Saturday, 15 December 2012

ကွန်ပြူတာကနေ တယ်လီဖုန်းကို Message လေးတွေ အခမဲ့ ပို့လို့ရတယ်

 ကျနော်ကလဲ ပြည်ပရောက်နေတဲမြန်မာတွေအတွက်ပါ မိဘ ချစ်သူ သူငယ်ချင် အပေါင်သင်တွေဆီကို သတိရတဲ့အကြောင်း massage free ပို့ရအောင်လိုပါ ကျနော်ကလဲ free ဆိုရင်အလွင်စိတ်ဝင်စာတာ
တယ်လီဖုန်းကနေ message လေးတွေ ၊ ပို့ချင်တဲ့ သတင်းအချက်အလက် လေးတွေကို ပို့ရတာ တော်တော်အဆင်ပြေတဲ့ အချက်ပါ ။ ဒါပေမယ့် တယ်လီဖုန်းပေါ်က ခလုတ်လေးတွေဟာ သေးသေးလေးတွေ ဆိုတော့ အလေ့အကျင့် မရှိသူ အတွက်ကတော့ ပို့ချင်တဲ့စာကို ရိုက်ရတာ အတော်လေး လက်ဝင်လှပါတယ် ၊ ကွန်ပြူတာရဲ့ keyboard ကနေ message လေးတွေကို ရိုက်ပြီး ပို့နိုင်မယ်ဆိုရင်တော့ စာရိုက်ရတာ ပိုပြီးလွယ်ကူ မြန်ဆန်တာပေါ့ ၊ အဲလိုမျိုး ကွန်ပြူတာကနေ တယ်လီဖုန်းကို message ပို့နိုင်တဲ့ နေရာလေးကို ကျနော်တွေ့ထားပါတယ် ၊ အခမဲ့သုံးခွင့်လည်း ရဦးမယ်ဆိုတော့ ပိုကောင်းတာပေါ့ ၊ message လေးတွေ ဟိုပို့ဒီပို့ ပို့ချင်သူတွေအတွက် အတော်ပါပဲ ၊ အဲဒီနေရာနဲ့ သုံးစွဲပုံလေးကို လက်ဆင့်ကမ်း လိုက်ပါတယ်.. ပထမဆုံးကတော့ ဟောဒီအောက်ကနေရာလေးကို သွားလိုက်ပါ ၊

                  http://freemasti.me/sms.php

  ဟောဒီပုံလေးထဲကလို ဖြည့်ရမယ့်အကွက်လေးတွေ တွေ့မယ် ၊ (၁) Select country: မှာ ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ ဘေးချင်းယှဉ်နေတဲ့အကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ.. ကိုရီးယားဆို 82 ၊ မြန်မာဆို 95 စသည်ဖြင့်ပေါ့ (၂) လက်ခံမယ့် ဖုန်းနံပါတ်ကို ဆက်ဖြည့်လိုက်ပါ ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို ဖုန်းခေါ်သလိုပဲ ဖြည့်ရမှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို ချန်ထားခဲ့ရမှာဖြစ်ပါတယ် ၊ ဥပမာ..ကိုရီးယားက သူငယ်ချင်းတစ်ယောက်ကို message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 010 6017 4235 ဆိုရင် ပို့တဲ့အခါ 821060174235 လို့ရိုက်ပါ (၃) Write your message here လို့ရေးထားတဲ့ အကွက်လေးမှာ ရေးချင်တာတွေရေးပြီး Send SMS Now ကို နှိပ်လိုက်ပါ ။ တစ်ခါတရံမှာ CAPTCHA လို့ခေါ်တဲ့ စာလုံးမှန်အောင် ရိုက်ရတဲ့အကွက် လေးတွေ ရှိနိုင်ပါတယ် (အခုတော့ captcha မတွေ့ဘူး) ဒါဆိုရင် စာလုံးကို မှန်အောင်ရိုက်မှ ပို့လို့ရပါမယ် ၊ ကိုယ့်ဖုန်းနံပါတ်ကို message ပြန်ပို့ပြီး အရင်ဆုံးစမ်းကြည့်ပါ ၊ ပို့သူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ဖို့မလိုတဲ့အတွက် message ၀င်လာတဲ့အခါမှာလည်း ဘယ်သူက ပို့လိုက်တယ် ဆိုတာ သိမှာမဟုတ်ပါဘူး ၊ သိစေချင်တယ်ဆိုရင် message ထဲမှာ ထည့်ရေးလိုက်ရမှာဖြစ်ပါတယ် ။ ကဲ.. အခမဲ့ရတဲ့ message လေးတွေနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ..
ဘလော့ရေးသားချက်ကိုတင်သွင်းသူကတောိ့ကိုဇေယျာ ဖြစ်ပါတယ်။( အရူးလွယ်အိတ် )မှဖြစ်ပါတယ်....
                                                             ကျွန်တော်မှပြန်လည်မျှဝေပါတယ်
                                             သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါတယ်...မင်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top