Saturday 15 December 2012

မြန်မာပြည်မိုဘိုင်းဖုန်းကို Free SMS ပိုကျမယ်


မြန်မာနိုင်ငံက gsm ဖုန်းတွေဆီကို sms ပို့ချင်တယ်ဆိုရင် www.yangoncity.com.mm ကနေ ပို့လို့ရပါတယ်။ ဒါပေမယ့် ၄င်း website မှာ member ၀င်ထားသူများသာလျှင် ပို့လို့ရပါတယ်။ လတ်တလော ၄င်း website မှာ register လုပ်လို့မရဘူးဆိုရင်တော့http://utility.mcc.com.mm မှာ register လုပ်နိုင်ပါတယ်။ ယခုအချိန်အထိတော့ အသင်းဝင် ထားရင် တစ်နေ့ကို sms ငါးစောင် အခမဲ့ ပို့လို့ ရပါတယ်။
account ရှိပြီးသားဆိုရင်တော့ http://www.yangoncity.com.mm ကိုဝင်ပြီး XChat to SMS ဆိုတဲ့ ပုံကို နှိပ်ပါ။ ဒါဆိုရင် XChat New windows ပေါ်လာပြီး login လုပ်ခိုင်းလိမ့်မယ်။ username & password type ပြီး login လုပ်ပြီးတဲ့အခါ nickname တစ်ခုနဲ့ chatroom ထဲကို ၀င်ခိုင်းလိမ့်မယ်။ chatroom ထဲရောက်ပြီဆိုရင်တော့ အောက်နားက စာရိုက်တဲ့နေရာနားမှာ mobile SMS (beta version) ဆိုတဲ့ link ကိုနှိပ်လိုက်ရင် ဖုန်းနံပါတ်ရိုက်တဲ့ဖို့ box လေးပေါ်လာလိမ့်မယ်။ ဖုန်းနံပါတ်ရိုက်ထည့်ပြီး login လုပ်လိုက်ရင် ရပြီ။ ပြောချင်တဲ့စာကိုသာ ရိုက်ထည့်ပြီးပြောပေတော့။ ကိုယ့်ဆီကိုပြန်ဝင်လာတဲ့ message တွေကိုကြည့်မယ်ဆိုရင်တော့ chat room ဘေး userlist ထဲက ကိုယ့် nickname ဘေးမှာ View SMS ဆိုတာကို နှိပ်လိုက်ရင် ကိုယ်ပို့ထားတာတွေရယ်၊ကိုယ့်ဆီ ပြန်ဝင်လာတဲ့ဟာတွေရယ် တွေ့ရလိမ့်မယ်။ တစ်ရက်ကို ငါးစောင်ပြည့်သွားရင် ထပ်ပို့လို့မရတော့တာမို့ ချွေချွေတာတာလေး အသုံးပြုပေါ့ခင်ဗျာ။ ပြည်တွင်းကော၊ ပြည်ပကပါ အဆိုပါ website ကို ၀င်ပြီး SMS ပို့နိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top