Friday 14 December 2012

You Tube ကနေဒေါင်းနည်း


Youtube ကနေ Video Download လုပ်ရာမှာ Internet Download Manager နဲ့ ရတဲ့အခါ ရသလို မရသည့်အခါများလဲ ရှိတတ်ပါတယ်။ ဒါကြောင့် Youtube ကနေ Video Download လွယ်ကူစေဖို့ အောက်ပါနည်းလမ်းများကို မောင်စေတနာ ဆိုဒ်ကနေ ကူးယူ ဖော်ပြပါလိုက်ရပါတယ်..
အထူးသဖြင့် မန္တလေးက သူငယ်ချင်းတွေ ဆေးပညာနဲ့ပတ်သက်လို့ Youtube ကနေ Video တွေ ဒေါင်းတဲ့အခါ အဆင်မပြေမှုတွေတွေ့နေရတယ် ဆိုလို့ပါ

နည်းလမ်း(၁)

IDM ကဲ့သို့ Download ယူရာတွင် ကောင်းမွန်သော DownloadThemAll ကို Firefox တွင် addons အဖြစ် သွင်းရပါမည်။

add to firefox ကို နှိပ်ပါ။ အပေါ်တွင် Allow ဆိုတာလေးကို နှိပ်ပါ။ ခဏစောင့်ပါ။

Install လုပ်ရန်အတွက် Box တစ်ခု ကျလာလိမ့်မည်။ Install Now ကို နှိပ်ပါ။

Firefox ကို restart ချခိုင်းလိမ့်မည်။ restart ကိုနှိပ်လိုက်ပါ။

နည်းလမ်း(၂)

ပြီးပါက Firefox ရှိ Tools menu တွင် Add-ons ကိုနှိပ်လိုက်ပါ။

Add-ons Manager tab ပေါ်လာပါလိမ့်မည်။

ညာဘက်ဒေါင့်အပေါ်ရှိ search all add-ons နေရာတွင် youtube video download ဆိုတာကို ရိုက်ထည့်လိုက်ပါ။

ပေါ်လာသည့်အထဲမှ Download Youtube Videos as Mp4 and FLV ကို Install လုပ်ပါ။

ပြီးပါက Firefox ကို restart ချခိုင်းလိမ့်မည်။ ချလိုက်ပါ။

www.youtube.com တွင် နှစ်သက်ရာ ဗီဒီယို ရှာဖွေပါ။ အဆိုပါ ဗီဒီယိုအောက်တွင် Download ဆိုတာ ပေါ်နေပါလိမ့်မည်။ Download လုပ်ပါက Downthemall ဖြင့် Download ယူပါက မြန်ဆန်စွာ ရရှိပါမည်။

ကျွန်ုပ်လည်း အဆင်ပြေဆုံး နည်းလမ်းဟု ယူဆသဖြင့် အထက်ပါနည်းလမ်းများကို ရေးသားဖော်ပြအပ်ပေသည်။ ကျွန်ုပ်၏ အရေးသားများကို သည်းခံစွာ ဖတ်ရှုရင်းဖြင့် အဆင်ပြေကြပါစေ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top