Monday 21 January 2013

0.80 မီလီမီတာ သာအထူရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီပါ

0.80 မီလီမီတာ သာအထူရှိတဲ့ ကမ္ဘာ့အပါးလွှာဆုံးလက်ပတ်နာရီ ပါ

Credit To: Internet Journal

0.80 မီလီမီတာရှိပြီး credit card တစ်ခုထက် ပိုမိုပါးလွှာသည့် ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို CES 2013 ပြပွဲတွင် ပွဲထုတ်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်းအပါးလွှာဆုံး လက်ပတ်နာရီကို CST-01 ဟု အမည်ပေးထားပြီး Central Standard Timing နှင့် E-ink တို့မှ အကျိုးတူ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မူပိုင်ခွင့်ပြုလုပ်ထားသည့် အဆိုပါ CST-01 ကို ပါးလွှာပြီး ပြုပြင်ပြောင်းလဲနိုင်သည့် အရာဝတ္ထု များကို သံမဏိကိုယ်ထည်အဖြစ် စုစည်းပြုလုပ်ထားပြီး external dock ဖြင့် ၁၀ မိနစ်အားသွင်းရုံဖြင့် ၁၅ နှစ် အသုံးပြုနိုင်မည်ဟု သိရသည်။ အဆိုပါ CST-01 ကို လက်ပတ်နာရီကို အမေရိကန်ဒေါ်လာ ၁၂၉ ဖြင့် Kickstarter ၀က်ဘ်ဆိုက်တွင် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒုတိယသုံးလပတ်တွင် စတင်ဈေးကွက်တင်ပို့မည်ဖြစ်သည်။

ရေးသားသူ -ဟေမာ
Ref: CNET

internet journal မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top