Monday, 3 December 2012

အခွင့်အရေးဒုတိယအကြိမ်မရှိတဲဘ၀တန်ဖိုး

တစ်ခါတုန်းက မီးဒပ် (Midas ) လို့ခေါ်တဲ့လောဘကြီးတဲ့ဘုရင်ကြီးတစ်ပါးရှိတယ် ။ သူ့မှာ ရွေတွေအများကြီး ပိုင်ဆိုင် ထားပြီး သူဟာ ရလာလေလေ ထပ်ပြီး ပိုလိုချင်လေလေ ဆိုတဲ့ လူစားထဲမှာ တစ်ယောက်အ ပါအ၀င်ဖြစ်ခဲ့တယ် ။ သူ့မြေတိုက်ခန်းထဲမှာ ရွေတွေကို သိုလောင်ထားပြီး နေ့တိုင်း အဲဒီရွေတုံးတွေ ကို ရေတွက်ခြင်း အားဖြင့် အချိန်ကုန်လွန်ခဲ့တယ် ။ တစ်နေ့မှာ ဘုရင်ကြီးရွှေတွေကို ရေတွက်နေတုန်း လူစိမ်းတစ်ယောက်က “ ၀ုန်း ” ကနဲဆိုပေါ်လာပြီး ဘုရင်ကြီး ကို လိုရာဆုတစ်ခုတောင်းဖို့ပြောတယ် ။ ဘုရင်ကြီးလည်းဝမ်းသာသွားပြီး “ လက်နဲ့ထိသမျှ အရာအား လုံးရွှေဖြစ် ရပါ လို၏ ” ဆိုပြီး ဆုတောင်းလိုက်တယ် ။ လူစိမ်းက ကျိန်းသေရဲ့လားလို့ပြန်မေးတယ် ။ ဘုရင်ကြီးက ကျိန်းသေပါတယ် လို့ ပြန်ဖြေတယ် ။ ဒီလိုနဲ့လူစိမ်းက “ မနက်ဖြန်မနက်စတာနဲ့ နေရောင်ခြည် စလင်းလာ တာနဲ့တပြိုင် နက် သင်ထိ သမျှ ရွေဖြစ်စေရမယ် ” လို့ပြောပြီးပျောက်ကွယ်သွားတယ် ။ ဘုရင်ကြီးအဖို့တော့ အိပ်မက်မက်နေသလို ဖြစ်ခဲ့ရတယ်။ ဒါဟာ ဘယ်လို မှ မဖြစ်နိုင်ဘူးလို့လည်းထင်နေခဲ့တယ် ။ နောက်တစ်နေ့ မနက်မှာတော့ သူ နိုးထလာတဲ့အခါ ။ သူ အိပ်ရာကို လက်နဲိကြည့်တယ် ။ ပြီးတော့ သူ့အ၀တ်အစား တွေ အို..အားလုံးဟာ ရွှေတွေအဖြစ်ပြောင်းလဲကုန်တယ် ။ သူပြတင်းတံခါးပေါက် ကနေလှမ်းကြည့် လိုက်တဲ့ အခါ အပြင်မှာ သူ့သမီးတော်လေးကပန်းခြံထဲကစားနေတာကိုတွေ့လိုက်ရတယ် ။ ဘုရင်ကြီးက သမီးလေး ကို ပျော်ရွှင် သွားအောင် အံ့သြသွားအောင်လုပ်ပြမယ်လို့ စဉ်းစားလိုက်တယ် ။ ဒါနဲ့ဘုရင်ကြီးက ပန်းခြံ ထဲ မသွားခင် စာအုပ်တစ်အုပ်လောက်ဖတ်မယ်စိတ်ကူးလိုက်တယ် ။ ပြီးတော့ စာအုပ်ကို လှမ်းကိုင် လိုက်တဲ့ အချိန်မှာပဲ စာအုပ် ဟာ ရွေအဖြစ်ပြောင်းသွားတယ် ။ ဖတ်လို့မရတော့ဘူး ။ ဒါနဲ့နံနက်စာစားမယ်ဆိုပြီး ဘုရင်ကြီးက အစားအသောက် တွေနဲ့ သစ်သီးတွေကို ထိတွေ့လိုက်တဲ့ အခါမှာလည်းရွေတွေဖြစ်ကုန် လို့စားလို့မရခဲ့ဘူး ။ ဒီလိုနဲ့ရေဆာလာတာနဲ့ ရေဖန်ခွက်ကို ကိုင်လိုက်တယ်ဆို ရင်ပဲ ရွှေတွေဖြစ် ကုန်လို့ ရေ လည်းသောက်မရခဲ့ဘူး ။ ဘုရင်ကြီးဟာ တဖြည်းဖြည်းဆာတောင်လာပြီးညည်းတွားလိုက်တယ် ။ အဲဒီအချိန်မှာပဲ သူ့သမီးတော်လေးက ပြေးဝင်လာပြီး ဘုရင်ကြီးကို ပွေ့ဖက်လိုက်တယ် ။ တခဏအတွင်းမှာပဲ သမီးတော်လေး ဟာ ရွေတုံးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ ဘုရင်ကြီး လည်း ကြောက်လန့် တကြားနဲ့ ခေါင်း ငိုက်စိုက်ကျပြီး