Saturday 22 December 2012

Firefox ကို အမြန်ဆုံး ဖွင့်မယ်

ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် ....
နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။
စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။
ကျွန်တော့်အတွက်လေ... ။



တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။
Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။
စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေ
လို့ ပြန်တင်ပေးလိုက်ပါဗျာ ။



ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။
အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။





Properties နိပ်လိုက် သူ့ကို Box တစ်ခု တက်လာမယ်ဗျာ ။
 
အဲဒီမှာ Target ကို ကြည့်လိုက်ပါ ..
 
Shortcut ကို အရင် တစ်ချက်နိပ် ပေးလိုက်ပါ ။
 


Target ကို တွေ့တယ် မလား ...
 
အဲဒီမှာ exe' နောက်မှာ space bar တချက်နှိပ်ပြီး
 
prefetch:1 ကို ထည့်ပေးလိုက်ပါ ။
 
 

အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။
 
ပြီးရင် Apply >>> OK ပါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။
 
 
 
               
   
  မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top