Thursday 27 December 2012

Google Play Store ( Android Market ) မှာ free ပေးထားတဲ့ application တွေကို ကွန်ပျူတာနဲ့ တိုက်ရိုက် download ဆွဲမယ်



Google Play Store ထဲကို ၀င်လို့မရသူတွေ အတွက်ပေါ့... မြန်မာနိုင်ငံအနေနဲ့ Android Market ထဲကို ၀င်လို့မရသေးပါဘူး... ကွန်ပျူတာနဲ့ပဲဝင်ဝင်... ဖုန်းနဲ့ပဲဝင်ဝင် မရပါဘူး... အခု tutorial လေးက Google Play Store ထဲဝင်လို့ရအောင် သင့်ကို ကူညီပေးပါလိမ့်မယ်...
Google Play Store ထဲမှာ ကျွန်တော်တို့ လိုချင်တဲ့စာအုပ်တွေ၊ ဂိမ်းတွေ၊ ဆော့ဖ်ဝဲလ်တွေ၊ အများကြီး အများကြီး ရှိပါတယ်... တစ်ချို့ကို ပိုက်ဆံပေးပြီး ၀ယ်သုံးရပါတယ်... ဒါပေမယ့် free ပေးထားတာတွေကလည်း အများကြီးပါ... အဲဒီတော့ ကျွန်တော်တို့ Market ထဲ တစ်ခါလောက် ၀င်ကြည့်လိုက်ရအောင်...




လိုအပ်တာတွေက ဒါလေးတွေပါဘဲ... အရင် ဆွဲလိုက်ပါအုန်း....

Google Chrome ( latest version )



Android Device ID ( .apk file )



Freegate ( if myanmar )



APK Downloader ( .crx file )




How to do

  1. Google Chrome Browser က version 23 နဲ့အထက် ရှိတယ်ဆိုရင် အဆင်ပြေပါပြီ... မရှိဘူးဆိုရင်တော့ download ဆွဲထားရပါလိမ့်မယ်... chrome ရဲ့နောက်ထွက်တဲ့ version တွေကသာ SSL error notifications ကို disabled လုပ်နိုင်လို့ပါ.... မဟုတ်ရင် အဆင်မပြေနိုင်ပါဘူး.... install လုပ်ထားပေးပါ...

  2. Android Device ID ကို ဘယ်လိုရှာမလဲဆိုတော့ နည်း (၂)နည်းရှိပါတယ်...
    • (ပထမနည်း) ပေးထားတဲ့ Android Device ID apk ဖိုင်ကို download ဆွဲပြီးရင် သင့်ရဲ့ Android Phone ထဲကို install လုပ်ပေးပါ... ပြီးရင်ဖွင့်ကြည့်လိုက်ပါ... အပေါ်ဆုံးက ( Google Service Framework ID ) ဆိုတာရဲ့အောက်က စာသားနဲ့ ဂဏန်းရောပါနေတဲ့ code ဟာ ကျွန်တော်တို့လိုချင်တဲ့ ID ပါဘဲ..  မှတ်ထားပေးပါ....
    • (ဒုတိယနည်း) Android Device ID apk ဖိုင်ကို ဒေါင်းလုပ်ဆွဲစရာ မလိုပါဘူး... ဖုန်းထဲမှာတင် ရှာနိုင်ပါတယ်... ဖုန်းခေါ်တဲ့ဂဏန်းကွက် ( Dial pad ) ကိုဖွင့်လိုက်ပါ... *#*#8255#*#* နှိပ်လိုက်ရင် "Gtalk Service Monitor" ဆိုတာ ပေါ်လာပါမယ်... အဲဒီထဲက Device ID စာသားနဲ့စတဲ့ လိုင်းကိုလိုက်ရှာပါ... " android- "စာသားရဲ့နောက်က ဂဏန်းနဲ့စာရောပါနေတဲ့ code ဟာ ကျွန်တော်တို့လိုချင်တဲ့ ID ပါဘဲ.. [ eg. 1a2b3c4d5e6f7g8h ] မှတ်ထားပေးပါ...

  3. မြန်မာနိုင်ငံကဆိုရင်တော့ ကျွန်တော်တို့ FreeGate ကို run ထားပေးဖို့ လိုပါမယ်... သူက server ကိုရှာပေးပါလိမ့်မယ်... Freegate ကို မဖွင့်ခင် အရင်ဆုံး  သင့်စက်ရဲ့ proxy server ကို ကျွန်တော်တို့ ပြင်ဖို့လိုပါမယ်... Control Panel > Internet Options > Connections tab > LAN settings > Automatic configuration ဆိုတာတွေကို အမှန်ခြစ် ဖြုတ်ပါ... Proxy server ဆိုတာကို အမှန်ခြစ်ပါ... Address: 127.0.0.1 | Port: 8580 ကိုထည့်ပေးပါ... တစ်ခြားဂဏန်း ရှိပြီးသားဆို ပြင်လိုက်ပါ... Bypass proxy server ဆိုတာကို အမှန်ခြစ်ထားပေးပါ... OK > OK နှိပ်ပေးပါ... ဒါဆို ကျွန်တော်တို့ proxy server ပြင်ပြီးပါပြီ...



