android phone and tablet တွေကို root မလုပ်ဘဲ မြန်မာဖောင့်
သွင်းကြည့်မှာပါ အလွယ်ကူဆုံးနည်း ဖြစ်ပါတယ်။ ဒါပေမဲ့ root မလုပ်တဲ့ အတွက်
ဆိုးကျိုးတွေကတော့folder တွေ data တွေကို တော့မြန်မာလို နာမည်ပေးလို.လဲမရ
မြင်လို.လဲ ရမှာတော့မဟုတ်ပါဘူး ကောင်းကျိုးတွေကတော့ browser တွေမှာ
မြန်မာစာ မြင်နိုင်ခြင်း မြန်မာလိုစာရိုက်လို.ရခြင်း
မြန်မာလိုရေးသားထားတဲ့ ဆော့ဝဲတွေ အားလုံး ကို မြန်မာလို ဖတ်ရှူ.နိုင်ခြင်း
စတဲ့ ကောင်းကျိုးတွေတော့ ရလာမှာပါ။ ဒီပိုစ်လေးကို beginner များအတွက်သာ
ရည်ရွယ်ပါတယ်။ ကဲ အရင်ဆုံး အောက်က ဆော့ဝဲလေးကို အရင်ဒေါင်းပါ။
ဒီကိုကလစ်နှိပ်ပီးဒေါင်းပါ။
ပီး ရင်တော့ ဖုန်းထဲကို install လုပ်ပါ။install လုပ်ပီးရင်settingထဲကို
ဝင်ပါ။language and keyboardထဲကို သွားပါ။select input methodထဲမှာFrozen
Keyboard ကို check ပေးပါ။ပီးရင် back ဘက်တမ်လေးကိုနှိပ်ပါ။
keyboard settingထဲမှာ frozen keyboardကို check ပေးပါ။ဒါဆိုရင် မြန်မာစာ
ရိုက်ဖို.အတွက် ကီးဘုတ်သွင်းတာ ရသွားပါပီ။ နောက်ထပ်တစ်ခုအနေနဲ. အောက်က
ဆော့ဝဲလေးနှစ်ခုကို ဒေါင်းပါ
fontchanger အားဒေါင်းရန်
zaw-gyi one.ttfအားဒေါင်းရန်
အပေါ်ကနှစ်ခုကိုဒေါင်းပီးရင်နှစ်ခုစလုံးအား ဖုန်းsd ကတ်ထဲသို. သွင်းပါ။
fontchanger.apk ကို phone ထဲမှာ install လုပ်ပါ။ ပီးရင် ဖွင့်လိုက်ပါ။
ဘောက်စ်တစ်ခု ကြလာရင် continue ကို နှိပ်ပါ။ ပီးရင် Zaw-gyi one.ttf ဆိုပီး
ဖောင့်လေးကို တွေ.ရပါလိမ့်မည် ထိုဖောင့်ပေါ်ခပ်ကြာကြာဖိထားလိုက်ပါ ပီးရင်
ပေါ်လာတဲ့ ဘောက်စ်ထဲမှ set ကိုနှိပ်လိုက်ပါ။ reboot ကျသွားပါလိ့မ်မည်
တက်လာသောအခါတွင် အဆင်ပြေစွာဖြင့် browser မှမြန်မာ ဆိုဒ်များကို
ဖွင့်ကြည့်ပါ မြန်မာစာများကို ထင်ရှားပြတ်သားစွာ မြင်ရပါလိမ့်မည်။ ဒါပေမဲ့
folder တွေ data တွေကိုတော့မြန်မာလို နာမည်ပေးလို.မရပါ ဘာလို.လဲဆိုတော့
root မလုပ်ရသေးသောကြောင့်ပါ အားလုံးအဆင်ပြေကြပါစေ။
No comments:
Post a Comment