Wednesday 16 January 2013

Sony ရဲ့  ရေစိုခံ Android စမတ်ဖုန်း Xperia Z

SonyXperiaZ
Sony ရဲ့  ရေစုံခံ ဖုန်း ဖြစ်တဲ့ Xperia Z ကို အီလက်ထရောနစ်ရှိုး CES မှာ ဝင်ရောက်သော ပြသမှာ ဖြစ်ပါတယ်။ ရေစုံအကြမ်းခံ တဲ့အတွက် တော်တော် များများ စိတ်ဝင်စားနေကြပါတယ်။ သူ့ရဲ့  အသေးစိတ် အချက်အလက်ကို Sony မှ အောက်ပါအတိုင်း ကြေညာ ထားပါတယ်။

အရွယ်အစား နှင့် အလေးချိန်

၅.၅ လက်မ အရှည်၊ ၂.၈ လက်မ အကျယ်၊ ၀.၃၁ လက် အထူ ရှိပါတယ်။
Dimensions   

Operating system

Android 4.1 Jelly Bean ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Jelly Bean 4.2 ကို upgrade လုပ်ဖို့ စီစဉ်ပေးထားပါတယ်။

CPU

 1.5 GHz quad-core Krait အမျိုးအစား ဖြစ်ပြီး chipset ကတော့ Chipset     Qualcomm MDM9215M / APQ8064 ကို အသုံးပြုမှာ ဖြစ်ပါတယ်။

မှတ်ဥာဏ်နှင့် သိမ်းဆည်းမှု

Memory က 2 GB RAM ရှိပြီး Storage က 16 GB ပုံသေပါပြီး ထပ်လည်း တိုးလို့ ရပါသေးတယ်။

ဘက်ထရီ

2,330 mAH ရှိပြီး Talk time က 2G မှာ ၁၁ နာရီ၊ 3G မှာ ၁၄ နာရီ ရှိပါတယ်။ သီချင်းနားထောင်ရင် နာရီ ၄၀ ခံတယ် ဆိုတော့ တော်တော်ကောင်းတဲ့ ဘက်ထရီလို့ ဆိုရပါမယ်။

Stand-by     Up to 550 h (2G) / Up to 530 h (3G)
Talk time     Up to 11 h (2G) / Up to 14 h (3G)
Music play     Up to 40 h

မျက်နှာပြင်

၅ လက်မ TFT capacitive touchscreen ကို အသုံးပြုပြီး 1080 x 1920 pixels လောက်အထိ size ရှိပါတယ်။  441 ppi pixel density ဆိုတော့ တော်တော်လေးကို ရုပ်ထွက်ကောင်းတဲ့ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။
Display   

ကင်မရာ

နောက်ကျောမှာ 13.1 megapixel ရှိပါတယ်။ LED Flash ပါ၊ autofocus ပါ ပြီး ဖြစ်ပါတယ်။ ရုပ်ထွက်ကြည်လင်မှုကတော့  4128x3096 pixels ဆိုတော့ အဆင့်မြင့် ဒီဂျာစ်တယ် ကင်မရာ တစ်လုံးလိုပါပဲ။ ရှေ့ ကင်မရာ ကတော့ video calling အတွက် 2.2 megapixel ရှိပါတယ်။

Connectivity

GPS,Micro USB 2.0,Bluetooth,NFC,Wi-Fi အားလုံး ပါဝင်ပါတယ်။

ဈေးနှုန်း

အမေရိကန်ဒေါ်လာ ၈၅၀ ဝန်းကျင်လောက် သွားကျပါတယ်။ ဒါကြေင့် မြန်မာပြည်ရောက်ရင်တောင် ၈ သိန်းကျော်ပေါက်ဈေးရှိမယ့် ဖုန်း ဖြစ်ပါတယ်။

အဓိကက ရေစိုခံတဲ့ အပြင်ဘော်ဒီက ကောင်းသွားလို့ ဖြစ် ပါတယ်။ အကြမ်းလည်း ခံပါတယ်။ touchscreen ကနေလည်း ရေမဝင် နိုင်ဘူးလို့ ဆိုပါတယ်။ CES မှာ ပြသပြီး ဖေဖော်ဝါရီလလယ်မှ စတင် ဈေးကွက် ဖြန့် ချိ တော့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
YOYARLAY မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top