Monday 28 January 2013

သူသာရှိခဲ့ ရင်...





သူသာရှိခဲ့ ရင်ပေါ့
ကျနော်တို့ ရဲ့  ပညာရေး
ဒီလောက်အောက်တန်းမကျဘူး
သူသာရှိခဲ့ ရင်ပေါ့
သာယာတဲ့ တောတောင်နဲ့ 
ကျွန်းသစ် သယံဇာတတွေ
ပြုန်းတီးမှာ မဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
တောမီးမလောင်ပဲ
တောကြောင်တွေ
 လက်ခမောင်းမခတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
လာဘ်ပေးလာဘ်ယူတွေ
ဒီလိုပေါများမှာမဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
အနာဂါတ်ရဲ့  လူငယ်တွေ
လူညွှန်တုံးမှာ မဟုတ်ဘူး
သူသာရှိခဲ့ ရင်ပေါ့
ငါတို့ တွေမိဝေးဖဝေးနဲ့ 
တကွဲတပြားမကွဲရလောက်ဘူး
သူသာရှိခဲ့ ရင်ပေါ့
တိုင်းရင်းသားတွေ
သွေးမကွဲလောက်ဘူး
သူသာရှိခဲ့ ရင်ပေါ့
ဘယ်လိုဘာသားခြားမှ
ငါတို့ ကို မစော်ရဲဘူး
သူသာရှိခဲ့ ရင်
လယ်ယာမြေတွေ
အကြောင်းမဲ့  အသိမ်းမခံရဘူး
သူသာရှိခဲ့ ရင်ပေါ့
သံဃာတော်တွေနဲ့ 
 ပြည့်သူသွေးမြေမခဘူး
သူသာရှိခဲ့ ရင် ပေါ့
လူဆင်းရဲတွေ ထမင်းမငတ်ဘူး
သူသာရှိခဲ့ ရင် ပေါ့
အရာရာဟာဆိုပြေလှပပြီး
ကောင်းမွန်တိုးတက်တဲ့ 
မြန်မာယာဉ်ကျေးမှုနဲ့ အတူ
ခေတ်မီနဲ့  နိုင်ငံတော် သစ်ဆီ
ကို ရောက်ေနလောက်ပြီ
သူသာရှိခဲ့ ရင်...........
သူသာရှိခဲ့ ရင်...........
သူသာရှိခဲ့ ရင်...............



   ဖိုးခွားလေး(ကော့မှူးမြို့ ) မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top