Monday 4 February 2013

လက်တွေ့ လက်ဆောင်ပေးနိုင်မယ့် Facebook ရဲ့ Gift Card လာတော့မည်

Facebook သူငယ်ချင်းများ အတွက် မွေးနေ့လိုနေ့မျိုးတွေမှာ Facebook built-in application တွေသုံးပီး လက်ဆောင်ပေး၊ မွေးနေ့ဆုတောင်း ပြုလုပ်နေသူများအတွက် ထို့ထက်ပိုမိုလက်တွေ့ဆန်သော လက်ဆောင်ပေးခြင်း တစ်ခုကို Facebook မှ စတင်စမ်းသပ်နေပါပြီ။ Newyork မြို့မှာရှိတဲ့ Target, Jamba Juice နှင့် Olive Garden အစရှိတဲ့ အထင်ကရ ဆိုင်တွေမှာ ဝယ်ယူသုံးစွဲနိုင်မယ့် facebook gift card ကိုစတင် စမ်းသပ်သုံးစွဲမှုတွေပြုလုပ်နေပါပြီ။ လက်ဆောင်ပေးတဲ့ အပိုင်းမှာ facebook အသုံးပြုသူ သူငယ်ချင်းများအချင်းချင်း ချောကလတ်များ၊ ပန်းစည်းများ အစရှိသည့် ပစ္စည်းများကို ပေးပို့နိုင်မျာဖြစ်ပါတယ်။ နောက်တစ်ပါတ် ကြာသာပတေးနေ့ကနေစတင်ပြီးတော့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအသုံးပြုနိုင်မယ့် facebook gift ကဒ်များကို စတင်အသုံးပြုနိုင်မယ် လို့ ကြေငြာထားပါတယ်။

ဤနေရာမှ လက်ဆောင်ပေးနိုင်မည်
ဤသို့ လက်ဆောင်ရရှိကြောင်းသိရှိနိုင်မည်
Facebook အသုံးပြုသူများအနေနဲ့ facebook သူငယ်ချင်း တစ်ယောက်ယောက်ကို လက်ဆောင်ပေးပို့လိုပါက ပေးပို့လိုတဲ့ သူငယ်ချင်းရဲ့ profile စာမျက်နှာမှာရှိတဲ့ gifts icon လေးကနေ ဝင်ရောက်ပေးပို့နိုင်မှာဖြစ်ပါတယ်။ လက်ဆောင်ပေးပို့ခြင်းအပြင် facebook gift card များကိုပါ တိုက်ရိုက်ပေးပို့နိုင်ပြီး၊ ကဒ်တစ်ကဒ်ထဲမှပင် မိမိပိုင် အခြားကဒ်များ၏ တန်ဖိုးကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ကဒ်လက်ကျန်ငွေ ပမာဏ အပြောင်းအလဲကိုလည်း facebook mobile version မှာရော desktop version မှာပါ အချိန်တိကျစွာ notify ပြုလုပ်ပေးနိုင်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အဆင်ပြေပါစေ

Fb မှာ like လေးပေးခဲ့စေချင်ပါတယ်

ref: mashable.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top