
ကျွန်တော့်တို့ အခုနောက်ပိုင်း Windows 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစုက Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်...။
ဒီနေရာလေးမှာ ဘာတွေပြဿနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar Text ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ်...။
အဲ့ဒီအတွက် ကျွန်တော်တို့အနေနဲ့ Unicode ကိုပဲ အသုံးပြုနေတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး... ဒါပေမယ့် အများစုက ဇော်ဂျီဝမ်းကိုသာ အသုံးပြုနေတဲ့အချိန်မှာ Folder Rename ကို Zawgyi-one နဲ့ပေးထားလို့ Windows 8 မှာဖောင့်တွေ ပြောင်းပြန်တွေပေါ်နေတာတွေ G-talk ပြောတဲ့အခါ ပြန်မာလို့ ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေဖြစ်နေတာကို ကျွန်တော့် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ်...။
ကျွန်တော်တို့ Keymagic ကို သုံးနေတဲ့ သူတွေအတွက်က ပြဿနာမရှိပေမယ့် မသုံးဖူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်ခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါ့မယ်...ဘာမှတော့ မခက်ပါဘူး...အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ပို့အတွက် Microsoft Visual C++2008 Redistributable Package ကို အရင် Install လုပ်ပေးပို့ လိုအပ်ပါတယ်...။
32 Bits Users တွေကတော့ ဒီအောက်က လင့်ခ်လေးမှာ ဒေါင်းလော့လုပ်လိုက်ပါ....။
!! ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ !!
64 Bits Users တွေကတော့ ဒီအောက်က လင့်ခ်လေးမှာ ဒေါင်းလော့ လုပ်လိုက်ပါ...။
!! ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ !!
Keymagic ကိုတော့ ဒီအောက်ကလင့်ခ်မှာ ဒေါင်းလော့ ယူလိုက်ပါ...။
!! ဆော့ပ်ဝဲလ်ဒေါင်းရန်နှိပ်ပါ !!
အားလုံးကို ဒေါင်းလော့ လုပ်ပြီးရင် Microsoft က ဒေါင်းလော့လုပ်ထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ...ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ...ဒါဆိုရင်အဆင်ပြေသွား ပါလိမ့်မယ်...ကျွန်တော် တစ်ချက်ပြောပို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှ မထူးပါဘူး...Install လုပ်ပေးလိုက်ပါ..
ဒါဆိုရင် ကျွန်တော့်တို့ Computer မှာ Myanmar Text Zawgyi-One နှစ်မျိုးစလုံး အသုံးပြုလို့ ရသွားပါပြိး...Keymagic ကို အသုံးပြုရတာလွယ်ပါတယ်...ကျွန်တော်တို့ Zawgyi-One ကို အသုံးပြုမယ်ဆိုရင် အရင် Windows 7 က အတိုင်း အသုံးပြုရုံပါပဲ...Keymagic နဲ့ Unicode Font ကို ပြောင်းသုံးချင်ရင်တော့ Keyboard မှ Shift +Ctrl +Z ကိုနှိပ်လိုက်ပါ...ဒါဆိုရင် ကျွန်တော်တို့က keydoard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင့်နဲ့ သူ့အလိုလိုပြောင်းသွားပါလိမ့်မယ်...Convert လုပ်ပေးတာပါ...ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီးလို့ ထင်ပါတယ်ဗျ....။

ကျွန်တော်တို့ Folder တွေမှာ မြန်မာလို Zawgyi-One ဖောင့်နဲ့ မပေါ်တော့တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကို သွားချိန်းပေးလို့မရပါဘူး...အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi-One ဖောင့်နဲ့ Rename ပေးထားတာတွေကို Keymagic သုံးပြီး Myanmar Text နဲ့ပြန်ပြီး Rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ်...
နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ မြန်မာလိုပေါ်သော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေပါလိမ့်မယ်...အဲ့ဒီအတွက် ကျွန်တော်တို့က Gtalk က Setting ထဲမှာ Zawgyi-One ဖောင့်ကို သွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်ဗျ...!
တိုင်ပတ်နေသောသူငယ်ချင်းများ အဆင်ပြေနိုင်ပါစေဗျာ.
No comments:
Post a Comment