Thursday 17 January 2013

Facebook Messenger မှတဆင့် VOIP ဖုန်းခေါ်ဆိုနိုင်တော့မည်


                          Facebook ရဲ့ official application တစ်ခုဖြစ်တဲ့ Facebook messenger မှတစ်ဆင့် WiFi သို့မဟုတ် Cellular network တစ်ခုခုကို အသုံးပြုပြီး၊ မိမိ၏ Friend list ထဲမှ သူငယ်ချင်းများကို Voice over IP လို့ခေါ်တဲ့ VOIP နည်းပညာသုံး အင်တာနက် ဖုန်း ခေါ်ဆို နိုင်တော့မှာပါ။ Skype Voice နှင့် Google Talk call များကဲ့သို့ အကောင့်တစ်ခုမှတစ်ခု အခမဲ့ ဖုန်းပြောဆိုနိုင် မယ့် Feature အသစ်ကို Canada မှာ စတင်စမ်းသပ် အသုံး ပြုနေပြီး၊ စမ်းသပ်မှုကာလပြီးမြောက်လျှင် တစ်ကမ္ဘာလုံးအဆင့် အသုံးပြုနိုင်လာတော့မှာဖြစ်ပါတယ်။

                 
                            အသုံးပြုလိုသူများမှ နောက်ဆုံးထွက် Facebook messenger ကို ထည့်သွင်းထားရမည်ဖြစ်ပြီး၊ Chat box ၏ ညာဘက် အပေါ်ထောင့် ရှိ "i" သင်္ကေတ ကိုနှိပ်ခါ Free VOIP call ကို ခေါ်ဆိုနိုင်မှာပါ။ တစ်ဖက်လူမှ online တွင်ရှိမနေပါကလည်း Voice message ကို တစ်မိနစ်ခန့် ပို့ပေးထားနိုင်မှာဖြစ်ပြီး၊ နောက် အပါတ် အနည်းငယ်မှာ စတင်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Facebook messenger ရဲ့ iTunes စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

Latest facebook messenger 2.1.1 ကို iTunes မှ download လုပ်ရန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top