Tuesday 29 January 2013

ဂျီတော့ဆော့ဝဲလ် အတု (သတိထားလို့ ရအောင်ပါ)

ဂျီတော့အကောက်ကိုမှတ်ပေးလို့ ရတဲ့ ဂျီတော့ဆော့ဝဲလ် အတုပါ။ သတိထားလို့ ရအောင်ပါ။



 မယုံလို့  စမ်းကြည့်ချင်တယ်ဆိုလျှင် အောက်ကလင့်နှစ်ခုကနေ ကြိုက်ရာလင့်က သွားပြီးဒေါင်းလိုက်ပါ။

Box ဆိုဒ်မှ ဒေါင်းရန် 

Mediafire ဆိုဒ်မှ ဒေါင်းရန်

◘◘အသုံးပြုပုံ◘◘
                                            ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ဖွင့်လိုက်ပါ။

   
            ပြီးရင်ဆော့ဝဲလ်ပေါ်လာပါလိမ့်မည်။ မိမိမေးလ်နှင့်ပက်စ်ဝက် ကိုရိုက်ပြီး Sign in ကိုနှိပ်ပါ။


ပက်စ်ဝက်နှင့် Username မှားနေကြောင်း Box တစ်ခု ကျလာပါလိမ့်မည်။


OK ကိုနှိပ်ပြီး ဆက်ထည့်ကြည့်ပါ နောက်ထပ် တစ်ခေါက် နှစ်ခေါက်လောက်.......

မိမိမေးလ်နှင့်ပက်စ်ဝက်မှန်ရဲ့သားနဲ့  ဝင်မရဖူးထင်တတ်ပြီး ...အကောက်လေ့ကျနေတယ် လို့ လည်းတွေးမိပြီး ဆော့ဝဲလ်ကို ပြန်ပိတ်လိုက်ပါ။ပြီးရင် Execute ဟူသော Box ကျလာပါလိမ့်မည်။ဒါဆိုရင်တော့ ဂျီတော့ အတုဆော့ဝဲလ်ကိုသုံးထားတာလို့ သိနိုင်ပါတယ်။အဲ့ဖိုင်ထဲက Yes ကိုနှိပ်ကြည့်လိုက်ပါ မိမိကွန်ပျူတာမှာ စမ်းသပ်နေတာဆိုရင်.........

အများသုံးအင်တာနက်ဆိုင်မှာ စမ်းသပ်နေတာဆိုရင် တော့ No (သို့ ) Cancel ကိုနှိပ်ပြီး ပိတ်လိုက်ပါ။


Yes ကိုနှိပ်ပြီးသွားလျှင် ဒေါင်းထားတဲ့ဆော့ဝဲလ်ကို ပြန်ဖွင့်ပါ။ ပြီးရင် ဒေါင်းထားတဲ့ဖိုင်ထဲမှာ ပါတဲ့ Gtalkacc.txt ကိုနှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။


ဒါဆိုရင်တော့ မိမိ ဝင်ခဲ့တဲ့ မေးလ်နှင့် ပက်စ်ဝက် ကိုတွေ့ ရမှာ ပါ။


သတိထားနိုင်အောင်ပါ။ ကြောက်စရာကောင်းတယ်နော်။

အဆင်ပြေကြပါစေ။
ကိုခင်မောင်စိုး မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top