Wednesday 27 February 2013

''iPhone မှာ App တွေအများကြီး သွင်းထားပေမဲ့ Phone ကမလေးဘူး၊ သွက်သွက်လေး၊ Battery ကလဲအကြာကြီး ခံတယ်၊ Android ကတော့အဲလိုမဟုတ်ဘူး'' အဲလိုပြောတဲ့သူ/အပြောခံရတဲ့ သူတွေအတွက် (Greenify Apk for Android)


''iPhone မှာ App တွေအများကြီးသွင်းထားပေမဲ့ Phone ကမလေးဘူး၊ သွက်သွက်လေး၊ Battery ကလဲအကြာကြီးခံတယ်၊ Android ကတော့အဲလိုမဟုတ်ဘူး'' အဲလိုပြောတဲ့သူ/အပြောခံရတဲ့ သူတွေအတွက် Android ဖုန်းသုံးတဲ့သူတိုင်း မဖြစ်မနေဆောင်ထားသင့်တဲ့ App လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ ဟိုတနေ့ကပဲ ကျွန်တော် နှေးကွေးလေးလံတဲ့ Android ဖုန်းကို အမြန်ဆုံးဖြစ်အောင်လုပ်ကြမယ်ဆိုပြီး SuperCharger နည်းလမ်းကိုရေးပေးခဲ့ပါတယ်။ ခုနောက်ထပ်နည်း လမ်းလေးတစ်ခုကိုတွေ့လို့/ ကောင်းလဲကောင်းလို့ ညွှန်းပါရစေအုံး။ ဒါပေမဲ့ Android ကို Full Access ရဖို့ Root လုပ်ပြီးဖြစ်ရပါမယ်။ SuperCharger နည်းကလည်း Root လိုပါတယ်။ လုပ်ရပိုခက်ပါတယ်။ ခုညွှန်းပေးချင်တဲ့နည်းလေးကတော့ လွယ်ပါတယ်။ အောက်က Link မှာ Greenify ver 1.4 နဲ့ Ver 1.41 (၂)ခုကို Zip လုပ်ပြီးတင်ပေးထားပါတယ်။ အဲဒီ APK နှစ်ခုထဲက တစ်ခုကို Phone မှာသွင်းလိုက်ရုံပဲ။ သွင်းပြီးရင် App List မှာ သစ်ရွက်ပုံ Greenify app လေးတွေ့ပါမယ်။ သူ့ကို Run, သူပြောတဲ့အတိုင်းဆက်လုပ်-- ဟီး ( ညာဘက်အပေါ်ထောင့်က + ကိုနှိပ် )၊ Battery စားစေတဲ့ App တွေ၊ Memory သုံးတဲ့ App တွေကိုသူက Hibernated လုပ်ထားမယ်။ Hibernate လုပ်ထား လို့ဖုန်းကပိုသွက်ပြီး Battery မကုန်တာပါ။ အဲဒီလိုလုပ်ထားခံရတဲ့ App ကိုပြန် Run ရင်လဲပိုမြန်မြန်တက်မယ်။ ကျွန်တော်တို့ Computer ကို Hibernate လုပ်ထားတာနဲ့ တူပါတယ်။ ဒါဆိုရင် Android ဖုန်းသုံးတဲ့သူတိုင်း ဆောင်ထားသင့်ပြီ မဟုတ်လား။ ( မူရင်းစာမှာ----No more envy of your friends' iPhone which never become slow and battery hungry after lots of apps installed. With Greenify, your Android device can also run almost as smooth and lasting as the first day you have it! Greenify help you identify and put the bad behaving apps into hibernation when you are not using them, stop them from battery leeching, memory hogging and stealthy running, in an elegant and unique way! They could do nothing without your explicit launch, while still have full functionality when running in foreground. Like what iOS apps act! )အဲဒီလို ရေးထားပါတယ်ဗျာ။--
အသေးစိတ်ဖတ်ချင်သေးရင် http://forum.xda-developers.com/showthread.php?t=2155737 မှာသွားဖတ်နိုင်ပါတယ်။
လိုချင်ရင်အောက်က Link မှာယူကြပါ။ 128 KB ပဲရှိပါတယ်။
                  အဆင်ပြေပါစေ
သိသမျတက်သမျှတွေ့သမျှကိုပြန်လည်မျှဝေပေးတာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top