Friday 25 January 2013

ဧပြီလ ၂၀၁၃ ကျရင် Samsung Galaxy S4 ထွက်မည်

http://pyae-phyo.blogspot.com
Samsung Galaxy ရဲ့ မျိုးဆက်အသစ် ဒီနှစ်ထဲမှာလာတော့မယ်ဆိုတာက သတင်းကောင်းတစ်ရပ်ပါပဲ။ Samsung Galaxy S4 ဟာ ဧပြီလ ၁၅ရက်နေ့မှာ တရားဝင်ထုတ်လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာကတော့ သင်္ကြန်ဖြစ်နေပြီးတော့ မြန်မာ့နှစ်သစ်ကူးတော့မှာပါ။ မြန်မာ့နှစ်သစ်ကူးမှာ Samsung Galaxy S4 တစ်လုံးဝယ်နိုင်ပါစေ။

အရင်ထုတ်လုပ်ခဲ့တဲ့ S3 ဟာ မကြာမီ ထုတ်လုပ်တော့မယ် S4 ကိုမမှီသေးပါဘူး။ Samsung Galaxy S4 က တခြားဖုန်းတွေနဲ့အပြိုင်အဆိုင်ဖြစ်နေပါတယ်။ အရင် Samsung ဖုန်းတွေက ဖုန်းဖွင့်တော့မယ်ဆိုရင် စောင့်နေရပါတယ်။ Samsung Galaxy S4 လည်း မကြာမီ Samsung Galaxy S3 လိုအရောင်းများမယ်လို့ ယူဆထားပါတယ်။

Nokia Lumia 920 (သို့မဟုတ်) Droid DNA သုံးနေသောကိုကိုကြီး မမကြီးတို့ကတော့ Wireless Charging Station နဲ့ အဖုံး ကိုယ့်ဘာသာကိုယ် ငွေထပ်အကုန်ခံပြီးဝယ်ရမှာဖြစ်ပါတယ်။ Samsung Galaxy S4 ၀ယ်တဲ့သူကတော့ အထက်ပါအတိုင်း အလကားနေရင်ဝယ်နေစရာမလိုတာပါပဲ။

ထူးခြားတာကတော့ ၂,၆၀၀ mAhဘက်ထရီရရှိမှာဖြစ်ပါတယ်။ S3 ဟာ ၂,၁၀၀ mAhဘက်ထီရီသာရှိတဲ့အတွက် နောက်ဆုံးထွက်ပေါ်မယ့်ဖုန်းဟာရေရှည်ပိုခံပါတယ်။

ဧပြီလ ၁၅ရက်မှာ ထွက်မယ်ဆိုပေမယ့် U.S မှာပဲအရင်ဦးဆုံးစပေါ်မှာပါ။ ဖုန်းထုတ်လုပ်ချိန်ကတော့ မတူပါဘူး။ အဲ့ဒီဖုန်းကတော့ အပတ်ပိုင်းလေးအတွင်း တခြားနိုင်ငံမှာ ထုတ်လုပ်မယ်ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာကတော့ ရ မရမသိပါဘူး။

ဒီသတင်းဟာ ကောလဟာလ မဟုတ်ပါဘူးလို့ SamMobile ကတင်ပြထားပါတယ်။

ref : news.cnet.com


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top