    Freegate ကို run ထားပေးပါ... Server A,B,C ဆိုတာတွေပေါ်လာပြီး Browser တစ်ခုပွင့်လာပြီး တရုတ်စာတစ်ချို့ပါတဲ့ webpage တစ်ခု ကျလာပြီဆိုရင် Freegate ကိုအောင်မြင်စွာ run နိုင်ပါပြီ... ပွင့်လာတဲ့ Browser က Chrome မဟုတ်ရင် ပြန်ပိတ်လိုက်နိုင်ပါတယ်... မလိုအပ်လို့ပါ... တရုတ်စာနဲ့ webpage မကျလာဘူးဆိုင်ရင်တော့ မရသေးပါဘူး... အစအဆုံး သေချာပြန်စစ်ပါ...

  4. Chrome Browser ရပြီ... Device ID ရပြီ... Freegate ကိုလဲ run ထားပြီးပြီဆိုရင် ကျွန်တော်တို့ Chrome မှာ Extension ထည့်ပေးရပါမယ်... Firefox မှာဆိုရင် Addon လို့ခေါ်ပါတယ်... Chrome ကို install လုပ်ပြီးပြီဆိုရင် APK Downloader link ကို ဖွင့်လိုက်ပါ... chrome ထဲကို install လုပ်ပါလိမ့်မယ်... ဒါမှမဟုတ် dowloader တစ်ခုခုနဲ့ (.crx) ဖိုင်ကို ဆွဲထားပြီးသားဆိုရင် chrome://extensions/ ဆိုတဲ့ page ကိုသွားပါ... (.crx) ဖိုင်ကို drag ဆွဲပြီး page ပေါ်တင်ပေးလိုက်ပါ... install လုပ်ပါလိမ့်မယ်... အဲဒါဆိုရင် ကျွန်တော်တို့ APK Downloader ကို သွင်းပြီးပါပြီ... APK Download option ထဲသွားပါ... setting မှာ email လိပ်စာနဲ့ password ကိုဖြည့်ပေးပါ... ID နေရာမှာ ကျွန်တော်တို့ အရင်ရှာထားတဲ့ Android Device ID ကိုထည့်ပေးပါ... ကျန်တာ ဒီအတိုင်းထားပြီး login နှိပ်လိုက်ပါ... အခုဆိုရင် အောင်မြင်စွာနဲ့ Android Market ကို ၀င်ရောက်နိုင်ပါပြီ...
    ( မှတ်ချက်။ Google Andorid Market ထဲဝင်ရန် Google Account ရှိမှသာရပါမည်... Email , password နှင့် ID ကို random လျှောက်ဖြည့်၍ မရနိုင်ပါ... Email , password နှင့် ID ကိုလည်း Market ထဲဝင်ရန်အတွက် သင့်စက်ရဲ့ cookie အဖြစ်သာ ထားရှိခြင်းဖြစ်ပါသည်... စိုးရိမ်မှုရှိရန် မလိုပါ...)
    ဒါကတော့ မူရင်းဆိုက်မှာ ရေးထားပေးတာပါ... အကြံပြုချင်တာက တကယ်လို့ သင့်စိတ်ထဲ password ထည့်ပေးရလို့ မလုံခြုံဘူးထင်ရင် Gmail Account အသစ်တစ်ခုလျှောက်ပြီးမှ သုံးလဲအဆင်ပြေပါတယ်...

  5. အကုန်လုံးတော့ သွင်းပြီးပြီ... ဘယ်လိုဒေါင်းရမလဲဆိုတော့... အရင်ဆုံး Google Play Store (https://play.google.com) ထဲဝင်လိုက်ပါ... ကိုယ်ဒေါင်းချင်တဲ့ Android App  တစ်ခုကို ဖွင့်လိုက်ပါ... Address bar က ညာဘက်ရှိ ကြယ်လေးရဲ့ဘေးမှာ Android စက်ရုပ်ပုံလေး ပေါ်လာပါမယ်(မပေါ်လာသေးရင် ခဏစောင့်လိုက်ပါ) ပုံလေးကိုနှိပ်လိုက်ပါ...



    နောက် page အသစ်တစ်ခု ထွက်လာပါမယ်... စပြီး ဒေါင်းနေပါပြီ... တစ်ခြား Application တွေကိုလည်း ဒီအတိုင်းပဲ ဒေါင်းနိုင်ပါတယ်... ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ဒေါင်းနေတာမို့ အဆင်ပြေပါတယ်... Android နဲ့ ပျော်ရွှင်နိုင်ကြပါစေ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top