ငိုကြွေးလိုက်တယ် ။ အဲဒီအချိန်မှာပဲ လက်နဲ့ထိရာရွှေတွေဖြစ်စေလို့ ပြောခဲ့တဲ့ လူစိမ်းက ဖျက်ကနဲ အခန်းထဲပြန်ရောက်လာပြီး ဘုရင်ကြီး ကိုမေးခဲ့တယ် ။ “ အခုလို လက်နဲ့ထိသမျှ ရွှေအဖြစ်ပြောင်းလဲသွားရတဲ့ဘ၀ကို ပျော်ရွှင်ပါရဲ့လား ” ဘုရင်းကြီးက သူဟာ တကယ့်ကို အရူးတစ်ယောက်ပါလို့ပြန်ဖြေခဲ့တယ် ။ လူစိမ်းကဆက်ပြောတယ် ။ “ သင့်မှာ အခု ရွှေအစားအစာ တွေ ရွှေအသုံးအဆောင်တွေနဲ့ သင့်သမီးတော်ရွှေရုပ်ထုလည်း ရှိနေပြီပဲလေ သင်ဘာဆက်လုပ်မလဲ ” ဘုရင်ကြီးက ငိုကြွေးပြီး သူ့ကို ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့တယ် ။ “ ကျုပ်မှာ ရှိသမျှ ရွှေတွေအကုန်ပေးပါ့မယ် ကျေးဇူးပြုပြီး သမီးတော်လေးကို မူလ လူသားဘ၀ရောက်အောင်ပြန်လုပ်ပေးပါ ဘာကြောင့်လည်းဆိုတော့ ကျုပ်မှာ ရှိတဲ့ပိုင်ဆိုင်မှု မှန်သမျှထက် သမီးတော်လေးကို ပိုပြီးချစ်မြတ်နိုးလို့ပါပဲ ” လူစိမ်းက ဘုရင်ကြီးကိုပြောတယ် ။ “ သင်ဟာ အရင်က ထက်စာရင်ပိုပြီး ပညာရှိလာပြီ ” ပြီးတော့ သူပြောခဲ့တဲ့စကားတွေကို ပြန်ဖျက်ပေးခဲ့တယ် ။ ဘုရင်ကြီးဟာ သမီးတော် လေးကိုလည်း လူသားဘ၀နဲ့ပြန် ရခဲ့တယ် ။ သမီးတော်လေးကို ချီပွေ့လို့ သူ့တစ်သက်တာမှာ ဘယ်တော့မှ မမေ့တဲ့ သင်ခန်းစာတစ်ခုကို သင်ယူ လိုက်ရခြင်းပဲဖြစ်တယ် လို့ ဘုရင်ကြီးတွေးနေမိတယ် ။ ---------------------------------------------- တန်ဖိုးဆိုတဲ့အရာကို အထားအသလိုလွဲမှားတဲ့အခါ ကံဆိုးမိုးမှောင်ကျခြင်းကို ဦးတည်သွားတတ်တယ် တခါတံရံမှာ သင်ပိုင်ဆိုင်ချင်နေတဲ့တန်ဖိုးက သင်လက်ရှိရနေတဲ့တန်ဖိုးတွေထက်ကြီးမားနေတတ်တယ် ။ အဲဒီအခါ ပေးဆပ်ရမှုကလည်း ပိုကြီးမားတတ်တယ် ။ ဘောလုံးကစားပွဲနဲ့မတူတဲ့အချက်က ကျွန်တော်တို့ဟာ players တွေကို လူစားလဲလို့မရဘူး ဘ၀ ဆိုတဲ့ကစားပွဲကတော့ ကျွန်တော်တို့ကို လူစားလဲခွင့် (Substitution ) မပေးထားသလို ပြန်ကစားခွင့် (Replay ) လည်းမပေးထားဘူး ။ ပုံပြင်ထဲမှာသာ အဖြစ်ဆိုးတွေကို နောက်ပြန်လှည့်ခွင့်ရနိုင်ပေမယ့် တကယ့်ဘ၀မှာတော့ ကျွန်တော်တို့ဟာ ရရှိလာတဲ့ကံဆိုးမိုးမှောင်ကျမှုတွေ အဖြစ်ဆိုးတွေကို ပြန်လည်ဖြေဆည်ဖို့ ဒုတိယအကြိမ် အခွင့်အရေးဆိုတာမရှိဘူး ။ ဘ၀မှာ ကိုယ်တကယ်လိုချင်တဲ့ တန်ဖိုးဆိုတာ ဘာလဲဆိုတာ ကိုယ်သိဖို့လိုတယ် ။ ရွှေတွေလား? ၊ ငွေတွေလား? ၊ တိုက်တာ အဆောက်အအုံတွေလား? ၊ ရာထူးဂုဏ်သိမ် စည်းစိမ်တွေလား? ၊ ရာထူး ကြီးကြီးတွေလား? ၊ ပျော်ရွှင်မှုလား? သင်ကိုယ်တိုင်ပဲရွေးချယ်လိုက်ပါ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top