Sunday 6 January 2013

မေ့တတ်သူများအတွက် Stick 'N' Find bluetooth စတစ်ကာလေးများ

                
                               သတိမေ့တတ်သူများအတွက် အသုံးဝင်နိုင်မယ့် mobile gadget တစ်ခုပါ။  မိမိသုံးနေကြ ဖုန်းကို တစ်နေရာရာတွင် ချခဲ့ပြီး၊ နောက်တစ်ခါ ပြန်အသုံးပြုချင်လျှင် ထားခဲ့သောနေရာကို မမှတ်မိတော့ ပါက အခြားဖုန်းတစ်လုံးလုံးနှင့် ခေါ်ဆိုကြည့်လျှင် ဖုန်း Ring သံကို နားထောင်ပြီး၊ ပြန်လည်ရှာတွေ့နိုင်ပါတယ်။ အလားတူ အရေးကြီးသော့တွဲများ၊ တီဗွီရီမုများ၊ အိမ်မွေးတိရိစ္ဆာန် ကလေးများ  ပျောက်ဆုံးပါက အထက်ပါအတိုင်း ခေါ်ဆို၍ မဖြစ်နိုင်တော့ပါဘူး။ ဆယ်ပြားစေ့အရွယ်သာရှိပြီး၊ bluetooth 4.0 system အသုံးပြုထားတဲ့ Stick 'N' Find စတေကာလေးများကို အထက်ပါ ပစ္စည်းများမှာ ကပ်ပေးလိုက်ပြီး၊ မိမိအသုံးပြုနေကျ ဖုန်းမှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။



                 
  အသုံးပြုဖို့ကတော့ Stick 'N' Find sticker ကို ရှာဖွေလိုသော ပစ္စည်းများပေါ်မှာ ကပ်ပေးထားပြီး၊ iPhone 4s, iPhone 5, New Ipad, iPad mini, New iPod touch နဲ့ Android 4.1 system သုံး device တစ်ခုခုမှာ Stick 'N' Find Application ကို install လုပ်ပေးထားရပါမယ်။ ပြီးလျှင် sticker နာမည် များကို configure လုပ်ပေးထားပြီး၊ ရှာဖွေလိုသော အချိန်မှာ Stick 'N' Find application ကိုဖွင့်ခါ ပေ ၁၀၀ အတွင်း ရှာဖွေပေးနိုင်ပါတယ်။ လဲလှယ်ပေးနိုင်တဲ့ CR2016 ဘက်ထရီ ပါဝင်ပြီး၊ သက်တမ်းကတော့ တစ်ရက်ကို ၃၀ မိနစ်အသုံးပြုပါက တစ်နှစ်ခံမယ်လို့ ဆိုပါတယ်။ လောလောဆယ် အားနဲချက်ကတော့ sticker ရဲ့ တည်နေရာ အရပ်မျက်နှာနှင့် အကွာ အဝေး ကိုအတိအကျ ဖေါ်ပြပေးနိုင်ခြင်းမရှိသေးပဲ၊ application radar မှာ sticker တစ်ခုပေါ်လာသည်နှင့် ရှေ့တိုးနောက်ဆုတ်လုပ်ခါ ချဉ်းကပ်ရှာဖွေရမှာဖြစ်ပါတယ်။ အသေးစိတ်ကို http://www.sticknfind.com/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top