Friday 25 January 2013

မျက်မမြင်တွေအတွက် Smart Phone

http://pyae-phyo.blogspot.com

မျက်မမြင်တွေ သွားရေး လာရေးနဲ့ စာဖတ်ဖို့ တို့အတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် စမာ့တ်ဖုန်း ဈေးကွက်ထဲ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဂျော်ဂျီ (Gerogie) လို့ ခေါ်တဲ့ ဒီဖုန်းကို တခြား စမာ့တ်ဖုန်းတွေလိုပဲ မျက်နှာပြင်ကို လက်နဲ့ ထိတို့ အမိန့် ပေးလို့ ရသလို၊ ဖုန်းကနေ အသံနဲ့ ပြန်လည် ပြောပြပေးမှာလည်း ဖြစ်ပါ တယ်။


ဒါ့အပြင် မျက်မမြင်တွေ ဘတ်စကား မလွတ်ရအောင်၊ စာဖတ်လို့ ရအောင်နဲ့ တည်နေရာ ရှာဖွေမှုတွေ အတွက်လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

အမှန်မှာတော့ (Georgie) ဂျော်ဂျီ ဆိုတာဟာ မျက်မမြင်တွေ အသုံးပြုနိုင်မယ့် ပရိုဂရမ်လေးတွေ အများအပြား ပါဝင်တဲ့ ဆော့ဖ်ဝဲ တခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို ယခု လက်ရှိ Andorid OS သုံး Samsung XCover နဲ့ Galaxy Ace 2 တို့လို Smart ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဂျော်ဂျီ ဈေးနှုန်း

ဂျော်ဂျီ အသင့်ထည့်ပြီးသား Android Smart တစ်လုံးကို ၂၉၉ ပေါင် နှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျော်ဂျီ ဆော့ဖ်ဝဲ ပဲ သီးသန့် ဝယ်ယူချင်ရင်တော့ ၁၄၉ ပေါင်နဲ့ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

ခရီးသွားလာရေး၊ နေ့စဉ်လုပ်ငန်းတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်တွေလို တခြား အသုံးပြုနိုင်တဲ့ ပရိုဂရမ်တွေ အတွက် တစ်ခုကို ၂၄.၉၉ ပေါင် ပေးရမှာ ဖြစ်ပါတယ်။


မျက်မမြင်အနေနဲ့ အသံနဲ့ ဖုန်းနံပါတ်ကို ပြောထည့်ပြီး ဖုန်းဆက်လို့ ရမှာ ဖြစ်သလို၊ text ပို့ချင်ရင်လည်း အသံနဲ့ ပြောထည့်လို့ ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Smart Phone ကိုဘယ်သူတီထွင်ခဲ့သလဲ??

ဒီဖုန်းကို အင်္ဂလန်က ပီတာဘရာ မြို့မှာ ရှိတဲ့ မျက်မမြင် Wilson-Hinds ဇနီးမောင်နှံ ကနေ တီထွင် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် ဖုန်းနာမည်ကို မစ္စစ် Wilson-Hinds ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လမ်းပြခွေးရဲ့ နာမည် Georgie ဂျော်ဂျီ ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။


http://pyae-phyo.blogspot.com
မစ္စစ် Wilson-Hinds လမ်းပြခွေးရဲ့ နာမည် ဂျော်ဂျီ ကို ဖုန်းအတွက် သုံးလိုက်တာ ဖြစ်ပါတယ်
credit : bbc.co.uk/burmese/




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
back to top