Monday 28 January 2013

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်



                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။


                            အမြင့်ဆုံးသိုလှောင်နိုင်သည့် iPad 64 GB များနှင့် မတူတဲ့ 128 GB ဆံ့ Flash memory ကိုတော့ မည်သည့်ကုမ္ပဏီမှ မှာယူအသုံးပြုမည်ကို အတိအကျ မသိရသေးပဲ လောလောဆယ်တော့ Samsung ကုမ္ပဏီမှ 128 GB ဆံ့ Flash memory များစမ်းသပ်ထုတ်လုပ်နေကြောင်း electronista.com မှာ ဖေါ်ပြထားပါတယ်။ iOS developer များအတွက် နောက်ဆုံး update ပြုလုပ်ပေးခဲ့သည့် iOS 6.1 Beta 5 တွင်လည်း 128 GB model များအတွက် ပါ ထည့်သွင်းပေးထားရာ iPad သာမဟုတ်ပဲ iPhone နှင့် iPod touch များမှာပါ 128 GB ထပ်မံထွက်ရှိလာနိုင်ဖွယ် ရှိနေပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top