီမှာ သူ့ကို သတိပေးတယ်။ မင်းက မိန်းကလေးဖြစ်တယ် ။ လုံးဝဖွင့်မပြောသင့်ဘူးလို့။ တကယ်လို့ ဖွင့်ပြောလိုက်ရင်လည်း မင်းအတွက် က ရလဒ်မကောင်းဘူးလို့ပြောခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်ကို အရင် က သုံးနှစ်သုံးမိုးတောင် ရည်းစားစကားပြောရတာပဲတို့၊ အစဉ်အလာမရှိတဲ့အကြောင်းတို့ သူနားလည်အောင် သူ့ကို ပြောခဲ့ပါတယ်။ သူကပြောတယ်။ ဒီတိုင်းကြီး တဖက်သတ်ကြီး နေ နေရမှာလားတဲ့။ အင်းပေါ့ လို့ပြောခဲ့တယ်။ မရတော့ဘူး အစ်ကိုတဲ့။ ညီမရင်ထဲမှာ ဘယ်လိုမှ မျိုသပ်မထားနိုင်တော့ဘူးတဲ့။ ပြောမှကိုဖြစ်မယ်တဲ့။  ကျွန်တော်ဘယ်လို နားဝင်အောင်ပြော ပြော မရခဲ့ပါဘူး။ သူကပြောတယ်။ ညီမပြောလိုက်တော့မယ်တဲ့။ သူအဲဒီစကားပြောပြီးရင် တပတ်လောက် အွန်လိုင်းမလာတော့ဘူးတဲ့။ အဲဒီထိကို မသိသေးပါဘူး။ နောက်တော့ အဲဒီတစ်ယောက်က အစ်ကိုပဲတဲ့။ တိန် သေရောပဲလေ။ ကျွန်တော် ဆက်ပြောခဲ့ပါတယ်။ အစ်ကို့ဘက်ကတော့မင်းကို သာမန် ညီမ ၊ သူငယ်ချင်းတစ်ယောက်ထက်မပိုနိုင်ပါဘူ့း။ ပြီးတော့ မင်း အစ်ကို့ကို ပြောတဲ့အတွက် တော်သေးတာပေါ့။ တခြားတစ်ယောက်ဆိုရင် မင်းဘယ်နှယ့်လုပ်မလဲ ။ မင်းကိုအထပ်ထပ်မှာထားတာပဲ အွန်လိုင်းကသူတွေကို မယုံပါနဲ့လို့။ ယုတ်စွအဆုံး အစ်ကို့ကိုပါ မယုံနဲ့လို့ပြောထားတာလေ လို့ပြောခဲ့ပါတယ်။ သူက အစ်ကို့ကိုမို့လို့ ပြောတာတဲ့။ အဲလိုတွေဖြစ်ပြီးနောက်ပိုင်းမှာ ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်။ မင်းနဲ့မတွေ့တော့ဘူးလို့။  မင်းအစ်ကို့ကို အစ်ကိုတစ်ယောက်လို သဘောထားနိုင် တဲ့အချိန်အွန်လိုင်းလာခဲ့ပါလို့ ပြောခဲ့တယ်။ သူတစ်ပတ်လောက်နေတော့ ပြန်တက်လာပါတယ်။ အဲဒီနောက်ပိုင်းကနေ အခုချိန်ထိမတွေ့တော့ပါဘူး။  အဲလိုအဖြစ်မျိုး တိုက်တိုက်ဆိုင်ဆိုင်ပဲနောက်တစ်ယောက် ကြုံခဲ့ရပါတယ်။ အဲဒါကြောင့်လည်း ဒီပို့စ်လေးကိုရေးလိုက်တာပါ။ မိန်းကလေးတွေကိုပုတ်ခတ် ရည်ရွယ်ပြီး ရေးသားခြင်းမဟုတ်ပါ။



အဲလိုမျိုး ကျွန်တော် ကြုံခဲ့ရတယ်။ အဲဒီတော့ အဲလိုမိန်းကလေးတွေကိုပြောချင်ပါတယ်။   မိမိသိက္ခာကို ငဲ့ကွက်ကြပါ။ မိန်းကလေးဆိုတဲ့ အိနြေ္ဒကို စောင့်ထိန်းကြပါ။ အရှက်ကို အသက်နဲ့ လဲရမယ်ဆိုတဲ့ မိန်းကလေးတွေအတွက် ဆောင်ပုဒ်တွေတောင်ရှိခဲ့တာပဲ။ ရှေးလူကြီးပြောခဲ့တာတွေကို ဖျောက်ဖျတ်မပစ်ကြ

ပါနဲ့။ ညီမတွေလို ကိုယ်ချင်းစာပြီး ရေးသားခြင်းဖြစ်ပါတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ ရုပ်စွအဆုံးပြောလိုက်မယ် မတော်သူနဲ့တွေ့ရင် ဘဝပါ ပျက်သွားနိုင်ပါတယ်။ မိမိကိုယ့်ကိုယ် တန်ဖိုးထားကြပါ။ တအားကြီး မပျော့ညံ့ကြပါစေနဲ့။ ယောင်္ကျားလေးတစ်ယောက် ဂရုစိုက်တိုင်းလည်း သူ့ဘက်ကိုပါ မသွားပါစေနဲ့။ သေချာစဉ်းစားဆုံးဖြတ်ကြပါ။ ဘယ်လောက်ပဲ ကိုယ့်ဘက်က တစ်ဖက်သတ်ချစ်နေပါစေ နောက်ဆုံးအချိန်ထိ ကို ကိုယ့်ဘက် က စမပြောမိပါစေနဲ့ဗျာ။  အဲလိုမိန်းကလေးမျိုး သူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်း ဝိုင်းဝန်းပြောဆိုဖြောင့်ဖျကြပါ။ မိန်းကလေး များသောအားဖြင့် သူငယ်ချင်းတွေကိုတော့ တိုင်ပင်မယ်လို့မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အွန်လိုင်းမှာ သူငယ်ချင်းပဲရှာကြပါ။  ကြင်ယာ မရှာကြပါနဲ့။ အခုခေတ် ကာလသားတွေ တော်ကီတွေမှာလည်း မျော မသွားပါစေနဲ့။ အွန်လိုင်းကို စသုံးတက်ခါစ မိန်းကလေးတွေမှာ အများဆုံးဖြစ်တက်ပါတယ်။ မိမိသူငယ်ချင်းလေးတွေ အဲလိုစသုံးတဲ့သူရှိရင် ဖေးမကူညီကြပါလို့ စာဖတ်သူများကိုပြောချင်ပါတယ်။ အွန်လိုင်းက အသုံးချတက်ရင် ရွှေပါ။ တလွဲအတွေးတွေနဲ့ အွန်လိုင်းမသုံးကြပါနဲ့။ အကျိုးရှိမယ့်အရာလေး တွေနဲ့ပဲ အွန်လိုင်းမှာ အချိန်ကုန်ကြပါစေ။ အွန်လိုင်းပေါ်က ကောင်လေးတွေကို အတက်နိုင်ဆုံးမယုံတာအကောင်းဆုံးပါ။ အွန်လိုင်းမှာတွေ့တဲ့ ကောင်လေးတွေပေါ်မှာလည်း မသာယာကြပါစေနဲ့နော်။ ညီမချင်း ကိုယ်ချင်းစာမိလို့ ရေးတာပါ။  စော်ကားမှု ၊ ပုတ်ခတ်မှုများ ပါခဲ့ပါက  အနူးအညွှတ်တောင်းပန်အပ်ပါသည်။ 


အားလုံးကိုလေးစားလျက်....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top