Tuesday 26 February 2013

Firefox Version 18 ထွက်ရှိ




အရင် Firefox Version များနှင့်မတူဘဲ အသစ်အသစ်သော upgraded လုပ်ထားသည့် Browser တစ်ခုအဖြစ် Firefox 18 ထွက်ရှိလာပါပြီ။ Firefox 18 က Browsing Speed ကို ပို၍ မြန်ဆန်စေပြီး အရင် Version များနှင့် ကွာခြားသည့် Feature အသစ်များစွာ ပါရှိလာပါသည်။ ထူးခြားတာ တစ်ခုကတော့ Firefox ရဲ့ JavaScript Engine ကို အသစ်ပြောင်း လဲလိုက်ခြင်း ပဲဖြစ်ပါတယ်။ 


IonMonkey လို အမည်ရတဲ့ Compiler က JavaScript ရဲ့ Performance ကို သိသိသာသာ ပြောင်းလဲစေပါတယ်။ Mac user များအတွက်တော့ Firefox 18 က Retina Support Feature ကိုပါ ထည့်ပေးထားပါတယ်လို့ Mozilla ကပြောကြားလာပါတယ်။ သာမာန် Screen များထက် သုံးဆ (သို့) လေးဆပို၍ ကြည်ကြည်လင်လင် မြင်သာလာမှာပါ။ 


ထို့အပြင် Andriod အတွက်လည်း Mozilla က Mobile Version ကို Upgrade လုပ်ပေးလိုက်ပါပြီ။ Mobile Version တွင် Anti-Malware/ Anti-Phishing Filter များကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်စုံက Upgrade လုပ်ထားတဲ့ Mozilla Firefox က Google Chrome, Internet Explorer တို့နှင့် ဘယ်လိုပြိုင်ဆိုင်မယ်ဆိုတာကတော့ အသုံးပြုပြီး ခန့်မှန်းကြည့်ရအောင်ဗျို့။ Download ဆွဲချင်ရင်တော့... http://www.mozilla.org/en-US/ မှာသွားရောက် ရယူနိုင်ပါတယ်။ 

အဆင်ပြေပါစေ
သိသမျှတက်သမျှတွေ့သမျှကိုပြန်လည်တင်ပြပေးတာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top