Friday 1 March 2013

wi-fi signal မြင့်ပြီးသုံးချင်သူများအတွက်

ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကိုပန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..



အရင်ဆုံး မိမိတို့ သောက်ပြီးသား Coca cola ဗူးခွံကိုပဲဖြစ်ဖြစ် Beer ဗူးခွံကိုပဲဖြစ်ဖြစ် ယူလိုက်ပါ .. ပြီးရင် ရေစင်အောင် ဆေးပေးလိုက်ပါ .. အနံတွေဘာတွေ ပျောက်သွားအောင်လို့ပါ .. 


ပြီးရင်အောက်က ပုံမှာပြထားသလို ဗူးခွံရဲ့ အပေါက်လေးမှာ ရှိတဲ့ အပိတ်လေးတွေ ကျန်ခဲ့တာရှိရင် ဖယ်ထုတ်ပလိုက်ပါ ..

ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဗူးခွံရဲ့ နောက်ပိတ်ပိုင်းကို ဖြတ်ထုတ်ပလိုက်ပါ .. 

အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် အနေနဲ့ ဖြတ်လိုက်တဲ့ နောက်ပိတ်ပိုင်းကနေ ဘေးနှစ်ဘက်ကို ညီအောင်ညှိပြီး အရှည်လိုက် ဗူးခွံအဖုံးစပ် အထိရောက်အောင် ခွဲချလိုက်ပါ ..


ပြီးသွားပြီ ဆိုရင်တော့ စောစောက ဗူးခွံရဲ့ အပေါက်လေးကို ကျွန်တော်တို့ အသုံးပြု နေတဲ့ Wi-Fi Moden ရဲ့ antenna လေးမှာ တင်ဆင်ပေးလိုက် ယုံပါပဲ ..


 
 ဒီလောက် ဆိုရင်တော့ မိမိတို့ Wi-Fi Signal ကိုမြှင့်ပြီး အသုံးပြုချင်သူတွေအတွက် စမ်းသပ်ကြည့်လို့ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ကျေးဇူးတင်ပါတယ်
  အဆင်ပြေကြပါစေ
သိသမျှတွေ့သမျှတက်သမျှကိုပြန်လည်မျှဝေတာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top