Tuesday 11 December 2012

ဒီဇင်ဘာ ၁၁ ရက်နေ့  နောက်ဆုံး ထား ဖြေရှင်းပေး ရန် သံဃာတွေ တောင်းဆို

အမျိုးသား အောင်ပွဲ နေ့  မှာ ပြု လုပ် ခဲ့ တဲ့ ဒီဆန္ဒပြ ပွဲ မှာ ရန်ကုန် ၊ မန္တလေး ၊ မုံ ရွာ နဲ့  ဆား
လင်းကြီး ဒေသ တွေ မှာ ပြု လုပ် ခဲ့ တာ ဖြစ် ပါတယ်။
မန္တလေး မြို့  မှာ နိုဝင်ဘာ လ ၂၉ ရက်နေ့  အကြမ်းဖက် ဖြိုခွဲ မှု ပြီး ကတည်း က သံဃာတော်
တွေ ရဲ့  ဆန္ဒပြ မှု နဲ့  ထိုင်သပိတ်တွေ စတင် ခဲ့ ပြီး ဒီနေ့  ထိ ဆန္ဒ ပြ မှု ခြောက် ကြိမ် ရှိ သွား ပြီ
ကာ မိုး ကုန် စတဲ့ မန္တလေး တိုင်း တစ်ဝန်း မှာ တော့ ဆယ်ကြိမ် ထက် မနည်း ရှိ ပြီ ဖြစ်တယ်
လို့  ကောင်းလင်း ကျောင်း တိုက် က သံဃာတော် တစ်ပါး က FNG   ကိုမိန့်  ပါတယ်။
သံဃာ ၅၀၀ ကျော်က မန္တလေး မြို့  အိမ်တော်ရာဘုရား မှ နေ့  လည် ၁ နာရီ မှာ စတင် ကာ ထိုင်သပိတ် ပြု လုပ် ခဲ့ ပြီး နေ့  လည် နှစ် နာရီ လောက် မှာ လှည့် လည် စီတန်း ချီတက် ခဲ့ ကြတာ
ဖြစ်ပါတယ်။
ရန်ကုန် မြို့  မှာ တော့ နေ့  တစ်နာရီ ခွဲ လောက် မှာ သံဃာနဲ့  ပြည်သူ တွေ ဟာ ဗဟန်း မြို့  ကြေး
သွန်း ဘုရား ကြီး မှာ စုစည်း ခဲ့ ကြ ပြီး နောက် ရန်ကုန် မြို့  ဆူးလေး စေတီ ကို ချီတက် ကြ ကာ
ဒီဇင်ဘာလ ၁၁ ရက်နေ့  မှာ နောက်ဆုံး ထား ပြီး အစိုးရ က တောင်းပန် ဖို့  နဲ့  အကြမ်းဖက် ဖြို
ခွဲ မှု မှာ တာဝန် ရှိ သူ ကို နောက် ဆုံးထား ဖြေရှင်း ပေး ဖို့  တောင်းဆို ခဲ့ ကြ ပါတယ်။
မုံရွာ မြို့  နဲ့  ဆားလင်းကြီး ဒေသ တုံရွာ က ပြည်သူ တွေ က လည်း အကြမ်းဖက် ဖြို ခွဲ မှု ကို အမြန်
ဆုံး ဖြေရှင်း ပေး ဖို့  ဆန္ဒပြ  တောင်းဆို ခဲ့ ပါတယ်။
ယမန်နေ့ က ပြည်ထဲ ရေး ၀န်ကြီး က ဆားလင်းကြီး ရှိ ကြေးနီတောင် သပိတ် အကြမ်းဖက်ဖြို
ခွဲ မှု အား ကမ္ဘာ အေး ရှိ နိုင်ငံ တော် သံဃမဟာနာယက ရုံး တွင် သွား ရောက် တောင်း ပန် ခဲ့
ပါတယ်။
ပြည်ထဲရေး ၀န်ကြီး ဗိုလ်မှုးကြီး ကျော်ကျော် ထွန်း က မူ စုံစမ်း စစ်ဆေး မှု များ ပြီး စီး သွား ချိန်
ဉ် သတင်း ထုတ် ပြန် မည် လို့  ပြောပါတယ်။
မီးလောင် ဗုံးများ ဖြင့် ဖြိုခွဲ မှု မှာ သံဃာနဲ့  ပြည်သူ ၂၀၀ ကျော် ဒဏ် ရာ ရရှိပြီး ၂၀ ကျော်မှာ ဆိုး
ဆိုးရွားရွား ထိခိုက် ဒဏ်ရာ ရရှိခဲ့ သည်။
မီးလောင်ဗုံးထိထား တဲ့ သံဃာတော် တွေ နိုင်ငံ ခြား ထွက် ပြီး ဆေးကု ဖို့  အတွက် ကို အစိုးရ က
ခွင့် မပြု ဘူး လို့  သိရ ပါတယ်။
ကြေးနီတောင်း ကိစ္စ နဲ့  ပတ်သက် ပြီး ဆန္ဒပြ မှု ကြောင့် ဖမ်းဆီးထားတာ မှာ ရွှေဝါရောင် တော်လှန်
ရေး ဦးဆောင် သံဃာတော် ဦးဂမ္ဘီ ရ  အပါ အ၀င် ကိုဟန်ဝင်းအောင် ၊ ကို မိုဃ်းသွေး နဲ့  ဒေါ်နော်အုံး
လှ အပါ အ၀င် အယောက် ၂၀ ကျော်ခန့်  ကို ဖမ်းဆီးထား ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့  မှ  နောက်ဆုံး ထား မ ဖြေရှင်းပေး ဘူး ဆိုရင် လှုပ်ရှား မှု အရှိန် အဟုန် ကို ဒိ
ထက် မြှင့် ရမှာ ဖြစ်ကြောင်း ရန်ကုန် မြို့  ဗဟန်း မြို့  နယ် မှ သံဃာတော် တစ်ဦး တစ်ဦး ဖြစ်တဲ့ ဦး
အသျှင် တေဇောဘာသ က FNG ကို မိန့်  ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top