Monday 10 December 2012

လေဆာကီးဘုတ် (Virtual Keyboard)

ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေဆာ အလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် Typing ရိုက်လို့ ရမှာ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် Brook Stone gadgets ပစ္စည်းထုတ် ကုမ္ပဏီက ဖန်တီး လိုက်တာဖြစ်ပါတယ်။ အော်ဒါမှာ ယူခွင့်ပေးတဲ့ ရက်ပိုင်း အတွင်း ကုန် သွားပြီး ဒီဇင်ဘာလလောက်မှာ ပြန်လည် ရရှိမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း၊ လပ်(ပ်)တော့ Tablet အစရှိသဖြင့် ပစ္စည်းစုံစုံ လင်လင် နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ်လုပ်တာ မို့ဖြစ်ပါတယ်။ ကီးဘုတ် အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလိုချိန်ညှိယူ နိုင်ပြီး သာမန်ကွန်ပျူတာတစ်လုံးသုံးသလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ဖုန်းနဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့ နိုင်ပါတယ်။ အင်တာနက်သုံးရင်လည်း အဆင်ပြေပါတယ်။ အရွယ် အစားကလည်း သော့ချိတ် သာသာပဲ ရှိပြီး သော့ချိတ်ပုံစံမျိုးပဲထုတ် လုပ်ထားတာဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း မှာယူပေးမယ့် ကိုယ် စားလှယ်များ ရှိလာနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top