Saturday 9 February 2013

ရိုးဖြူသန့်  ရှင်းသော ချစ်ခွန်းစကား



အမြင်သာဆုံးပြောရရင်....
ညင်သာနူးညံ့တဲ့ လေပြေညှင်းလေးဟာ
ပူအိုက်မောပန်းလို့  မလန်းဆန်းနိုင်သူတစ်ယောက်တွက်ေ
တာ့
အားအင်တစ်ခုပဲဆိုဆို လေ ...လန်းဆန်းအေးမြစေလောက်ပါရဲ့.....
..
လေးပြင်းကြီးမဟုတ်ခဲ့ရင်ပေါ့။

အမြင်သာဆုံးပြောရရင်.....
ရေတစ်ခွက်၊ ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲဟာ
ဆာလောင်လို့  မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက် အတွက်တော့
အသက်ရှည်အားဆေး တစ်ခုဖြစ်လောက်ပါရဲ့.......
အဆိပ်ခတ်ထားတဲ့အရာတွေ မဖြစ်ခဲ့ရင်ပေါ့။

အမြင်သာဆုံးပြောရရင်......
လိုချင်စရာအကောင်းဆုံး ရောင်းဈေးနှုန်းနဲ့ 
ချစ်စရာဒီဇိုင်းလှလှ ခပ်ကြွကြွ smarten ကျကျ
hand phone လေးကို လူလားမြောက်တဲ့
(17) နှစ်လောက် လူငယ်တစ်ယောက်
လက်ခံရလိုက်မယ်ဆိုရင် ၀မ်းသားပီတိဖြစ်နေမိလောက်ပါရဲ့.
.....
made in china (တရုပ်နိုင်ငံလုပ်) ဖုန်းစုတ်မဟုတ်ခဲ့ရင်ပေါ့။

ရိုးဖြူသန့် ရှင်း အပွင့်လင်းဆုံးပြောရရင်....
ပူလောင်မောပန်း နွမ်းလို့ မလန်းဆန်းသူက
ငါဆိုပါစို့ .............................
.........................
လေပြေလိုအေးမြ လန်းဆန်းလို့ တက်ကြွစေမဲ့
တိုက်ခတ်တိုးဝှေ့ ခြင်းမျိုးနဲ့  ငါ့ဘ၀ထဲကိုဝင်လာခဲ့ဖို့ ............

ဆာလောင်လို့ မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်က
ငါဆိုပါစို့ .............................
..........................
ရေတစ်ခွက်၊ ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲ လေးလောက်ပဲဖြစ်ဖြစ်
အသက်ရှည်ဆေးတစ်ဇွန်းလို
အားအင်ဖြစ်စေမဲ့ စကားလေးတစ်ခွန်းကို
ရင်ဝယ်ပိုက်ပီး ငါ့ဘ၀ထဲကို ၀င်လာခဲ့ဖို့ ..........

ကြိတ်ခဲမရဖြစ်နေတဲ့ စိတ်ထဲကခံစားချက်တွေကို
မြင်ကြားပါစေလို့  ဆုတောင်းရင်းရင်ထဲကသူ့ ကို
ပြောလိုက်တော့မယ်နော်..........
.........................
တအား “ချစ်နေမိပီ” လူမလေးရယ်။
ချစ်တယ်..............မင်းကြား
လား? မြင်းရဲ့လား?


ချစ်ရသူ လူမလေးရယ်........
လေးပြေညှင်းလေးပါပဲနော်......
လေပြင်းကြီးတွေ မဖြစ်လိုပါ။
ချစ်ရသူ လူမလေးရယ်......
အသက်ရှည်အားဆေးတစ်ဇွန်း စကားလေးတစ်ခွန်းပါပဲနော်.....
အဆိပ်ခတ်ထားတဲ့ အရာတွေတော့ မဖြစ်လိုပါ။
ချစ်ရသူလူမလေးရေ........
ဟန်ဆောင် လိမ်ညာမှု့ ကင်းတဲ့ ဖြူစင်ခြင်းတွေပါပဲနော်........
virus ပါပီးသား made in china ဖုန်းတွေ စက်ပစ္စည်တွေလိုဆိုရင်တော့
လက်မခံလိုပါ...................
...။
ရိုးဖြူသန့် ရှင်းပွင့်လင်းခြင်းနဲ့  ရိုးရိုးလေးပဲဖြေလိုက်ပါ
“ချစ်လား.......?????”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top