Saturday 12 January 2013

Gallery Lock ထဲကဟာတွေ Password မေ့သွားရင် ဘယ်လိုပြန်ယူတော့မှာလဲ XD

Android Application တွေထဲက လူကြိုက်များကြတဲ့ Gallery Lock ဟာဆိုရင် Photo တွေ Video တွေကို Password နဲ့ သိမ်းထားလို့ရတဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ... အဲဒီတော့ Password မေ့သွားခဲ့တာမျိုး (ဟတ်ဟတ် ရှင်းရှင်းပြောရရင် Password မသိဘူးဗျာ XD) အဲလိုအနေအထားမျိုးမှာ အထဲက Data တွေကို လိုချင်တယ်ပဲထားပါတော့ ... ဘယ်လိုယူလို့ရလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ် ... အဲဒီတော့ကာ ခင်ဗျားတို့ ဖုန်းရဲ့ System Setting ထဲက Apps manager မှာ Gallery Lock ရဲ့ App info ကိုသွားလိုက်ပါဗျ.. ပြီးရင်တော့ အဲဒီမှာ Clear data ဆိုတာကို နှိပ်လိုက်ပါ... အဲထဲမှာသိမ်းထားတဲ့ Data တွေကော Password ပါ ပျက်သွားမှာဖြစ်ပါတယ်.. XD အဲမှာ ဇာတ်လမ်းက စတာပဲ။ သိမ်းထားတာတွေပါ ပျက်သွားမှတော့ ဘယ်လိုလုပ်ပြန်ရတော့မလဲလို့။ ဟီးဟီး အဲလောက်လဲ မပူပါနဲ့ဗျာ ... အဲဒီ Gallery Lock Application မှာကိုက သူ့ထဲမှာသိမ်းထားတဲ့ Data တွေ ပျက်သွားခဲ့ရင် ပြန်ယူလို့ရအောင်လို့ Recovery Function ပါပါတယ်ဗျ .. အဲဒီတော့ Gallery Lock ကို ဖွင့်လိုက်ပါ ပြီးရင် သူ့ရဲ့ Default Password (7777) နဲ့ဝင်လိုက်ပါဗျ ... ပြီးရင် အထဲမှာ အားလုံးပျက်သွားတာကိုတွေ့ရမှာပါ ... Setting ကိုသွားပါ .. အဲဒီမှာ Search and Recover lost files ဆိုတာကို နှိပ်လိုက်တာနဲ့ သင့်ရဲ့ ပျက်သွားတဲ့ Data တွေကို ရှာပေးမှာပါ ... အိုကေ အဲဒါတွေက Gallery Lock ထဲကို ရောက်မှာမဟုတ်ပါဘူး ... Gallery ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဗျ ...
   *** အားလုံးကိုကျေးဇူးတင်ပါတယ် ... ဒါခိုးနည်း သင်ပေးနေတာမဟုတ်ဘူးနော် ... password မေ့သွားရင် ပြန်ယူလို့ရအောင်လို့ တင်ပေးလိုက်တာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top