Friday 1 February 2013

Internet Shortcut တစ်ခု ဖန်တီးနည်း



ကဲ  Internet Shortcut တစ်ခုဖန်တီးနည်းလေးကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလေးကို ပထမဦးဆုံး

စတင် စိတ်ဝင်စားခဲ့တာက ကြာပါပြီ။ နည်းပညာ ဆိုဒ်တစ်ခုက ဆော့ဝဲလ်တစ်ခုကို ဒေါင်းရင်း အဲဒီဖိုင်လေးထဲမှာ

ပါလာတဲ့ ဖိုင်လေး တစ်ခုကို နှိပ်ကြည့်လိုက်တော့ သူ့မူရင်း ဆိုဒ်ကို ဒါရိုက် ရောက်သွားတယ်။ Internet Shortcut လို့လည်း

မသိခဲ့ပါဘူး။ အဲလို လုပ်နည်းလေးကိုတော့ အရမ်းလုပ်တတ်ချင်ခဲ့တာပါ။ မနေ့က သိချင်တာလေး တစ်ခု Google မှာ ရှာရင်းနဲ့

ဒီနည်းလေးကို တွေ့ခဲ့ပြီးတော့ ခု သူငယ်ချင်းတို့ကို ပြန်လည်မျှဝေပေးတဲ့ သဘောပေါ့နော်..


ကိုယ် အမြဲ ဝင်နေကျ ဆိုဒ်တစ်ခုကို ပုံမှန်အတိုင်းဆိုရင် ဆိုဒ်လိပ်စာ ရိုက်ပြီးတော့ ဝင်ရတာပါ။ ကိုယ်က Internet Shortcut လေး

ဖန်တီးထားမယ်ဆိုရင် အဲဒါကို နှိပ်လိုက်တာနဲ့ ဆိုဒ်ကို ဒါရိုက် ရောက်ပါမယ်။ နောက်ပြီးတော့ ကိုယ်က ဆော့ဝဲလ်ဝဲလ်တို့ တစ်ခြား

ဖိုင်တစ်ခုခုတို့ Upload တင်မယ်ဆိုရင် အဲဒီ Internet Shortcut လေး ထည့်ပေးထားတဲ့အခါကျတော့ ကိုယ့် Download လင့်ကို

တစ်ခြားလူတွေ ကော်ပီကူးပြီး တင်ထားရင်တောင် ဒေါင်းသွားတဲ့လူ ဖွင့်လိုက်တာနဲ့ မူရင်း ဘယ်သူ Upload တင်ထားသလဲဆိုတာ

သိနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲလိုပဲ လုပ်ပါတယ်။ သူများတွေလို Password ခံတာတွေ ဘာတွေ မလုပ်ပါဘူး။

ကဲ သူငယ်ချင်းတို့ စိတ်ဝင်စားတယ် လုပ်ချင်တယ်ဆိုရင်တော့ Internet Shortcut တစ်ခု ဘယ်လို ဖန်တီးရသလဲဆိုတာလေး

ပြောပြပေးပါမယ်။ ပထမဦးဆုံး ကိုယ့် ကွန်ပျူတာ Desktop ပေါ်မှာ Right Click လုပ်လိုက်ပါ။ New ပေါ်မှာ မောက်တင်ပြီးတော့

 Shortcut ကို နှိပ်လိုက်ပါ။ အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ်။




အောက်က ပုံလေးလို တက်လာပါလိမ့်မယ်။ ကိုယ့်ဆိုဒ်လင့် (သို့) ကိုယ်သွားချင်တဲ့ ဆိုဒ်လင့် တစ်ခု ထည့်ပြီးတော့ Next ကို နှိပ်ပါ။





အောက်က ပုံလေးလို ထပ်တက်လာပြီဆိုရင် ဖိုင် နာမည်လေးပေးပြီးတော့ Finish ကို နှိပ်လိုက်ရုံပါပဲ။





အားလုံး လုပ်ပြီးသွားပြီဆိုရင်တော့ သင့်ရဲ့ ကွန်ပျူတာ Desktop ပေါ်မှာ ခုနက ဖန်တီးလိုက်တဲ့ Internet Shortcut လေး

ပေါ်လာပါလိမ့်မယ်။ ကျွန်တော့်ဆိုဒ်ကို အမြဲ လာလည်ကြတဲ့ သူငယ်ချင်းများ ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းယူလိုက်ပါ။




ကျွန်တော် ဖန်တီထားတဲ့ ပုံလေးပါ။ အဲဒါကို  နှိပ်လိုက်တာနဲ့ ကိုယ်ထည့်ထားတဲ့ ဆိုဒ်လင့်ကို ဒါရိုက် ရောက်သွားမှာပါ။

အဲဒီဖိုင်လေးကို Win RAR နဲ့ ချုပ်လိုက်မယ်ဆိုရင်တော့ အောက်က ပုံလေးလို ပေါ်နေပါလိမ့်မယ်။




လုပ်နည်း အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ အားလုံးပဲ နားလည်ပြီး လုပ်တတ်လိမ့်မယ်လို့ ထင်ပါတယ်။
အဆင်ပြေပါစေ
ကိုသူရိန်ဘလော့ မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top