Friday 11 January 2013

မြန်မာနိုင်ငံ၏ပထမဆုံးအဖြစ် Onlineမှ မိုဘိုင်းဖုန်းများကို ဝယ်ယူနိုင်မည်

မြန်မာနိုင်ငံ၏ပထမဆုံးအဖြစ် Onlineမှ မိုဘိုင်းဖုန်းများကို ဝယ်ယူနိုင်မည်

ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော နာမည်ကျော် အမှတ် တံဆိပ်များ၊ အရည်အသွေးမြင့် ဖုန်းဟန်းဆက် အမျိုးအစား အသစ် စက် စက်များကို အွန်လိုင်းမှ တစ်ဆင့် ဝန်ဆောင်မှုရယူပြီး ဝယ်ယူရရှိနိုင် မည်ဖြစ်ကာ ဝယ်ယူ လိုသူများအတွက် အွန်လိုင်းမိုဘိုင်းစတိုး ဖြစ်သည့် www.mobilestore.com.mm ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၄င်းဝက်ဘ်ဆိုဒ်တွင် မိမိတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရကာ ဖုန်းဝယ်ယူမှုအတွက် ငွေပေးချေမှု စနစ်ကိုလည်း Myanpay စနစ်ဖြင့် အသုံးပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဝက်ဘ်ဆိုက်တွင် ဈေး ကွက်အတွင်း လူအများ လက်ခံ အသုံးပြုနေသည့် အမှတ်တံဆိပ် ဖုန်းဟန်း ဆက်များ၊ Standard Item များကိုသာ အဓိကထား၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့က Online Mobile Store ကို ဖွင့်ဖို့ ရည်ရွယ် ထားတာ ကြာနေပါပြီ။ အရင်က အွန်လိုင်းငွေပေးချေမှုစနစ် မရှိသေး တဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။ အခုအွန်လိုင်းငွေပေးချေမှုMyanpay စနစ်ရှိလာပြီဖြစ်တဲ့အတွက် အခုလိုမျိုး Online Mobile Store ကို စတင်လိုက်တာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒီဝက်ဘ်ဆိုက်မှာ အများ လက်ခံပြီးသား Standard Item တွေကိုပဲ သီးသန့်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အများလက်ခံပြီးသားStandard Item တွေဆိုတာက ဒီဖုန်း အမျိုးအစား၊ ဒီ Model ကို သိလိုက်ရုံနဲ့ အတုအပမဖြစ်နိုင်ဘူး။ အသုံးပြု ရအဆင်ပြေတယ်။
ဥပမာ iPhone 5 ဆိုပါတော့။ iPhone လို့ပြော လိုက်ပြီဆိုတာနဲ့ လူအများက လက်ခံပြီးသား Brand ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်Standard Item ဖြစ်ပါတယ်။ အဲဒီလိုမျိုး မိုဘိုင်းဖုန်း အမျိုးအစားတွေကိုပဲ ရောင်းချသွားမှာဖြစ်ပါတယ်”ဟု ၄င်းအွန်လိုင်း စတိုးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝက်ဘ်ဆိုက်တွင် ပြသထား သည့် မိုဘိုင်းဖုန်းများအတွက် ၄င်းပြသထားသည့် ဖုန်းများ၏ လုပ်ဆောင် ချက်များ၊Function များကို အရောင်းစာရေးတစ်ဦးက အသေးစိတ်ရှင်း ပြနေသကဲ့သို့ စာဖြင့်အသေးစိတ်ဖော်ပြထားပြီး ၄င်းဖော်ပြချက်များကို ကြည့်ရှုလေ့လာကာ မိမိတို့စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မည်လည်း ဖြစ်သည်။
ယခု လောလောဆယ်တွင် အဆိုပါ အွန်လိုင်း မိုဘိုင်းစတိုးတွင် Apple, Samsung, Nokia, HTC အမှတ်တံဆိပ် မိုဘိုင်းဖုန်း အမျိုး အစားများကို အဓိကထားပြီး ရောင်းချသွားမည်ဖြစ်ကာ အွန်လိုင်းစတိုး ဖြစ်သည့်အတွက်လည်း အပြင်ဆိုင်များတွင် ရောင်းချသည်ထက်ပို၍ သက်သာအောင် စီစဉ်ထားကြောင်း သိရှိရသည်။
၎င်းဝက်ဘ်ဆိုက်တွင် ဝယ်ယူသည့် Customer များအား ရန်ကုန်နှင့် မန္တလေးမြို့တွင်းဖြစ်ပါက ၂၄ နာရီအတွင်း အိမ်တိုင် ရာရောက် ပစ္စည်း ပို့ဆောင်သွားမည်ဖြစ်ကာ နယ်မှဝယ်ယူသူများအတွက် သက်ဆိုင်ရာ ကားဂိတ်များမှ တစ်ဆင့်ပေးပို့ သွားမည်ဟု သိရသည်။
YOYARLAY မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top