Wednesday 30 January 2013

Nokia N9 အကြောင်း

အားသာချက် - ဒီဇိုင်းလှပပြီး လုပ်ဆောင်ချက်လျင်မြန်တဲ့ ကင်မရာတပ်ဆင်ပေးထားကာ user interface ကလည်း ဆန်းသစ်ပါတယ်။ အားနည်းချက် - ပရိုဆက်ဆာရဲ့လုပ်ဆောင်ချက်ဟာ သာမန်မျှသာရှိပြီး application များစွာကို တစ်ပြိုင်နက်အသုံးပြုနိုင်တဲ့ multitasking စွမ်းဆောင်ရည်ကလည်း ဆိုးရွားပါတယ်။ Design ပြီးခဲ့တဲ့ဇွန်လက CommunicAsia 2011 ပွဲမှာမိတ်ဆက်ပြသခဲ့တဲ့ Nokia N9 ဟာ MeeGo operating system အသုံးပြုထားတဲ့ ပထမဦးဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ ဖုန်းရဲ့ဒီဇိုင်းဟာ အလွန်လှပပြီး လက်ထဲမှာ ကိုင်ထားတဲ့အခါမှာလည်း သက်သောင့်သက်သာရှိစေပါတယ်။ ဖုန်းရဲ့တည်ဆောက်ထားပုံကလည်း အလွန်ကောင်းမွန်ပြီး ၃.၉ လက်မအရွယ် AMOLED display ဟာ FWVGA (854x480 pixels) resolution ဖြင့်ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးမှာတော့ physical ခလုတ်များဖြစ်တဲ့ ဖုန်းအဖွင့်အပိတ်ခလုတ်နဲ့ volume ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ၃.၅ မီလီမီတာနားကြပ်ပေါက်ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တပ်ဆင်ပေးထားပြီး microUSB port နဲ့ micro SIM slot တို့ကိုတော့ တံခါးပေါက်တစ်ခုနဲ့ ဖုံးကွယ်ထားပါတယ်။ Features Nokia N9 မှာ အခြားစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေလိုပဲ Bluetooth, Wi-Fi, A-GPS နဲ့ HSDPA စတဲ့ ကြိုးမဲ့စနစ်များပါဝင်လာပြီး Nokia ရဲ့ near field communication (NFC) နည်းပညာကိုလည်း built-in အဖြစ် ထည့်သွင်းပေးထားပါတယ်။ ဒီနည်းပညာဟာ မိုဘိုင်းငွေပေးချေမှုကို အထောက်အပံ့ပေးနိုင်ပြီး အခြား Nokia Bluetooth device များဖြင့်လည်း sync ပြုလုပ်နိုင်ပါတယ်။ MeeGo operating system ကိုအသုံးပြုထားတဲ့အတွက် ဖုန်းကို တစ်မူထူးခြားစေသလို အသုံးပြုသူတွေအနေနဲ့လည်း အလွယ်တကူအသုံးပြုနိုင်စေပါတယ်။ Mee-Go မှာပါဝင်တဲ့ panel သုံးခုသာပါဝင်ပြီး ပထမ panel ဟာ notification ကိုဖော်ပြပေးနိုင်ကာ ဒုတိယ panel မှာ အသုံးပြုသူရဲ့ app အားလုံးကိုဖော်ပြပေးပြီး wwd, panel ကတော့ multitasking ကိုဖော်ပြပေးနိုင်ပါတယ်။ Application များကိုရယူလိုတဲ့အခါ Nokia Ovi စတိုးမှတစ်ဆင့် ရယူနိုင်ပြီး Angry Birds နဲ့အခြားဂိမ်းတွေကိုတော့ ဟန်းဆက်မှာ ထည့်သွင်းပေးထားပါတယ်။ Carl Zeiss မှန်ဘီလူးပါဝင်တဲ့ 8-megapixel backside-illuminated (BSI) ကင်မရာကို LED flash နှစ်ခုဖြင့် ရိုက်ကူးနိုင်ပြီး အလင်းနည်းတဲ့နေရာတွေမှာ ရိုက်ကူးနိုင်စေမယ့် F2.2 aperture ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ သိုလှောင်မှုအနေနဲ့ 16GB နဲ့ 64GB onboard ဗားရှင်းတို့ဖြင့်ရရှိနိုင်ပြီး microSD slot ကိုတော့ အထောက်အပံ့ပေးထားခြင်းမရှိပါဘူး။ Performance Nokia N9 ကို GSM 850/900/1800/1900 ဖြင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ ကောင်းမွန်ပေမယ့် 1GHz Cortex A8 ပရိုဆက်ဆာရဲ့ စွမ်းဆောင်ရည်ကတော့ apps ဖွင့်ခြင်းနဲ့ multi-tasking အသုံးပြုခြင်းတို့မှာ အလွန်နှေးပါတယ်။ ဖုန်းမှာထည့်သွင်းအသုံးပြုထားတဲ့ 1,450mAh ဘက်ထရီဟာ ဖယ်ရှားအသုံးပြုနိုင်ခြင်းမရှိဘဲ ဖုန်းပြောဆိုမှုအတွက် ၁၁ နာရီအကြာ အသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၁၅ ရက်အကြာ အသုံးပြုနိုင်ပါတယ်။ တန်ဖိုးကတော့ 16GB အတွက် စင်ကာပူဒေါ်လာ ၇၉၉ ဖြစ်ပြီး 64GB အတွက်ကတော့ စင်ကာပူဒေါ်လာ ၈၉၉ ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top