|
Sony Xperia Z tablet |
Sony Mobile ကုမ္ပဏီရဲ့ အသစ်ထပ်မံထွက်ရှိလာတဲ့
ရေစိုအကြမ်းခံ (water & dust proof) Xperia Z Tablet ပါ။ 1920-1200
ပစ်ဆဲလ် Screen resolution ရှိတဲ့ 10.1 လက်မ Screen ကို Mobile Bravia
Engine 2 အသုံးပြုခါ အရည်အသွေးမြှင့်ထားပါတယ်။ Qualcomm 1.5GHz quad-core
APQ8064 processor ကိုအသုံးပြုထားပြီး၊ RAM memory ပမာဏကတော့ 2GB နှင့်
built-in memory 32 GB ပါဝင်ခါ MicroSD Expension Slot လည်းပါဝင်ပါသေးတယ်။
ကျောဘက်မှာ 8.1-megapixel ရှိတဲ့ Exmor R ကင်မရာကို တပ်ဆင်ပေးထားပြီး၊ NFC
နှင့် LTE ကဲ့သို့သော နောက်ဆုံး ပေါ် network connection system
များလည်းအသုံးပြုနိုင်ပါတယ်။
Sony ကုမ္ပဏီရဲ့ မူပိုင် ဖြစ်တဲ့ "S-Force"
လို့ခေါ်တဲ့ virtual surround sound နည်းပညာကိုလည်း
ထည့်သွင်းအသုံးပြုထားပါတယ်။ Xperia Z Tablet ရဲ့အထူကတော့ 6.9
မီလီမီတာသာရှိတဲ့အတွက် 7.2 မီလီမီတာရှိတဲ့ Apple ရဲ့ iPad mini
ထက်ပင်ပါးလွာနေပါသေးတယ်။ အလေးချိန် 495 ဂရမ်သာရှိတဲ့အတွက် လက်ရှိ ၁၀
လက်မအရွယ် Android Tablet များထဲမှာတော့ Xperia Z Tablet ဟာ အပေါ့ပါးဆုံး
နဲ့ အပါးလွာဆုံး Tablet တစ်ခုဖြစ်နေပါတော့တယ်။ အဖြူရောင်နှင့် အနက်ရောင် ၂
မျိုး ရရှိနိုင်ပြီး၊ လောလောဆယ် ဂျပန်ဈေးကွက်မှာ
စတင်မိတ်ဆက်ပေးနေပြီဖြစ်ပါတယ်။
No comments:
Post a Comment