Monday 28 January 2013

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon


                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Firefox Browser တွင် Tagu Addon ထည့်သွင်းပုံ

၁။ Firefox browser ကို ဖွင့်ပါ။
၂။ Firefox Browser ၏ Address Bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီးလျှင် Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://addons.mozilla.org/en-US/firefox/addon/tagu/ 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "Add to Firefox" ကိုနှိပ်လိုက်လျှင် Update ပြုလုပ်ထားသည့် အချိန်မကြာသေးသည့်အတွက် Tagu Addon ကို Firefox မှ စမ်းသပ်မှုမပြုလုပ်ရသေးသောကြောင့် သတိနှင့် အသုံးပြုရန် Caution box ကျလာပါမယ်။ အောက်ပါ ပုံအတိုင်း "Add to Firefox" ကိုထပ်နှိပ်ပါ။
မှတ်ချက်- Tagu Addon ကို Firefox မှ စမ်းသပ်မှုပြုလုပ်ပြီးသွားပါက Caution box ထပ်မံကျလာတော့မည့်မဟုတ်ပဲ တိုက်ရိုက် install ပြုလုပ်သွားမှာပါ။


Google Chrome တွင် Tagu Addon ထည့်သွင်းပုံ

၁။ Google Chrome ကိုဖွင့်ပါ။
၂။ Google Chrome browser ၏ Address bar တွင် အောက်တွင်ပေးထားသော URL လိပ်စာကို Copy ကူးပြီး Paste လုပ်ခါ Enter ကိုနှိပ်ပါ။

https://chrome.google.com/webstore/detail/ddjpcdpfemhkibhpmgcdbfajdhgpegdk

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း "ADD TO CHROME" ကိုနှိပ်ပြီးလျှင် "Confirm New Extension" ဝင်းဒိုးကျလာပြီးလျှင် အောက်ပါပုံအတိုင်း "Add" ကိုထပ်နှိပ်ပါ။

                       အထက်ပါအဆင့်များပြီးဆုံးပါက လက်ရှိအသုံးပြုနေသော Browser များတွင် မြန်မာစာ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အဆင်သင့်ဖြစ်ပါပြီ။ ယခု Addon ကို Mobile ဖုန်း Browser များတွင်ပါ အသုံးပြုနိုင်ပြီး၊ Firefox for Android 11 နှင့် အထက်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Tagu Addon ရဲ့ Firefox စာမျက်နှာ မှာ ဖေါ်ပြထားပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top