Wednesday 2 January 2013

အသည်းကွဲနှစ်သစ်ကူး

ငါ့စိတ်ကူးထဲ တွေးပျော်ခဲ့တာ နင်နဲ့င့ါရဲ့ နှစ်သစ်ကူး(နယူးရီးယား)လေးက
ပျော်စရာကောင်းမယ်ထင်ခဲ့တာ
နောက်ဆုံး...နင်နဲ့ဖြတ်သန်းမယ်လို့တွေးထားတဲ့ ငါ့ရဲ့(နယူးရီးယား)ဟာ
ခြောက်သွေ့ပူလောင် ယစ်မူးမှုတွေနဲ့ကုန်ခမ်းသွားခဲ့ပြန်တယ်
လရောင်အောက်မှာ ကြယ်တွေကိုငေးကြည့်နေတဲ့ငါ
မျက်ရည်က နှင်းစက်တွေနဲ့အတူ အပြိုင်အဆိုင်
ငါပြန်လိုခဲ့တယ် ဒီလိုညတွေမကုန်စေချင်ဘူး
ပြန်လာခဲ့ပါ နှစ်သစ်ကူးရယ် ချစ်ရသူရယ်လို့ ငါအော်ခေါ်ပေမယ့်
နင့်မှမကြားနိုင်တော့တာ...
ငါမျှော်နေပေမယ့် နင်မှမလာနိုင်တော့တာ...
အရင်နှစ်ကတွဲဆက်ခဲ့တဲ့ချစ်သူ့လက်ကလေးတစ်စုံကို
ငါတွဲလို့ ဆောင်းနှင်းရဲ့အေးချမ်းမှုက ချစ်သူ့ကိုယ်ငွေ့လေးနဲ့နွေးလေရဲ့...
နင်မုန်းရက်ခဲ့တာလဲမဟုတ်ဘူး...
ငါမုန်းရက်ခဲ့တာလဲမဟုတ်ဘူး...
ကံအကြောင်းကြောင့် ငါတို့ပြန်ပေါင်းဖို့မဖြစ်နိုင်တော့တာပဲ
နင်ပေးခဲ့တဲ့နှစ်သစ်ကူးလက်ဆောင် ဂစ်တာလေးလဲ
ငါရင်ခုန်သံရိုက်ခတ်မှုတွေကြောင့် ကြိုးလေးတွေပြတ်တောက်နေပေါ့
ဘ၀ခြားသွားခဲ့တဲ့ချစ်သူရဲ့ဓါက်ပုံလေးကခုချိန်မှာ
ငါရဲ့(နယူးရီးယား)လက်ဆောင်လား
နင့်အစားငါသွားလိုက်ချင်ပါရဲ့ဟာ မရဏမင်းကင့ါဘ၀--ငါ့ရည်မှန်းချက်--င့ါစိတ်ကူးတွေ
ဖျက်စီးလိုက်တဲ့အချိန် ငါဟာ အမြဲတမ်း နှစ်ကူးတိုင်း (အသဲကွဲသမား) သေသောက်ကျူးဖြစ်နေလေရဲ့
ပြန်လာခဲ့ပါချစ်သူရယ်........................................

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top