Saturday 9 February 2013

လေးလံနှေးကွေးသော Android ဖုန်းများအတွက်ရှိထားသင့်သည့် Advaned Mobile Care 2.01


လေးလံနှေးကွေးနေသော Android device များအတွက် အသုံးဝင်သည့် Application တစ်ခုပါ။ Antivirus application, System booster application များစွာရှိသည့်အနက် ယခု iObit မှထုတ်လုပ်သည့် Advanced Mobile Care application ကတော့ Antivirus, နောက်ခံ background တွင်ပွင့်နေသော application များကို သတ်ပေးနိုင်သည့် Task Killer, Game ကစားရာတွင် ပိုမိုလျှင်မြန်စေမည့် Game booster, System repair, ဖုန်းနံပါတ်များ ကို သိမ်းဆည်းထားပေးနိုင်မည့် Cloud backup နှင့် ဖုန်းအတွင်းပါဝင်သည့် photo, video အပြင် အခြား file များကိုပါ encrypt လုပ်ခါ password ဖြင့် lock ချပေးထားနိုင်သော Privacy locker, Battery သက်တမ်းကို ကြာရှည်ခံစေနိုင်သည့် Battery saver စသည့်အလုံးစုံပါဝင်သော all-in-one application တစ်ခုဖြစ်ပါတယ်။


Scan button ကိုနှိပ်ခါ ဖုန်းအတွင်းရှိနေသော virus များ၊ Cache များ၊ junk file များ အားလုံးကို ရှာဖွေပေးနိုင်ပြီး၊ Repair button ကိုနှိပ်ခါ ရှင်းလင်းနိုင်သောကြောင့် ပိုမိုမြန်ဆန်လာစေပြီး၊ လေးလံနှေးကွေးနေသော Android ဖုန်းများအတွက် အဆင်ပြေစေပါတယ်။5 MB ရှိပြီး၊ Android OS version 2.2 နှင့်အထက်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်တွင်ပေးထားသော တိုက်ရိုက် Link မှ download လုပ်ခါ ဖိုင်ကိုဖြည်၍ com.iobit.mobilecare_20100 ဖိုင်ကို ဖုန်းအတွင်း ကူးယူခါ install လုပ်ပေးလိုက်လျှင် အသုံးပြုရန်အဆင်သင့်ဖြင်ပါပြီ။


အဆင်ပြေပါစေ
Fb မှာ like ပေးစေချင်ပါတယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top